အမျိုးအမည်မသိ ယာဉ်ပျံ

ဝီကီပီးဒီးယား မှ
နယူးဂျာစီတွင် တွေ့ရသည် ယူအဖ်အို(UFO) တစ်စင်း

အရာဝတ္ထုတစ်ခုသည် ကောင်းကင်တွင် ပျံသန်းနေပြီး ၎င်းအရာအား မြင်သည့် ပုဂ္ဂိုလ်က မည်သည့်အရာဖြစ်သည်ဟု အတိအကျခွဲခြားမရနိုင်ခြင်း ဖြစ်ရသည့် အရာဝတ္ထုမျိုးကို အမျိုးအမည်မသိ ယာဉ်ပျံ (အင်္ဂလိပ်:Unidentified Flying Object) ဟုခေါ်ကြသည်။ အင်္ဂလိပ်ဘာသာဖြင့် ယင်းစာလုံးအားအတိုကောက်အနေဖြင့် UFO ဟု ခေါ်ဝေါ်ကြသည်။

အမျိုးအမည်မသိ ယာဉ်ပျံများ( Unidentified flying object (UFO)[ပြင်ဆင်ရန်]

လေ့လာသူများက မှတ်ချက်ပေးသည်မှာ UFO(Unidentified flying object)အမြင်များကို နောက်ပိုင်းတွင် ခွဲ့ခြားနိုင်သည်ဖြစ်ပြီး မှတ်တမ်းအားလုံး၏ ၅၀-၉၀ ရာခိုင်နှုန်းဖြစ်သည်။ မှတ်တမ်း၏ ၁၀-၂၀ ရာခိုင်နှုန်းမှာ ခွဲခြားမရနိုင်ပါဟု ဆိုကြလေခြင်း ဖြစ်သည်။ လေ့လာသူအများစုက အလွန်နည်းသော ယူအဖ်အို အမြင်များမှာ လူတို့၏လှည့်ကွက်တစ်ခုဖြစ်သည်ဟုလည်း ပြသခဲ့ကြသည်။ အမှန်တကယ်အားဖြင့် ယူအဖ်အိုအများစုမှာ လူလုပ်အရာ သို့မဟုတ် သဘာဝအတိုင်းဖြစ်ပြီး အမြင်မှာ အံ့ဩစရာကောင်းသည်။

အမျိုးအမည်သိ ယာဉ်ပျံများ ( Identified flying objects (IFOs)[ပြင်ဆင်ရန်]

IFOsများ၏ ၈၀-၉၀ ရာခိုင်နှုန်းမှာ အောက်ဖော်ပြပါ မတူညီသည့် အရာမသုံးခုမှ တစ်ခုဖြစ်ပြီး ခွဲခြားနိုင်သည်။

  1. အာကာသအတွင်းရှိဖြစ်စဉ်များ (ဥပမာ-ဂြိုဟ်များ၊ ကြယ်များ၊ ဥက္ကာပျံများ)
  2. လေယာဉ်ပျံများ
  3. ဖူဖောင်းများ(မိုးလေဝသဖူဖောင်းအပါအဝင်) တို့ဖြစ်သည်။

IFOsများ၏ ၁၀-၂၀ ရာခိုင်နှုန်းသည် အခြားအကြောင်းကြောင့်ဖြစ်နိုင်သည်။ (ဥပမာ-ငှက်၊ တိမ်များ၊ ဆလိုက်မီးများ၊ သဘာဝအတိုင်းဖြစ်သည် မြင်ကွင်းများ၊ အစရှိသဖြင့်)

ကိုးကား[ပြင်ဆင်ရန်]

Allan Hendry, The UFO Handbook: A Guide to Investigating, Evaluating, and Reporting UFO Sightings, 1979, Doubleday & Co., ISBN 0-385-14348-6

အခြားအကြောင်းအရာများ[ပြင်ဆင်ရန်]