အမျိုးအမည်မသိ ယာဉ်ပျံ
အရာဝတ္ထုတစ်ခုသည် ကောင်းကင်တွင် ပျံသန်းနေပြီး ၎င်းအရာအား မြင်သည့် ပုဂ္ဂိုလ်က မည်သည့်အရာဖြစ်သည်ဟု အတိအကျခွဲခြားမရနိုင်ခြင်း ဖြစ်ရသည့် အရာဝတ္ထုမျိုးကို အမျိုးအမည်မသိ ယာဉ်ပျံ(Unidentified Flying Object) ဟုခေါ်ကြသည်။ အင်္ဂလိပ်ဘာသာဖြင့် ယင်းစာလုံးအားအတိုကောက်အနေဖြင့် UFO ဟု ခေါ်ဝေါ်ကြသည်။ တစ်ခါတစ်ရံတွင် အရာဝတ္ထုများကို စူးစမ်းလေ့လာနိုင်သည်။ သို့သော် လူပုဂ္ဂိုလ်တို့ လေ့လာထားပြီးသော်လည်း မည်သည်ဖြစ်သည်ကို မဖော်ပြနိုင်သေးသ၍ ၎င်းကို UFO ဟုခေါ်သည်။ အကယ်၍ လူတို့က ယင်းအရာဝတ္ထုသည့် မည်သည်ဖြစ်သည်ဟု ထုတ်ဖော်နိုင်သည့်နှင့် UFO ဟုခေါ်ဝေါ်မရတော့ပေ။ အဘယ့်ကြောင့်ဆိုသော် ၎င်းအား ရှာဖွေ့တွေ့ရှိ လေ့လာသတ်မှတ်ခဲ့ပြီးသောကြောင့်ဖြစ်သည်။
မာတိကာ |
အမျိုးအမည်မသိ ယာဉ်ပျံများ( Unidentified flying object (UFO) ) [ပြင်ဆင်ရန်]
လေ့လာသူများက မှတ်ချက်ပေးသည်မှာ UFO အမြင်များကို နောက်ပိုင်းတွင် ခွဲ့ခြားနိုင်သည်ဖြစ်ပြီး မှတ်တမ်းအားလုံး၏ ၅၀-၉၀ ရာခိုင်နှုန်းဖြစ်သည်။ မှတ်တမ်း၏ ၁၀-၂၀ ရာခိုင်နှုန်းမှာ ခွဲခြားမရနိုင်ပါဟု ဆိုကြလေခြင်း ဖြစ်သည်။ လေ့လာသူအများစုက အလွန်နည်းသော ယူအဖ်အို အမြင်များမှာ လူတို့၏လှည့်ကွက်တစ်ခုဖြစ်သည်ဟုလည်း ပြသခဲ့ကြသည်။ အမှန်တကယ်အားဖြင့် ယူအဖ်အိုအများစုမှာ လူလုပ်အရာ သို့မဟုတ် သဘာဝအတိုင်းဖြစ်ပြီး အမြင်မှာ အံ့ဩစရာကောင်းသည်။
အမျိုးအမည်သိ ယာဉ်ပျံများ ( Identified flying objects (IFOs) ) [ပြင်ဆင်ရန်]
IFOsများ၏ ၈၀-၉၀ ရာခိုင်နှုန်းမှာ အောက်ဖော်ပြပါ မတူညီသည့် အရာမသုံးခုမှ တစ်ခုဖြစ်ပြီး ခွဲခြားနိုင်သည်။
- အာကာသအတွင်းရှိဖြစ်စဉ်များ (ဥပမာ-ဂြိုဟ်များ၊ ကြယ်များ၊ ဥက္ကာပျံများ)
- လေယာဉ်ပျံများ
- ဖူဖောင်းများ(မိုးလေဝသဖူဖောင်းအပါအဝင်) တို့ဖြစ်သည်။
IFOsများ၏ ၁၀-၂၀ ရာခိုင်နှုန်းသည် အခြားအကြောင်းကြောင့်ဖြစ်နိုင်သည်။ (ဥပမာ-ငှက်၊ တိမ်များ၊ ဆလိုက်မီးများ၊ သဘာဝအတိုင်းဖြစ်သည် မြင်ကွင်းများ၊ အစရှိသဖြင့်)
ကိုးကား [ပြင်ဆင်ရန်]
Allan Hendry, The UFO Handbook: A Guide to Investigating, Evaluating, and Reporting UFO Sightings, 1979, Doubleday & Co., ISBN 0-385-14348-6
အခြားအကြောင်းအရာများ [ပြင်ဆင်ရန်]
- Wikinews - UFO Archive
- CIA educational summary on UFO (working link or what? Maybe it should be used this link instead?)
- NASA Institute for Advanced Concepts
- BBC article on Mexican Air-force videotape
- NASA UFO Hacker Video Interview
- Popularmechanics Article - When UFOs Arrive: February 2004 Cover Story