အမီးဗား

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
Amoeba
သိပ္ပံနည်းကျမျိုးခွဲခြင်း
ဒိုမိန်း [[Eukaryota]]
လောက [[Protista]]
မျိုးပေါင်းစု [[Tubulinea]]
မျိုးစဉ် Tubulinida
မျိုးရင်း [[Amoebidae]]
မျိုးစု '''''Amoeba'''''

အမီးဗားသည် ဆဲတစ်ခုတည်းနှင့်သာ ဖွဲ့စည်းထားသော အလွန် သေးငယ်သည့် သတ္တဝါမျိုး ဖြစ်သည်။ ယင်း၏ ခန္ဓာကိုယ် တည်ဆောက်ထားပုံမှာ ရိုးရိုးနှင့် ရှင်းရှင်းဖြစ်သဖြင့် တိရစ္ဆာန် လောကတွင် အဆင့်အတန်း အနိမ့်ဆုံးနှင့် ရှေးအကျဆုံး သတ္တဝါဖြစ်သည်ဟု သိပ္ပံပညာရှင်များက ယူဆကြသည်။ သာမန် အမီးဗားများမှာ အလွန်သေးငယ်သောကြောင့် ပကတိ မျက်စိဖြင့် မမြင်နိုင်ဘဲ မိုက္ကရိုစကုပ် (အဏုကြည့်မှန်ပြောင်း) ဖြင့် ကြည့်မှသာ မြင်နိုင်သည်။ အရွယ်ပမာဏာမှာ တစ်လက်မ ၏ အပုံတစ်ရာတွင် တစ်ပုံမျှလောက်သာ ရှိသည်။ သို့သော် အကြီးဆုံး အမီးဗားမျိုးကိုမူကား မျက်စိဖြင့် သေချာစွာ ကပ် ကြည့်က သေးငယ်သော အစက်ကလေးများသဖွယ် မြင်ရသည်။ ယင်းတို့သည် ရေကန်များရှိ ရေည|ိထဲတွင်လည်းကောင်း၊ရေကန် အောက်ပိုင်းရှိ ရွှံ့နွံများတွင်လည်းကောင်း၊ ပင်လယ်ရေညိ|ပင် များနှင့် ရောနှော၍လည်းကောင်း၊ လူတို့၏ ခန္ဓာကိုယ်အတွင်းရှိ အစာကြောင်း၌လည်းကောင်း၊ ကျက်စားနေထိုင်လေ့ ရှိကြသည်။ အမီးဗားမျိုး စိတ်တစ်မျိုးသည် လူတို့အား ဝမ်းကိုက်ရောဂါ ဖြစ်စေတတ်၍ မြေဆီလွှာထဲ၌နေသော အခြားတစ်မျိုးမှာမူကား ဗက်တီးရီးယားများကို စားသောက်ပစ်သောကြောင့် လူတို့၏ အကျိုးကို ဆုတ်ယုတ်စေတတ်သည်။

ရေကန်ထဲရှိ ရေည|ိများသောနေရာမှ ရေတစ်စက်ကို ယူ၍ ဆလိုက်ခေါ် မှန်ပြားကလေးပေါ်တွင် တင်ပြီးသော် မိုက္ကရို စကုပ်ဖြင့် ကြည့်က ရေစက်ထဲတွင် အမီးဗားများကို ဟိုမှ သည်မှ သွားလာလှုပ်ရှားနေသည်ကို တွေ့ရမည်။ အမီးဗား များ၏ ကိုယ်ခန္ဓာတွင် ဆဲတစ်ခုတည်းသာရှိ၍ ထိုဆဲတွင် ဆဲနံရံ မရှိချေ။ ထိုကြောင့် ယင်း၏ ကိုယ်ခန္ဓာတွင် ပုံသဏ္ဌာန် သည် အတည်အကျမရှိပဲ အမြဲပြောင်းလဲနေသည်။ အမီးဗား ဟူသော ဝေါဟာရများ ကိုယ်ခန္ဓာပုံပန်းသဏ္ဌာန် အမြဲပြောင်းလဲ လျက်ရှိသော သတ္တဝါငယ်ဟု အဓိပ္ပာယ်ရသည်။


အမီးဗားများ လှုပ်ရှားသွားလာပုံမှာ အခြားမည်သည့် တိရစ္ဆာန်နှင့်မျှ မတူချေ။ ယင်း၏ ခန္ဓာကိုယ်ဆဲထဲတွင် သဏ္ဌာန်မဲ့သည့် ပရိုတိုပလက်ဇမ်ခေါ် ကျောက်ချောကဲ့သို့သော ပစ္စည်းတစ်မျိုး ရှိသည်။

ထိုပရိုတို ပလက်ဇမ်သည် အလိုရှိရာဘက်သို့ စူထွက်လာပြီးနောက် ထိုနေရာသို့ ကျန်သော ပရိုတိုပလက်ဇမ်က စီးဝင်သွားရာ ကိုယ်ခန္ဓာတစ်ခုလုံးမှာ ရှေ့သို့ ရောက်သွားလေတော့သည်။ ဤကဲ့သို့ ဆက်ကာ ဆက်ကာ စူထွက်ခြင်းဖြင့် အမီးဗားသည် မိမိ အလိုရှိရာနေရာသို့ သွားလာလေ့ရှိသည်။ အမီးဗားတွင် ဤသို့ စူထွက်နေသော အစိတ်အပိုင်းကို ဆူဒိုပိုဒိယ(ခြေတု)ဟု ခေါ်သည်။ ပရိုတိုပလက်ဇမ်သည် အမီးဗား၏ အသက်တည်ရာ ဖြစ်သဖြင့် အကယ်၍ ထိုအပိုင်းသာ ခန်းခြောက်သွားပါက အမီးဗားသည် သေဆုံးသွားလေသည်။

အမီးဗား၌ ခြေ၊ လက်၊ မျက်စိ၊ ဦးနှောက် စသည့် အမြင့် တန်းစား တိရစ္ဆာန်မျိုးတွင် ပါရှိတတ်သော အင်္ဂါရပ်များ မရှိ ချေ။ အသက်ရှူရန် အထူးအင်္ဂါရပ်ဟူ၍ မပါပဲ တစ်ကိုယ်လုံးမှ အသက်ရှူ၏။ ယင်းသည် မိမိနေထိုင်လျက်သော ရေတွင် ပျော် ဝင်နေသည့် အောက်ဆီဂျင်ကို ရှူသွင်း၍ ကာဗွန်ဒိုင်အောက် ဆိုက်ဓာတ်ကို စွန့်ထုတ်ပစ်သည်။ အမီးဗားကို မိုက္ကရိုစကုပ် ဖြင့် သေချာစွာကြည့်လျှင် ကိုယ်ခန္ဓာအတွင်း၌ ဝိုင်း၍မည်းနေ သော သဏ္ဌာန်တစ်ခုကို တွေ့ရမည်။ ဤအမည်းဝိုင်းကလေးကို နျူးကလိယပ်ဟု ခေါ်သည်။ ယင်းသည် အမီးဗား၏ အရေး အကြီးဆုံးသော အစိတ်အပိုင်း ဖြစ်သည်။ အကယ်၍ နျူးကလိ ယပ်ကို တစ်နည်းနည်းဖြင့် အပြင်သို့ ထုတ်ပစ်လိုက်ပါက အမီးဗားသည် သေဆုံးသွားတော့၏။

အမီးဗား အခြားသတ္တဝါများကဲ့သို့ မိမိတို့ အသက်ရှင်ရေး အတွက် အစာစားကြသည်။ သို့ရာတွင် အစာစားရန် ပါးစပ် နှင့် အစာပြွန်ချောင်း မရှိပေ။ ယင်းတို့ စားသောအစာများမှာ ရေထဲတွင်ရှိ အလွန်သေးငယ်သည့် အယ်လ်ဂျေ၊ ဗက်တီးရီးယား စသည်တို့ ဖြစ်သည်။ စားသောက်ပုံမှာ ယင်းသည် အပင်ငယ် ကို ဝိုင်းမိအောင် စီးသွားပြီးလျှင် ထိုအပင်ကို သိမ်းသွင်းယူ လိုက်သည်။ ထိုနောက် အပင်၏ ပတ်လည်တွင် အစာကို ကြေ စေမည့် အရည်ကြည်တစ်စက် ဖြစ်ပေါ်လာ၍ အပင်ငယ်၏ ကြေနိုင်မည့် အစိတ်အပိုင်းများသည် အမီးဗားအတွက် အစာ ဖြစ်သွားလေသည်။ အမီးဗားသည် အပင်ငယ်မှ ချေ၍ရနိုင်သော အစိတ်အပိုင်းများကို ချေယူပြီး နောက် အကြွင်းအကျန်များ ထားပစ်ခဲ့ကာ အခြားနေရာသို့ စီးသွားပြန်သည်။

အမီးဗား၏ အထူးနုနယ်သော ကိုယ်ခန္ဓာသည် ရေကို အမြဲတန်းလိုရာ အကယ်၍ ယင်းတို့နေသော ရေကန်၊ သို့မဟုတ် ရွှံ့နွံများ ခန်းခြောက်သွာပါက သေကြေပျက်စီးခြင်း မရှိရအောင် ယင်းတို့၏ ကိုယ်ခန္ဓာ ကိုလုံးပြီးလျှင် ထူထပ် သော အခွံဖြင့် ဖုံးအုပ်လိုက်သည်။ ထိုနောက် မိုးပြန်ကျလာ သောအခါ အတွင်း၌ရှိသော ပရိုတိုပလက်ဇမ်သည် အပိုင်း အပိုင်းဖြစ်သွား၍ အပြင်မှ အခွံလည်း ပေါက်ကွဲကာ အမီးဗား အကောင်ကလေးများ ထွက်လာပြန်သည်။ ဤကား အမီးဗား၏ မျိုးပွားနည်း တစ်နည်း ဖြစ်သည်။

အမီးဗားတွင် အခြားမျိုးပွားနည်းတစ်နည်း ရှိသေး၏။ ယင်းမှာ ကွဲပွားခြင်း ဖြစ်သည်။ အမီးဗားများသည် အစာကို အစဉ်မပြတ် စားသောက်လျက်ရှိခြင်းကြောင့် ယင်းတို့ ခန္ဓာ ကိုယ်သည် တဖြည်းဖြည်း ကြီးထွားလာသည်။ ထိုသို့ ကြီးထွား လာသောအခါ ကိုယ်အတွင်းရှိ နျူးကလိယပ်သည် ရှေးဦးစွာ ရှည်ထွက်လာပြီးလျှင် အလယ်ဗဟိုတွင်သိမ်၍ နောက်ဆုံးတွင် ပြတ်သွားကာ အရွယ်တူ နျူးကလိယပ်ငယ်နှစ်ခု ဖြစ်လာသည်။ ကိုယ်ခန္ဓာအတွင်း၌ကျန်ရှိသော ပရိုတိုပလက်ဇမ်သည်လည်း ဤနည်းအတိုင်း အရွယ်တူ နှစ်ပိုင်းကွဲပြန်သဖြင့် တစ်ပိုင်းတွင် နျူကလိယပ်ငယ်တစ်ခုစီပါလာကာ အမီးဗားငယ် နှစ်ကောင် ဖြစ်လာ၏။ ဤနည်းဖြင့် တစ်ကောင်မှ နှစ်ကောင်၊ နှစ်ကောင် မှ လေးကောင် စသည်ဖြင့် ပွား၍ပွား၍ လာလေသည်။ ဤသို့ ဖြစ်ပေါ်လာသော အမီးဗားများမှာ မိခင်က မွေးထုတ်လိုက်သော အကောင်သစ်များ မဟုတ်ပဲ မူလအမီးဗား၏ ကိုယ်ကွဲများသာ ဖြစ်သောကြောင့် ယင်းသည် ထာဝစဉ် အသက်ရှင်လျက်ရှိသည် ဟု ဆိုရပေမည်။ သို့သော် ဘေးအန္တရာယ်နှင့် တွေ့ဆုံသောအခါ ၌မူကား သေကြေပျက်စီးသွားလေသည်။[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)