အပြည်ပြည်ဆိုင်ရာ ဘဏ်အကောင့် နံပါတ်

ဝီကီပီးဒီးယား မှ
ဗြိတိသျှ ဘဏ်စာရင်းရှင်းတမ်း တစ်ခုတွင် တွေ့ရသည့် အီဘန် နံပါတ်၊ အီဘန်နံပါတ်၌ ငွေလွှဲရာတွင် မည်သူ့အကောင့်၊ မည်သည့်နိုင်ငံ မှ မည်သည့်ဘဏ်ဆိုသည့် အချက်အလက်အများ ပါနေခြင်းကြောင့် ငွေလွှဲရာတွင် အလွဲအမှားများကို လျှော့ပေါ့စေသည်။

အပြည်ပြည်ဆိုင်ရာ ဘဏ်အကောင့် နံပါတ်(အီဘန်) (IBAN) သည် နိုင်ငံတကာမှ အသိအမှတ်ပြုစံနှုန်းသက်မှတ်ထားသည့် ဘဏ်အကောင့်နံပါတ်ဖြစ်ပြီး၊ တစ်နိုင်ငံမှ တစ်နိုင်ငံသို့ ငွေလွှဲပြောင်းရာတွင် အလွဲအမှားမရှိစေရန် စတင်အသုံးပြုကြခြင်းဖြစ်သည်။ ပထမတွင် ဥရောပ ဘဏ်စံနှုန်းများ ကော်မတီ (ECBS)မှ စတင်အသုံးပြုခဲ့သော်လည်း ယခုအခါတွင်မူ နိုင်ငံတာစံနှုန်းအဖြစ် အိုက်အက်စ်အို ၁၃၆၁၆.၁၉၉၇ ဖြင့် အသိအမှတ်ပြုလိုက်ပြီဖြစ်သည်။အိုက်အက်စ်အို ၁၃၆၁၆.၂၀၀၇ စံနှုန်းသည် ဆွစ်ဖ်နံပါတ်များကို ဖော်ပြသည့် စံနှုန်းဖြစ်သည်။