အနုပ်စုတ်ကုပ်စုတ် သူကြွယ် (ရုပ်ရှင်)

ဝီကီပီးဒီးယား မှ
Slumdog Millionaire
အခြေခံအချက်အလက်
ဒါရိုက်တာဒန်နီ ဘွိုင်း (Danny Boyle)
ထုတ်လုပ်သူခရစ်စယာန် ကိုလဆန် (Christian Colson)
စာရေးသူSimon Beaufoy[*]
ဇာတ်ညွှန်းဆိုင်မွန် ဗျူဖွိုင် (Simon Beaufoy)
အခြေခံထားသည်မှာဗီကတ် ဆွာရပ် ရေးသည့် အမေးအဖြေ
သရုပ်ဆောင်
  • ဒပ် ပါတယ် (Dev Patel)
  • ဖရိုင်ဒါ ပင်တို (Freida Pinto)
  • မဒ္ဒဟာ မစ်တယ် (Madhur Mittal)
  • အနေး ကာပူး (Anil Kapoor)
  • အာရဖန် ခန်း (Irrfan Khan)
ဂီတမှူးအေ အာ ရာမန် (A. R. Rahman)
ဓာတ်ပုံအန်သိုနီ ဒေါ့ မန်တယ် (Anthony Dod Mantle)
တည်းဖြတ်ခရစ် ဒစ်ကင် (Chris Dickens)
ထုတ်လုပ်ရေး
ကုမ္ပဏီ
  • ဆယ်လဒေါ ရုပ်ရှင် (Celador Films)
  • ရုပ်ရှင် ၄ ထုတ်လုပ်ရေး (Film4 Productions)
ကြာမြင့်ချိန်
၁၂၀ မိနစ်[၁]
နိုင်ငံယူနိုက်တက် ကင်းဒန်း [၂][၃][၄]
ဘာသာစကား
  • အင်္ဂလိပ် [၁]
  • ဟင်ဒီ
အမျိုးအစားခွဲခြင်းနှင့် ဖြန့်ဖြူးခြင်း
ဖြန့်ချိသည့်နေ့
  • ၃၀ ဩဂုတ် ၂၀၀၈ (၂၀၀၈-၀၈-၃၀) ( တယ်လာရိုက် ရုပ်ရှင်ပွဲတော် (Telluride Film Festival))
  • ၉ ဇန်နဝါရီ ၂၀၀၉ (၂၀၀၉-၀၁-၀၉) (ယူနိုက်တက် ကင်းဒန်း)
  • ၁၆ ဇန်နဝါရီ ၂၀၀၉ (၂၀၀၉-၀၁-၁၆) (အိန္ဒိယ)
ထုတ်ဝေသူ
  • မြေခွေး ထိုးမီး ရုပ်ရှင် (မြောက်အမေရိက)
  • ဝါနာ ညီအစ်ကိုများ ရုပ်ရှင် (နိုင်ငံတကာ)
  • ပါသဲ (Pathé) (ဥရောပ)
  • မြေခွေးကြယ်ပွင့် စတူဒီယို (အိန္ဒိယ)
  • ကိုလံဘီယာ ရုပ်ရှင် (အိန္ဒိယ ရုပ်သံလိုင်း)
  • ၂၀ ရာစု မြေခွေး (နိုင်ငံတကာ ရုပ်သံလိုင်း)
ကုန်ကျငွေစတာလင်ပေါင် ၁၅ သန်း
ရောင်းရငွေဒေါ်လာ ၃၇၇.၈၉ သန်း
နောင်တော်များနှင့် နောက်ဆက်တွဲများ
နောက်ထွက်ဇာတ်လမ်းDelhi-6[*]

အနုပ်စုတ်ကုပ်စုတ်သူကြွယ် (အင်္ဂလိပ်: Slumdog Millionaire) သည် ၂၀၀၈ ခုထွက် ဗြိတိန်−အိန္ဒိယ ဖက်စပ်ရိုက် အချစ်ဇာတ်လမ်းဖြစ်ပြီး အိန္ဒိယ စာရေးဆရာ ဗီကတ် ဆွာရပ်ရေးသည့် အမေးအဖြေ ဝတ္ထုကို ခပ်ပါးပါး မှီးငြမ်းထားသည်။ မွမ်ဘိုင်းရှိ ဂျူဟူ ကျူးကျော်ရပ်နေ အသက် (၁၈) နှစ်အရွယ် ဂျမား မာလစ်၏ ဘဝကို အမေးအဖြေများမှ ပြောပြသွားခြင်း ဖြစ်ပြီး အိန္ဒိယ၌ ရိုက်ကူးသည်။[၅] အိန္ဒိယ၌လုပ်သည့် သူကြွယ် ဘယ်သူဖြစ်ချင်သလဲ (Who Wants to Be a Millionaire?) ရုပ်သံအစီအစဉ်တွင် ဂျမား မာလစ်က မေးခွန်းအားလုံး ဖြေနိုင်သည့်အခါ လူတိုင်း အံ့ဩကြသည်။ တစ်နည်းနည်းဖြင့် မသမာလုပ်သည်ဟု ယူဆကာ စစ်မေးသည့်အတွက် အဖြေတို့ကို သိနိုင်သည့် သူ၏ ဘဝအဖြစ်အပျက်များကို ဂျမားက ရဲများအား ပြောပြသည်။

အပေါက်နှေးသော်လည်း ဇာတ်ကားကောင်းတစ်ခုအဖြစ် အများက အသိအမှတ်ပြုကြသည်။ ဇာတ်ကွက်၊ နောက်ခံတေးနှင့် ပါတယ်၏ သရုပ်ဆောင်မှုကို ချီးမွမ်းကြသည်။ ၂၀၀၉ ခု အော်စကာဆု ပေးပွဲတွင် ဆန်ကာတင် ၁၀ ဆုဝင်ပြီး ၈ ဆု ရသည်။ ဘက်ဖတာဆု ၇ ဆုနှင့် ရွှေကမ္ဘာလုံးဆု ၄ ဆုလည်း ရသေးသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ SLUMDOG MILLIONAIRE (15) - BBFC။ BBFC (7 May 2017)။ 28 September 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 11 April 2019 တွင် ပြန်စစ်ပြီး။
  2. Slumdog Millionaire (2008)Screen International (6 September 2008)။
  3. Slumdog Millionaire (2008)။ British Film Institute။ 2 May 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 11 April 2019 တွင် ပြန်စစ်ပြီး။
  4. "Slumdog Millionaire"၊ The Guardian၊ 2009-01-09။ 
  5. The New York Times (11 November 2008)။ Danny Boyle's "Slumdog Millionaire" Captures Mumbai, a City of Extremes - NYTimesSomini Sengupta