အဒိရှမ်ခန်းမ

ဝီကီပီးဒီးယား မှ

ကိုဩဒိနိတ်: 6°46′19″N 80°55′52″E / 6.772°N 80.931°E / 6.772; 80.931

Adisham Hall
Map
ယခင်အမည်များAdisham Hall
အခြားအမည်များSt Benedict's Monastery
အထွေထွေ အချက်အလက်များ
ဗိသုကာစတိုင်Tudor and Jacabian
တည်နေရာHaputale, Sri Lanka
လိပ်စာSt. Benedict's Monastery, Adisham, Haputhale, Sri Lanka
မြို့Haputale
နိုင်ငံSri Lanka
ပင်လယ်ရေ မျက်နှာပြင် အမြင့်5,000 feet above sea level
လက်ရှိ အငှားနေထိုင်သူSt. Benedict's Monastery
တည်ဆောက်မှု စတင်1927
ပြီးစီး1931
ဖောက်သည်Sir Thomas Villiers
ပိုင်ဆိုင်သူCatholic Church in Sri Lanka
ဒီဇိုင်းနှင့် တည်ဆောက်မှု
ဗိသုကာပညာရှင်R. Booth and F. Webster
ဝဘ်ဆိုဒ်
adisham.org

အဒိရှမ်ခန်းမ သို့မဟုတ် အဒိရှိမ်ဘန်ဂလို သီရိလင်္ကာနိုင်ငံ၊ Badulla ခရိုင်၊ Haputale အနီးတွင် တည်ရှိသည့် အိမ်တစ်လုံးဖြစ်သည်။ ၎င်းသည် လက်ရရှိအချိန်၌ Saint Benedict ၏ အဒိရှမ်ကျောင်းအဖြစ် တည်ရှိသည်။ ကျောင်းတော်တွင် St. Sylvester ၏ အရိုးရုပ်ကြွင်းတည်ရှိသည်။[၁]

အဆောက်အဦကို ၁၉၃၁ ခုနှစ်တွင် အင်္ဂလိပ်မင်းမျိုးမင်းနွယ်တစ်ဦးနှင့် စိုက်ပျိုးရေးသမား Sir Thomas Villiers တို့က ဆောက်လုပ်ခဲ့သည်။ Sir Thomas Villiers သည် ကိုလံဘိုတွင် အခြေစိုက်သည့် ကုန်သွယ်ရေးနှင့် မြေယာအေဂျင်စီ George Steuart Co ကို တည်ထောင်သူ ဖြစ်သည်။ Sir Thomas Villiers သည် Lord John Russell ၏ မြေးတော်စပ်သူဖြစ်ပြီး Dukes of Bedford ၏ မျိုးရိုးနွယ်ဝင်တစ်ဦး ဖြစ်သည်။ အဒိရှမ်ဟု အမည်ပြောင်းပြီးနောက်တွင် အဆောက်အဦကို R. Booth နှင့် F. Webster တို့က Tudor နှင့် Jacobean ပုံစံဖြင့် ဒီဇိုင်းချခဲ့ကြသည်။ တည်ဆောက်သည့် မြေသည် ၁၀ ဧက (၄၀၀၀၀ စတုရန်းမီတာ) ရှိသည်။ Sir Thomas အနားမယူခင်အချိန်အထိ အဒိရှမ်ခန်းမသည် ကိုလိုနီခေတ်၏ များစွာအရေးပါသည့် နေရာတွင် ပါဝင်ခဲ့သည်။ နောက်ပိုင်း ၁၉၄၉ တွင် Sir Thomas သည် Vimala Wijewardene ပိုင်ဆိုင်သည့် Sedawatte Mills သို့ရောင်းချခဲ့သည်။ ၁၉၆၁ ခုနှစ်တွင် ၎င်းကို ရိုမန်ကတ်သလစ်ချက်ကျောင်းမှ ဝယ်ယူခဲ့ပြီး ကျောင်းတော်တစ်ခုအသွင် ပြောင်းလဲခဲ့သည်။ ဤအဆောက်အဦသည် ခေတ်ကာလတစ်လျှောက် ပရိဘောဂများ၊ အပြင်အဆင်များဖြင့် ကောင်းမွန်စွာ ထိန်းသိမ်းထားသည့် အဆောက်အဦ ဖြစ်သည်။ အများပြည်သူ လေ့လာနိုင်ရန် ဖွင့်လှစ်ထားသည်။[၂]

ပြင်ပလင့်များ[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. Triple Jubilee year of St. Anthony's shrine, Wahacotte။ Sunday Observer (Sri Lanka)။ 24 September 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 3 August 2015 တွင် ပြန်စစ်ပြီး။
  2. Priceless antiquity: Adisham Bungalow။ Sunday Observer (Sri Lanka)။ 24 September 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 3 August 2015 တွင် ပြန်စစ်ပြီး။