အဍ္ဎစေဠက

ဝီကီပီးဒီးယား မှ

အရှင်အဍ္ဎစေဠကထေရ် သည် မြတ်စွာဘုရား၏ သာသနာတော်ရှိ ရဟန်းတစ်ပါး ဖြစ်သည်။[၁]

ဘဝဇာတ်ကြောင်း[ပြင်ဆင်ရန်]

တိဿမြတ်စွာဘုရားလက်ထက်[ပြင်ဆင်ရန်]

တိဿမြတ်စွာဘုရား လက်ထက်တွင် ဖြစ်၏။ ထိုအချိန်တွင် အရှင်အဍ္ဎစေဠကထေရ်သည် အလွန်ဆင်းရဲသောသူတစ်ယောက် ဖြစ်၏။ တိဿမြတ်စွာဘုရားအား ကိုယ်ဝတ်ပုဆိုးတစ်ပိုင်းကို လှူပေးခဲ့၏။ [၁]

အကျိုးခံစားရခြင်း[ပြင်ဆင်ရန်]

ထိုသို့ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်နှစ်ကမ္ဘာထက်တွင် မြတ်စွာဘုရားအား ပုဆိုးပိုင်းကို ပေးလှူခဲ့သည့် အချိန်မှစကာ အပါယ်လေးဘုံသို့ မကျရောက်ခဲ့ပေ။ လေးဆယ့်ကိုးကမ္ဘာထက်တွင်လည်း “သမန္တစ္ဆဒန” အမည်ဖြင့် စကြဝတေးမင်း သုံးဆယ့်နှစ်ကြိမ် ဖြစ်ခဲ့၏။[၁]

ဂေါတမမြတ်စွာဘုရားထက်ထက်[ပြင်ဆင်ရန်]

နောက်ဆုံးဘဝတွင် ဂေါတမမြတ်စွာဘုရား၏ သာသနာတော်တွင် အရှင်အဍ္ဎစေဠကထေရ် အဖြစ်ဖြင့် အာသဝေါကုန်ခမ်း ရဟန္တာ ဖြစ်တော်မူ၏။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ထေရာပဒါန်ပါဠိတော်၊ သုဓာဝဂ်