အဆုတ်
From Wikipedia
အဆုတ်သည် ရင်ခေါင်းအတွင်း၌ နှလုံးနှင့် သွေးကြောကြီးများကို ဝန်းရံထားသည်။[၁]
အဆုတ်သည် ခြေ၄ချောင်းရှိသတ္တဝါ အများစု၊ အချို့သော ငါးများ နှင့် ခရုများအစရှိသော လေကို ရှူရှိုက်သည့် သတ္တဝါများတွင် ရှိသည့် အသက်ရှူအင်္ဂါဖြစ်သည်။ အဆုတ်ရှိသော သတ္တဝါများတွင် ရှေးအကျဆုံးသော သတ္တဝါများမှာ ကျောရိုးရှိသတ္တဝါများထဲမှ lungfish နှင့် ကျောရိုးမဲ့သတ္တဝါများထဲမှ pulmonate snails တို့ဖြစ်သည်။ နို့တိုက်သတ္တဝါများနှင့် အခြားရှုပ်ထွေးသော ပုံသဏ္ဌန်ရှိသည့် သတ္တဝါတို့တွင် အဆုတ် ၂ ခုသည် ရင်ဘတ်ထဲ၌ နှလုံး ၏ တစ်ဖက်တစ်ချက်စီတွင် တည်ရှိသည်။ အဆုတ်၏ အဓိကလုပ်ငန်းဆောင်တာမှာ လေထုထဲမှ အောက်ဆီဂျင်ကို သွေးစီးဆင်းမှုအတွင်းသို့ သယ်ဆောင်ရန်နှင့် သွေးစီးဆင်းမှုထဲမှ ကာဗွန်ဒိုင်အောက်ဆိုက်ဒ်ကို လေထုအထဲသို့ ထုတ်လွှတ်ရန် ဖြစ်သည်။
| ဤဆောင်ပါးအတိုအား ပိုမိုပြီးပြည့်စုံစေရန် ဆက်လက်ရေးသားနိုင်ပါသည်။ သင်က ထပ်မံဖြည့်စွက်ရေးသားပြီး ဝီကီပိဒိယကို ကူညီပေးပါ။ ကျေးဇူးတင်ပါသည်။ |
Cite error: <ref> tags exist, but no <references/> tag was found