အင်တီဂရေးရှင်း

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

အင်တီဂရေးရှင်း(Integration) သည် သင်္ချာဘာသာ၏ အရေးပါသော အစိတ်အပိုင်း တစ်ခုဖြစ်သည်။ ဒစ်ဖရန်ရှေးရှင်း (Differentiation) နှင့် တွဲဖက်၍ ကဲကုလပ် သင်္ချာဘာသာဟု ခေါ်ဆိုလေ့ ရှိသည်။ ပါဠိဘာသာတွင် သမူဟပြုသည် ဟု သုံးနှုန်း လေ့ရှိသည်။ အင်တီဂရေးရှင်း နည်းကို အသုံးပြုခြင်း အားဖြင့် ပုံသဏ္ဍာန် မမှန်သော အရာဝတ္ထုတို့၏ ဧရိယာ၊ ဒြပ်ထု စသည်တို့ကို တွက်ချက် ရယူနိုင်သည်။