အက်ရှားရီကီးယား ကိုလိုင်
Wikipedia မှ
| အက်ရှားရီကီးယား ကိုလိုင် (အီး ကိုလိုင်) | ||||||||||||||
|---|---|---|---|---|---|---|---|---|---|---|---|---|---|---|
| သိပ္ပံနည်းကျမျိုးခွဲခြင်း | ||||||||||||||
|
||||||||||||||
| ဒွိနာမ | ||||||||||||||
| ''Escherichia coli'' | ||||||||||||||
အက်ရှားရီကီးယား ကိုလိုင် (Escherichia coli) သည် အီး ကိုလိုင် (E. coli) ဆိုသည့် အတိုကောက် အမည်ဖြင့် လူသိများသည့် အချောင်းသဏ္ဌာန်ရှိ ဘက်တီးရီးယားပိုး တစ်မျိုးဖြစ်ပြီး သွေးနွေးသတ္တဝါများ၏ အူလမ်းကြောင်းတွင် အတွေ့များသည်။ အီး ကိုလိုင် အမျိုးအစား အများစုမှာ ဘေးကင်းသော်လည်း အချို့မှာ လူတို့တွင် အစာအဆိပ်သင့်မှု ဖြစ်ပွားစေနိုင်သည်။
ဘေးကင်းသော အီး ကိုလိုင်များသည် ပုံမှန် ဘက်တီးရီးယားများ ဖြစ်ပြီး ဗီတာမင် ကေ ၂ ကို စစ်ထုတ်ပေး သောကြောင့် အူလမ်းကြောင်းတွင် ရောဂါဖြစ်စေနိုင်သည့် ဘက်တီးရီးယားများ မတွယ်ကပ်စေအောင် ကာကွယ်ပေးသည်။ အီး ကိုလိုင်များ၏ ဗီဇ (ဂျီး) သည် ပိုမိုရိုးစင်းသည့်အပြင် ကိုင်တွယ်ရ လွယ်ကူသောကြောင့် ဇီဝနည်းပညာနှင့် အဏုဇီဝဗေဒ ပညာရပ်များတွင် အရေးပါသည့် ဓာတ်ခွဲခန်းသုံး ဘက်တီးရီးယားများ ဖြစ်သည်။