သွေးအားနည်းရောဂါ

ဝီကီပီးဒီးယား မှ

သွေးအားနည်းရောဂါ ဟူသည်မှာ သွေးဥနီ သို့မဟုတ် သွေးတွင်းရှိ ဟီမိုဂလိုဘင် သို့မဟုတ် သွေးမှ အောက်ဆီဂျင်သယ်နိုင်စွမ်း လျော့နည်းမှုကို ခေါ်သည်။ [၁][၂][၃] တစတစတိုးလာသော သွေးအားနည်းခြင်းတွင် နွမ်းနယ်ခြင်း၊ အားနည်းခြင်း၊ အသက်ရှူမဝခြင်း၊ လှုပ်လှုပ်ရှားရှားမလုပ်နိုင်ခြင်းတို့ကို လက္ခဏာအဖြစ် ပြသည်။ [၄] အလျင်ဖြစ်သော သွေးအားနည်းခြင်း၌မူ စိတ်ရှုပ်ခြင်း၊ ခေါင်းနောက်ခြင်း၊ သတိလစ်ခြင်း၊ အလွန်အမင်းရေငတ်ခြင်းတို့ လက္ခဏာပေါ်သည်။ အသားအရေဖြူဖျော့သည်မှာ လက္ခဏာတရပ်ဖြစ်သော်လည်း ၎င်းမတိုင်မီပင် သွေးအားနည်းကြောင်း သိရနိုင်သည်။ ထပ်တိုးလက္ခဏာများမှာ ဆက်စပ်အကြောင်းရင်းများကြောင့် ပေါ်လာတတ်၏။ ခွဲစိတ်ခံရမည့်သူအနေဖြင့် သွေးအားနည်းပါက ခွဲစိတ်ပြီးနောက်တွင် သွေးသွင်းကုသခြင်းကို ဆက်လက်ခံယူရမည့်အရေးလည်း ရှိသည်။ [၅]

ကိုးကား[ပြင်ဆင်ရန်]

  1. "Anemia". www.nhlbi.nih.gov. NHLBI.
  2. Stedman's Medical Dictionary (28th ed.). Philadelphia: Lippincott Williams & Wilkins. 2006. p. Anemia.
  3. Rodak BF (2007). Hematology: Clinical Principles and Applications (3rd ed.). Philadelphia: Saunders. p. 220. ISBN 978-1-4160-3006-5. Archived from the original on 2016-04-25.
  4. Janz TG, Johnson RL, Rubenstein SD (November 2013). "Anemia in the emergency department: evaluation and treatment". Emergency Medicine Practice. 15 (11): 1–15, quiz 15–16. PMID 24716235.
  5. Ng, Oliver; Keeler, Barrie D.; Mishra, Amitabh; Simpson, J. A.; Neal, Keith; Al-Hassi, Hafid Omar; Brookes, Matthew J.; Acheson, Austin G. (December 2019). "Iron therapy for preoperative anaemia". The Cochrane Database of Systematic Reviews. 12: CD011588.