သွန်ဆင်းသမာဗောင်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
မစ္စတာသွန်ဆင်းသမာဗောင်
လာအိုဝန်ကြီးချုပ်သစ် သွန်ဆင်းသမာဗောင်း
မွေးနေ့ ၁၉၄၄ ခုနှစ် ဧပြီ ၁၂ ရက်
မွေးဖွားရာဒေသ လာအိုနိုင်ငံ
ရာထူးအလုပ်အကိုင် နိုင်ငံတော် ဝန်ကြီးချုပ်
သမ္မတ Choummaly Sayasone
လွှဲပြောင်းပေးသူ Bouasone Bouphavanh

မစ္စတာသွန်ဆင်းသမာဗောင် (အင်္ဂလိပ်ဘာသာ:Thongsing Thammavong, Lao: ທອງສິງ ທຳມະວົງ) သည် ၂၀၁၁ ခုနှစ်တွင် အသစ်ခန့်အပ်လိုက်သော လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၏ ဝန်ကြီးချုပ်တစ်ဦးဖြစ်သည်။ မစ္စတာ သွန်ဆင်းသမာဗောင် အား ၁၉၄၄ ခုနှစ် ဧပြီ ၁၂ ရက်တွင် မွေးဖွား ခဲ့သည်။ ၎င်းသည် ဝန်ထမ်းရေးရာစီမံခန့်ခွဲမှုဆိုင်ရာ လက်မှတ်ရတစ်ဦးဖြစ်သည်။ ၎င်းသည် အလယ်တန်းကျောင်းနှင့် တပ်မတော်ဆေးကျောင်းတွင် ပညာသင်ကြား ပြီးနောက် ဟွာဖန်ပြည်နယ် စန်ယူဝါခရိုင် အလယ်တန်းကျောင်းတွင် ကျောင်း ဆရာနှင့် အဆိုပါကျောင်း၏ ဒုတိယအမှုဆောင်ညွန်ကြားရေးမှူးအဖြစ် ၁၉၆၃ ခုနှစ်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။ ထိုအချိန်မှစ၍ ၎င်းသည် ကောလိပ်၊ အထက် တန်းကျောင်း၊ အလယ်တန်းကျောင်းတို့တွင် ရာထူးအမျိုးမျိုးဖြင့် တာဝန်ထမ်းဆောင် ခဲ့သည်။ ၎င်းသည် ၁၉၆၇ ခုနှစ်တွင် ပညာရေးဝန်ကြီးဌာန၌ ဒုတိယညွန်ကြား ရေးမှူးချုပ်၊ ခေတ္တညွန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ယဉ်ကျေးမှု ဝန်ကြီးဌာန၏ သတင်းစာ၊ ရေဒီယိုနှင့် သတင်းကော်မတီ၏ ဥက္ကဋ္ဌအဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။၎င်းသည် ၁၉၅၉ ခုနှစ်တွင် တော်လှန်ရေးလှုပ်ရှားမှု၌ စတင်ပါဝင်ခဲ့ပြီး လာအိုပြည်သူ့တော်လှန်ရေးပါတီသို့ ၁၉၆၇ ခုနှစ်တွင် ဝင်ရောက်ခဲ့သည်။ ၁၉၈၂ ခုနှစ်တွင် ၎င်းသည် ပါတီဗဟိုကော်မတီ၏ အလှည့်ကျအဖွဲ့ဝင်နှင့် ဗဟိုကော်မတီ လေ့ကျင့်ရေးနှင့် ဝါဒဖြန့်ချိရေးဘုတ်အဖွဲ့၏ လက်ထောက်အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။ ယင်းသို့ တာဝန်မထမ်းဆောင်မီ အုပ်ချုပ်မှုဆိုင်ရာနှင့် သိမ်မွေ့နူးညံ့သည့် ပရိယာယ်အယူအဆဆိုင်ရာနှင့်ပတ်သက်သော ပညာရပ်တို့ကို လေ့လာသင်ကြားခဲ့သည်။ ၁၉၈၄ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ ယဉ်ကျေးမှုဝန်ကြီးဌာနဝန်ကြီးအဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည်။ ၁၉၈၉ ခုနှစ်တွင် လာအိုပြည်သူ့တော်လှန်ရေးပါတီကော်မတီ၏ အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၉၂ ခုနှစ်မှ စတင်၍ ယခုအထိ ပါတီဗဟိုကော်မတီ၏ ပေါ်လစ်ဗျူရိုအဖွဲ့ဝင်အဖြစ် ရွေးချယ်ခံရသည်။ ၎င်းသည် ၂ဝဝ၂ မှ ၂ဝဝ၆ ခုနှစ်အထိ ဗီယင်ကျန်းမြို့တော်၏ ပါတီကော်မတီ အတွင်းရေးမှူးနှင့် မြို့တော်ဝန်အဖြစ် ရွေးချယ်ခံခဲ့ရသည်။ ၎င်းသည် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဒုတိယအကြိမ်မြောက် ပြည်သူ့လွတ်တော်၏ ဒုတိယဥက္ကဋ္ဌအဖြစ် ၁၉၈၉ မှ ၁၉၉၁ ခုနှစ်အထိ လည်းကောင်း၊ ခေတ္တဥက္ကဋ္ဌအဖြစ် ၁၉၉၁ မှ ၁၉၉၂ ခုနှစ် အထိလည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။ ဋ္ဌမအကြိမ်မြောက် ပြည်သူ့လွတ်တော်၏ ဥက္ကဋ္ဌအဖြစ် ၂ဝဝ၆ မှ ၂ဝ၁ဝ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ၎င်းသည် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ်အဖြစ် ၂ဝ၁၁ ခုနှစ်တွင် ခန့်အပ်ခြင်းခံရသည်။

Reference [ပြင်​ဆင်​ရန်​]

  • The Mirror News paper, 2011, 7,11

αJp

Wikiletterk.png ဆောင်းပါးအတိုအား ပိုမိုပြီးပြည့်စုံစေရန် ဆက်လက်ရေးသား ဖြည့်စွက်နိုင်ပါသည်။ သင်က ထပ်မံဖြည့်စွက် ရေးသားပြီး ဝီကီပီးဒီးယားကို ကူညီပေးပါ။ ကျေးဇူးတင်ပါသည်။