သီရိကိုသာ

ဝီကီပီးဒီးယား မှ
Sirikotha Mandiraya
සිරිකොත මන්දිරය
အထွေထွေ အချက်အလက်များ
တည်နေရာKotte
လိပ်စာNo. 400, Sri Jayawardenepura Kotte, Sri Lanka
မြို့Colombo
နိုင်ငံSri Lanka
ဖောက်သည်United National Party
ပိုင်ဆိုင်သူUnited National Party

သီရိကိုသာ သည် သီရိလင်္ကာနိုင်ငံ၊ Sri Jayawardenepura Kotte, အမှတ် ၄၀၀ တွင် တည်ရှိသည့် အမျိုးသားညီညွတ်ရေးပါတီ၏ ရုံးချုပ်တည်ရှိရာအဆောက်အဦ ဖြစ်သည်။ အဆောက်အဦကို ၁၉၈၀ ခုနှစ်အစောပိုင်းတွင် ပါတီခေါင်းဆောင်ဥက္ကဋ္ဌ J.R. Jayawardene က ဖွင့်လှစ်ခဲ့သည်။

အမျိုးသားညီညွတ်ရေးပါတီ၏ အထွေထွေအတွင်းရေးမှူးချုပ်သည် အဆောက်အဦးရှိ တရားဝင်တာဝန်ရှိသူ ဖြစ်သည်။ အဆောက်အဦကို အလုပ်ဆိုင်ရာကော်မီတီ၊ ကုန်သွယ်ရေးအဖွဲ့၊ ကျောင်းသားများ, အမျိုးသမီးများ စသည့်တွေ့ဆုံပွဲများ စသည့် ပါတီ၏ လုပ်ငန်းဆောင်တာအားလုံးအတွက် အသုံးပြုသည်။ ထို့အပြင် နှစ်ပတ်လည်အထွေထွေတွေ့ဆုံပွဲများနှင့် ပါတီဝင်ရွေးချယ်ပွဲကိုလည်း ဤအဆောက်အဦတွင်ပင် ပြုလုပ်သည်။ သီရိကိုသာတွင် မီဒီယာနှင့် ရွေးကောက်ပွဲလုပ်ဆောင်ရေးအခန်း ပါရှိသည်။

၂၀၁၂ ခုနှစ် ခေါင်းဆောင်ရွေးချယ်ပွဲအတွင်း ပါတီထောက်ခံသူများအကြား ရင်ဆိုင်မှုများကြောင့် အဆောက်အဦသည် ပျက်စီးခဲ့ရသည်။ ၎င်းကို ထင်ရှားသည့် ဗိသုကာတစ်ဦးဖြစ်သည့် မဟင်ဒု ကီရာတီရန်တီ (Mihindu Keertirante) က ပြန်လည်ဒီဇိုင်းရေးဆွဲခဲ့သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]