သားအိမ်
Wikipedia မှ
| Uterus | |
|---|---|
| 1: fallopian tube, 2: bladder, 3: pubic bone, 4: g-spot, 5: clitoris, 6: urethra, 7: vagina, 8: ovary, 9: sigmoid colon, 10: uterus, 11: fornix, 12: cervix, 13: rectum, 14: anus | |
| Gray's | subject #268 1258 |
| Artery | ovarian artery, uterine artery, helicine branches of uterine artery |
| Vein | uterine veins |
| Lymph | body and cervix to internal iliac lymph nodes, fundus to para-aortic lymph nodes |
| Precursor | Müllerian duct |
| MeSH | Uterus |
သားအိမ်သည် လူအပါအဝင် နို့တိုက်သတ္တဝါ အများစု၏ မမျိုးပွားအင်္ဂါ တစ်ရပ်ဖြစ်သည်။ သားအိမ်ခေါင်းသည် သားအိမ်လမ်းကြောင်းမှ မအင်္ဂါသို့ ပွင့်ထွက်နေပြီး အခြားတစ်ဖက်တွင် သားဥပြွန်နှင့် ဆက်လျက်ရှိသည်။ အမသတ္တဝါများ ကိုယ်ဝန်ဆောင်ချိန်တွင် အထူးသဖြင့် အချင်းပါ နို့တိုက်သတ္တဝါများတွင် ကိုယ်ဝန်ဆောင်သည့် ကာလပတ်လုံး သန္ဓေသားသည် သားအိမ်အတွင်း၌ ကြီးထွားဖွံ့ဖြိုးသည်။ အမသတ္တဝါများ သန္ဓေသား အရွယ်တွင် သားအိမ် ၂ ခု ဖွံ့ဖြိုးလာပြီး အချင်းပါ နို့တိုက်သတ္တဝါများတွင် မျိုးစိတ်အလိုက် တစ်ခုတည်းအဖြစ် လုံးဝ သို့မဟုတ် တစိတ်တဒေသ ပေါင်းစည်း သွားလေ့ရှိသည်။ အချို့မျိုးစိတ်များတွင် သားအိမ် ၂ ခု ရှိသော်လည်း ၁ ခုမှာ အသုံးမဝင်ပေ။