သာဖြူ၊ ကို

ဝီကီပီးဒီးယား မှ

ကိုသာဖြူ (၁၇၇၆ - ၉စက်တင်ဘာ၁၈၄၀)၊ ပထမဆုံးကရင်အမျိုးသား ခရစ်ယာန်ဓမ္မဆရာ)

ပုသိမ်မြို့အနီး ဥတွကျေးရွာတွင် မွေးဖွားခဲ့သည်။ အသက်၁၅နှစ်အရွယ်တွင် မိဘများက၊ လူဆိုးဟု သတ်မှတ်ခဲ့သည်။ လူသတ်သမား၊ ဓားပြတစ်ဦးဖြစ်သွားပြီးနောက် နောင်တရခဲ့သည်။ လူ၃၀ခန့် သတ်ခဲ့သည်ဟု ဆိုသည်။ အကြွေးကြီးစွာတင်ပြီး ကျွန်အဖြစ် မော်လမြိုင်ကျွန်ဈေးတွင် ရောင်းစားခြင်းခံရသည်။ မြန်မာခရစ်ယာန်တဦးဖြစ်သော ရွှေဘေဆိုသူက ကျွန်ဈေးမှဝယ်ယူခဲ့သည်။ ရွှေဘေသည် ဆရာကြီးယုဒသန်အားဖြင့် ခရစ်ယာန်ဖြစ်လာသူဖြစ်သည်။ ရွှေဘေက ကိုသာဖြူကို ပြုပြင်ရန်ကြိုးစားသော်လည်း မအောင်မြင်ပဲ နောက်ဆုံး ဆရာကြီးယုဒသန်ထံသို့ အပ်နှံလိုက်သည်။ ဆရာကြီယုဒသန်က မြန်မာစာ ရေးဖတ်သင်ပေးခြင်းဖြင့် စာပေတတ်မြောက်လာခဲ့သည်။

၂၂ဧပြီ ၁၈၂၇ တွင် မောင်ရွှေဖေ၏ ကျွန်ဖြစ်သည်၊ မောင်သာဖြူ ဟု ဆရာကြီးယုဒသန်က မှတ်တမ်းတင်ခဲ့သည်။ မြန်မာစာ ကောင်းစာရေးဖတ်သင်ကြားခဲ့ပြီးနောက် သာသနာပြုအဖြစ် အစေခံ၊ခရစ်တော်တပည့်တော်တစ်ဦးအဖြစ် သတ်မှတ်ခဲ့သည်။

ခရစ်ယန်ကျမ်းစာသင်ကြားပြီးနောက် မော်လမြိုင်၊ ခရစ်ယန်ဘုရားကျောင်းတခုတွင် အသင်းသားအဖြစ် ပါဝင်ခဲ့သည်။ ထိုနောက် ဂျော့ဒါနာဘိုမင် (ပထမဆုံး အမေရိကန်လူမျိုး၊ ကရင်ခရစ်ယာန်သာသနာပြု) နှင့် ထားဝယ်မြို့သို့လိုက်ပါပြီး ၁၆မေ၁၈၂၈ တွင် နှစ်ခြင်းခံခဲ့သည်။ ထိုင်းနိုင်ငံ ချင်းမိုင်မြို့၊ ရန်ကုန်၊ ရခိုင်ပြည်များသို့ သာသနာခရီးစဉ်များ ထွက်ခဲ့သည်။ ကရင်လူမျိုးများကို သာသနာပြုခြင်းများလုပ်ဆောင်ရင် ရာနှင့်ချီသော ကရင်လူမျိုးများစွာ တသုတ်ပြီး၊ တသုတ် နှစ်ခြင်းမင်္ဂလာပေးခဲ့သည်။

ကိုသာဖြူသည် လက်တင်မင်္ဂလာပေးခြင်းမခံရပါ။ တဇွတ်ထိုးလုပ်တတ်သော်လည်း၊ ဘုရားရွေးချယ်သောလူဖြစ်သည် .. ဟု ပထမဆုံး ကရင် ခရစ်ယန်ကျမ်းစာအုပ်ဘာသာပြန်သူ ဆရာကြီးဖရန်စစ်မေဆင်က မှတ်တမ်းတင်ခဲ့သည်။

၁၈၄၀တွင် ကိုသာဖြူကို ပုသိမ်မြို့သို့ စေလွှတ်ပြီး၊ ပထမဆုံး ပုသိမ်၊ကရင်သာသနာပြုအဖြစ် ရွာငယ်တခုတွင် တာဝန်ထမ်းဆောင်စေခဲ့သည်။ သေဆုံးချိန်အထိ ထိုရွာငယ်တွင် နေထိုင်သွားသည်။ သူ၏ ၁၂နှစ် သာသနာပြုခရီး (၁၈၂၈-၁၈၄၀) တွင် ကရင်လူမျိုး ၁၂၇၀ဦးကို ကရင်ရွာများမှ ကရင်နှစ်ခြင်းအသင်းသားများ ဖြစ်စေခဲ့သည်။

အသက်၆၄နှစ်အရွယ် ၉စက်တင်ဘာ၁၈၄၀ တွင် ပုသိမ်ကျေးရွာတွင် ကွယ်လွန်သည်။

ကိုးကား[ပြင်ဆင်ရန်]

A Dictionary of ASIAN Christianity by Scott W. Sunquist Biography Mason, Francis, Ko Tha Byu, the first Karen Christian (1983). Ya Ba Toh Loh, Memoir of Saw Ko Tha Byu (In Karen) (1950)