သန်းသန်းဆွေ

ဝီကီပီးဒီးယား မှ
သန်းသန်းဆွေ
၁၃ ဦးမြောက် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၁၉ ဩဂုတ်လ ၂၀၂၂
ခန့်အပ်သူနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
လက်ထောက်ဦးဇော်မြင့်နိုင် (ဒုဥက္ကဋ္ဌ)
ဒေါက်တာ လင်းအောင် (ဒုဥက္ကဋ္ဌ)
ယခင်လူဦးသန်းညိန်း
မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုဥက္ကဋ္ဌ
ခန့်အပ်သူနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
တာဝန်သက်တမ်း
၄ ဖေဖော်ဝါရီလ ၂၀၂၁ – ၁၈ ဩဂုတ်လ ၂၀၂၂
အတူထမ်းဆောင်ဦးဝင်းသော် (ဒုဥက္ကဋ္ဌ)
ကိုယ်ရေး အချက်အလက်များ
မွေးဖွား၃ ဖေဖော်ဝါရီ ၁၉၆၇&#၁၆၀;(၁၉၆၇-၀၂-၀၃) (အသက် ၅၇)

ဒေါ်သန်းသန်းဆွေသည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ၁၃ ဦးမြောက် ဥက္ကဋ္ဌ ဖြစ်သည်။ သူသည် ဗဟိုဘဏ်၏ သမိုင်းတွင် ဗဟိုဘဏ်ဥက္ကဋ္ဌရာထူးကို တာဝန်ယူသည့် ပထမဦးဆုံးသော အမျိုးသမီး ဖြစ်သည်။ ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ အဖြစ် ထမ်းဆောင်ပြီး ဥက္ကဋ္ဌ ဖြစ်လာသူ ဖြစ်သည်။ ထိုတာဝန်များ မခန့်အပ်ခံရမီ သူသည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ညွှန်ကြားရေးမှူးချုပ်တစ်ဦးအဖြစ် ထမ်းဆောင်ခဲ့သည်။

ဝန်ထမ်းဘဝ[ပြင်ဆင်ရန်]

ဒေါ်သန်းသန်းဆွေသည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်တွင် ဝန်ထမ်းဘဝဖြင့် သူ၏အချိန်များ ကုန်ဆုံးခဲ့သည်။ ရာထူးအဆင့်ဆင့်တိုးပြီး ၂၀၁၅ ခုနှစ် စက်တင်ဘာ ၁၀ ရက်တွင် နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာအမှတ်၊ ၆၁/၂၀၁၅ ဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ငွေရေးကြေးရေးကြပ်မတ်ကွပ်ကဲမှုဌာန၏ ညွှန်ကြားရေးမှူးချုပ် ဖြစ်လာသည်။ [၁] ယင်းနောက် ဗဟိုဘဏ်မှာပင်  ဌာနများ ပြောင်းလဲပြီး ညွှန်ကြားရေးမှူးချုပ်များအဖြစ်လည်း ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့အထိ ထမ်းဆောင်သည်။

သူမကို စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အမိန့်အမှတ် (၂၆/ ၂၀၂၁) ဖြင့် ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ အဖြစ် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ခန့်အပ်တာဝန်ပေးသည်။ [၂]၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁၉ ရက်နေ့ ရက်စွဲ အမိန့်အမှတ် (၅၄/ ၂၀၂၂) ဖြင့် နစက က ဗဟိုဘဏ်ဥက္ကဋ္ဌ ရာထူးသို့ တိုးမြှင့်ခံရသဖြင့် (၁၃) ဦးမြောက် ဗဟိုဘဏ်၏ဥက္ကဋ္ဌ ဖြစ်လာပြီး ယင်းဘဏ်၏ ပထမဆုံးသော အမျိုးသမီးအဖြစ် သမိုင်းပြုသည်။ [၃]

ထင်ရှားဖြစ်ရပ်[ပြင်ဆင်ရန်]

၂၀၂၂ ခုနှစ် ဧပြီလ ၇ ရက်တွင် ရန်ကုန်မြို့ရှိ သူ၏နေအိမ်အတွင်း ရှိနေစဉ် သေနတ်ဖြင့် ပစ်ခတ် လုပ်ကြံခံရသည်။[၄] ပြင်းထန်ဒဏ်ရာသာ ရရှိခဲ့၍ အသက်မဆုံးခဲ့ပေ။ [၅]

ကိုးကား[ပြင်ဆင်ရန်]

  1. ဝန်ထမ်းအဖွဲ့အစည်းများပြောင်းရွှေ့ခန့်ထားခြင်း၊ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများအတည်ပြုခန့်ထားခြင်းနှင့်ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများခန့်ထားခြင်းမြန်မာနိုင်ငံတော်ပြန်တမ်း (၁၀ စက်တင်ဘာ ၂၀၁၅)။ ၄ အောက်တိုဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  2. မြန်မာဥပဒေသတင်းအချက်အလက်စနစ်။ ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌများခန့်အပ်တာဝန်ပေးခြင်း။ 2 oct 2023 တွင် ပြန်စစ်ပြီး။
  3. Ministry of Information။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ခန့်အပ်တာဝန်ပေးခြင်း။ 3 Oct 2023 တွင် ပြန်စစ်ပြီး။
  4. ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ သေနတ်နဲ့ ပစ်ခံရVOA (၇ ဧပြီ ၂၀၂၂)။ ၄ အောက်တိုဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  5. Anti-Junta Forces Shoot Deputy Governor of Myanmar’s Central BankThe Diplomat (8 April 2022)။ 4 October 2023 တွင် ပြန်စစ်ပြီး။