သတ္တုပ္ပလမာလိကာထေရီ

ဝီကီပီးဒီးယား မှ

သတ္တုပ္ပလမာလိကာထေရီ သည် မြတ်စွာဘုရား၏ သာသနာတော်ရှိ ရဟန်းမိန်းမတစ်ပါး ဖြစ်သည်။[၁]

ဘဝဇာတ်ကြောင်း[ပြင်ဆင်ရန်]

ရှေးအတိတ်ဘဝ[ပြင်ဆင်ရန်]

ဤဘဒ္ဒကမ္ဘာမှ ရေတွက်သော် သုံးဆယ့်တစ်ကမ္ဘာအထက် ကာလတွင် ဖြစ်၏။ သတ္တုပ္ပလမာလိကာထေရီသည် အရုဏဝတီမြို့၌ အရုဏအမည်ရှိသော မင်း၏ မိဖုရား ဖြစ်ခဲ့၏။ ထိုမိဖုရားသည် ကြာညိုပန်း ခုနစ်ပွင့်ကို ယူ၍ မြတ်စွာဘုရားအား လှူဒါန်းပူဇော်ခဲ့၏။ ထိုသို့ လှူဒါန်းခဲ့ရသော ကုသိုလ်တို့ကြောင့် တာတဝတိံသာဘုံသို့ ရောက်ခဲ့ရ၏။ ခုနစ်ဆယ်သော မင်းတို့၏ မိဖုရားအဖြစ်ကိုလည်း ရရှိခဲ့၏။ ခြောက်ဆယ့်သုံးယောက်သော စကြဝတေးမင်းတို့၏ မိဖုရားအဖြစ်ကို ရရှိခဲ့၏။ ကြာပန်းလှူခဲ့သည့်အတွက် ကြာညိုပန်းကဲ့သို့ အဆင်း၊ အနံ့ရှိ၍အဆင်းသည်လည်း လှပ၏။

ထိုသို့ မြတ်စွာဘုရားအား ကြာညိုပန်းလှူဒါန်းခဲ့ရသည့်အတွက် သတ္တုပ္ပလမာလိကာထေရီသည် ထိုအချိန်မှစကာ မကောင်းသူတို့ ရောက်ရာ ဒုဂ္ဂတိ ဘဝသို့ မရောက်ခဲ့ရပေ။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ခုဒ္ဒကနိကာယ်၊ ထေရီအပဒါန်ပါဠိတော်၊ သုမေဓာဝဂ်