သစ်ကြံပိုးပင်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

သစ်ကြံပိုးပင်[ပြင်​ဆင်​ရန်​]

သစ်ကြံပိုးပင်သည် လော်ရေစီအီး မျိုးရင်းတွင်ပါဝင်၍ မျိုးခွဲ၏အမည်သည် စင်နာမိုမံဖြစ်သည်။ သစ်ကြံပိုးမျိုးစိတ်ပေါင်း ၂ရဝ ကျော်ရှိ၍ ခြုံပင်၊ သစ်ပင်တို့လည်း ပါဝင်သည်။ အာရှတိုက်နှင့် သစတြေးလီးယားတိုက်တို့တွင် ပျံ့နှံ့ပေါက်ရောက်ရာ အိန္ဒိယနိုင်ငံတွင် ပေါက်ရောက် သော သစ်ကြံပိုးပင်တို့သည် အမျိုး ၂ဝ ခန့်ရှိ၍ မြန်မာနို်င်ငံတွင် ကရဝေး၊ မှန်သင်း၊ လုလင်ကျော် (နလင်ကျော်)ဟု ခေါ်ကြသော အပင်များသည်လည်း သစ်ကြံပိုးမျိုးဝင်များ ဖြစ်သည်။ သစ်ကြံပိုးခေါက်သည် ဟင်းခတ်အမွှေး အကြိုင်တစ်မျိုးအဖြစ် ထင်ရှားကျော်ကြားသည်။ အခေါက် သည်သာမက အရွက်သည်လည်း ဟင်းခတ်အမွှေး အကြိုင်များတွင် အပါအဝင်ဖြစ်သည်။ အခေါက်၊ အရွက်၊ အမြစ် စသည်တို့မှ ထုတ်ယူရရှိသော အဆီသည် ဆေးဖက်လည်းဝင်သည်။ ဆပ်ပြာ၊ ရေမွှေး၊ ဆေးဝါးစသည်တို့ကို လုပ်ကိုင်ရာ၌လည်း အသုံးပြုကြရသည်။ ထိုကြောင့် သစ်ကြံပိုးမျိုးဝင် အပင် များစွာတို့သည် စီးပွားကုန်သွယ်ရေး တန်ဖိုးရှိကြပေသည်။ ယင်းတို့အနက် အရေးပါ၍ အထင်ရှားဆုံး သော သစ်ကြံပိုး လေးမျိုးကိုသာ ဖေါ်ပြလိုပေရာ၊ ထိုလေးမျိုးမှာ သီဟိုဠ်သစ်ကြံပိုး၊ မြန်မာ သစ်ကြံပိုး၊ တုတ်သစ်ကြံပိုးနှင့် ပရုပ်သစ်ကြံပိုးတို့ ဖြစ်ပေသည်။

သစ်ကြံပိုးပင်

သီဟုဠ်သစ်ကြံပိုးကို သစ်ကြံပိုးအစစ်ဟူ၍လည်း ခေါ်သည်။ မြန်မာနိုင်ငံတွင် သဘေ‡ာသစ်ကြံပိုးဟုလည်း ခေါ်သေးသည်။ ရုက္ခဗေဒအမည်မှာ စင်မာမိုမမ် ဇေလာနီကမ် ဖြစ်သည်။ ထိုအပင်မျိုးသည် အိန္ဒိယနိုင်ငံ အနောက်ပိုင်းနှင့် တောင်ပိုင်းဒေသများတွင်၄င်း၊ သီဟိုဠ်ကျွန်းတွင်၄င်း၊ မြန်မာနိုင်ငံတောင် ပိုင်း တနသ‡ာရီတိုင်းတွင်၄င်း ပေါက်ရောက်သည်။ အိန္ဒိယနိုင်ငံ အနောက်ပိုင်း တောင်ဘက် ပင်လယ် ကမ်းရိုးတမ်းတစ်လျှောက်တွင် ပေ ၆ဝဝဝ အထိ မြင့်သောဒေသများတိုင်အောင် ထိုသစ်ကြံပိုးမျိုးတို့ အလေ့ကျ ပေါက်ရောက်လျှက်ရှိသည်ကို တွေ့ရသည်။ ပင်လယ်ရေပြင်မှ အမြင့်ပေ ၁ဝဝမှ ပေရဝဝ အထိရှိသော ဒေသများ၌ အများအပြား ပေါက်ရောက်၍ ပေ ၃၅ဝဝအမြင့် ရှိသော ဒေသများတွင် လည်းအတော်အသင့် တွေ့ရှိရသည်။ ထိုသစ်ကြံပိုးပင်တို့သည် အပင်အလတ်စားဖြစ်၍ အမြင့်ပေ ၂ဝမှ ၂၅ပေ အထိရှိနိုင်သည်။ သီဟိုဠ်ကျွန်းတွင် ပေ ၆ဝ ခန့်မြင့်သော ထိုသစ်ကြံပိုးပင်များကို ရံဖန်ရံခါ တွေ့ရသည်။အရွက်များသည် လေးလက်မမှ ခုနစ်လက်မ အထိ ရှည်၍ ပျဉ်းတွဲတွဲနေသည်။ အရွက်ရင့်များ၏ အပေါ်ဘက်တွင် တောက်ပသည်။ အရွက်ကိုချေလိုက်လျှင် စူးရှရှ မွှန်တွန်တွန် အနံ့မျိုးထွက်သည်။ အရွက်တစ်ရွက်တွင် သုံးခုမှ ငါးခုအထိ အကြောများယှဉ်ပြိုင်ပါရှိသော ကြောပြိုင်အရွက်မျိုး ဖြစ်လေသည်။ ဇန္နဝါရီလ လောက်တွင် စိမ်းဝါဝါ အပွင့်ကလေးများပါသည့် ပန်းခိုင်မျိုးပွင့်သည်။ အပွင့်အနံ့ မကောင်းချေ။ မေလမှ 0x100သဂုတ်လအတွင်း အသီးများသီး၍ မှည့်သည်။ ခရမ်းရင့်ရောင်ရှိသော အသီးသည် အခွံပျော့၍ အစေ့တစ်စေ့တည်းသာ ပါသည်။ ဘဲဥပုံသဏ္ဌာန်ရှိ၍ လက်မဝက်ခန့်မှ တစ်လက်မခန့်အထိ ရှည်ပြီးလျှင် အသီးကိုခွဲ ကြည့်လျှင် တာရပင်ဆီအနံ့မျိုး ထွက်လေသည်။

အပင်ပျိုနှင့်ငုတ်တက်တို့၏ အခေါက်သည် ချောမွတ်၍ ဖြူဖျော့ဖျော့အရောင်ရှိသည်။ အကိုင်း ရင့်များ၏ အခေါက်သည် ကြမ်း၍ အညိုရောင်ဖြစ်သည်။ အလယ်ကိုင်း များမှ အခေါက်သည် အပြင်ကိုင်းများမှ အခေါက်ထက် ပို၍ကောင်းသည်။ အကိုင်းအလယ်မှ အခေါက်သည် အရင်းနှင့် အဖျားပိုင်းအခေါက်ထက် ပို၍ကောင်းသည်။ အပင်အရင်းပိုင်း၏အခေါက်သည် အညံ့စားဖြစ်လေသည်။ ထိုသစ်ကြံပိုးပင်မျိုးကို သိဟိုဠ်ကျွန်း၌ အကြီးအကျယ် စိုက်ပျိုးလုပ်ကိုင်၍ သစ်ကြံပိုးခေါက်များ ကို ကမ္ဘာအရပ်ရပ်သို့ အများဆုံးတင်ပို့နိုင်ခဲ့သည်။ အိန္ဒိယနိုင်ငံသည် အလေ့ကျ ပေါက်သောအပင်များမှ ရရှိသည့် အခေါက်များကိုသာ တင်ပို့ရောင်းချရာ သီဟိုဠ်မှ သစ်ကြံပိုးခေါက်က အမျိုးအစားပို၍ကောင်း လေသည်။

သီဟိုဠ်သစ်ကြံပိုးပင်မျိုးသည် အပူပိုင်းဇုံဒေသ အတွင်း၌ဖြစ်လျှင် မြေအမျိုးအစားမေရွေးဘဲ ပေါက်ရောက် ဖြစ်ထွန်းနိုင်သည်။ သို့သော် အခေါက်အမျိုးအစားတွင်သာ ကွာခြားမှုရှိလေသည်။ သီဟိုဠ် ကျွန်းဒေသတွင်ပင် သဲဖြူဆန်သောမြေမျိုး၌ စိုက်ပျိုးပေါက်ရောက်သည့် အပင်မှရရှိသည့် သစ်ကြံပိုး ခေါက်သည် အကောင်းဆုံးဖြစ်သည်ကို တွေ့ရလေသည်။ ထိုသစ်ကြံပိုးမျိုးကို အစေ့ပျိုး၍စိုက်ရသည်။ ယင်းတို့သည် အနည်းဆုံး မိုးရေချိန်လက်မ ၈ဝခန့် လိုသည်။ အပင်များပျိုး၍ နှစ်နှစ်ခန့်ရှိလျှင် အပင်ပေါက်များသည် ခြောက်ပေမှ ရှစ်ပေခန့်အထိ မြင့် လာ၍ အပင်လုံးသည် လက်ညှိုး၊ လက်မခန့် ဖြစ်လာသည်။ စိုက်ခင်းထဲတွင် အပင်များကို ထိုထက်ပိုမိုမြင့်မား ကြီးထွားအောင်မထားဘဲ အခေါက်ရနိုင်ရန် ထိုအရွယ်၌ပင် အပင်များကို ခုတ်ချရသည်။ ထိုအရွယ်၌ခုတ်မှသာ အခေါက်ခွါ၍လွယ်သည်။ သီဟိုဠ်ကျွန်း၌ မေလမှ 0x100သဂုတ်လအတွင်း၌၄င်း၊ အောက်တိုဘာလမှ ဒီဇင်ဘာလအတွင်း၌၄င်း ခုတ်ရသည်။ ခြောက်သွေ့သော ရာသီဥတုအခါ၌ခုတ်လျှင် အခေါက်ခွါရန် မလွယ်ကူချေ။ မြေကြီးနှင့်ကပ်၍ အပင်ကိုခုတ်ချသော်လည်း နောင်အခါ ငုတ်တက်များ ပြန်လည်ထွက်ပြီးလျှင် အပင်ပြန်၍ တက်လာလေသည်။

ဖြတ်ချလိုက်သော အပင်လုံး၏အခက်အလက်များကို ရှင်းလင်းပြီးနောက် အပင်လုံး၏တစ်ဖက် တစ်ချက်တွင် ဓါးနှင့်တစ်ချက်စီ အလျားလိုက် မွှမ်းချလိုက်ရသည်။ မိုးရာသီအတွင်းမဟုတ်လျှင် အခေါက် ကပ်နေတတ်ရာ ဓါးရိုးဖြင့်ဖြစ်စေ၊ တုတ်ဖြင့်ဖြစ်စေ ပင်လုံးကို အနည်းငယ် ထုရိုက်ပေးရသည်။ ထိုအ ခါမှ အခေါက်ကွာလေသည်။ ခွာပြီးသားအခေါက်များကို စုပြီးလျှင် တစ်ရက်နှစ်ရက် ခန့် ဖိထားရသည်။ ထိုအခါမှ အခေါက် အပေါ်ဖက်ရှိ အမြေ|းနှင့် အောက်ဖက်တွင်ကပ်နေသော အသားဖတ်တို့ကို ခွာထုတ်ရန်လွယ် ကူသည်။ ယင်းတို့ကို ခွာပြီးလျှင် အခေါက်များကို တစ်ပေခန့်အရှည်ထား၍ ပိုင်းဖြတ်ကာ သုံးရက်ခန့် နေပြ၍ ခြောက်အောင်လှန်းရလေသည်။ ထိုအခါ အခေါက်ရောင်သည် ညိုလာပြီးလျှင် အခေါက်များ သည်လည်း ခွေလိပ်သွားကြလေသည်။ ထိုအခါမှ အခေါက်လိပ်များကို အစည်းများစည်းကာ အရွယ်အ စား ခွဲခြား၍ ထုပ်ပိုးပြီးလျှင် နိုင်ငံခြားသို့ တင်ပို့သည်၊ များသောအားဖြင့် သီဟိုုဠ်ကျွန်းမှ သစ်ကြံပိုး ခေါက်ကို ဂျာမနီနှင့် အမေရိကန်ပြည်ထောင်စုသို့ တင်ပို့ရလေသည်။

သီဟိုဠ်ကျွန်းတွင် တစ်ဧကရှိသော စိုက်ခင်းမှ သစိကြံပိုးခေါက်ပေါင်ချိန် ၁၅ဝ ခန့်ထွက်သည်။ စိုက်ပျိုးပြုစုမှု ကောင်းပါလျှင် ဆယ်နှစ်ခန့်အထိ တစ်နှစ်ထက်တစ်နှစ် အထွက်တိုးလာနိုင်လေသည်။ သီဟိုဠ်သစ်ကြံပိုးပင်၏ အခေါက်၊ အရွက်၊ အမြစ်တို့ မှလည်း ဆီထုတ်ယူ ရရှိိသည်။ သစ်ကြံ ိုးခေါက်တွင် ဆီ နှစ်ပိုင်းတစ်ပိုင်း ရာခိုင်နှုန်းမှ တစ်ရာခိုင်နှုန်းအထိ ပါရှိသည်။ ထုတ်ယူပြီးစ ဆီအရောင်သည် အဝါနုဖြစ်သော်လည်း ကြာလျှင် အနီရောင်သို့ ပြောင်းသွားလေသည်။ သီဟိုဠ်ကျွန်းတွငထုတ်ယူ သော အခေါက်ဆီထက် ဥရောပနှင့် အမေရိကန်ပြည်ထောင်စု တို့တွင် ထုတ်ယူသော အခေါက် ဆီကပို၍ အမျိုးအစား ကောင်းသည်။ ဥရောပနှင့် အမေရိကန်ပြည်ထောင်စုတို့တွင် သီဟိုဠ်မှတင်ပို့သော သစ်ကြံပိုး ခေါက်များမှ အဆီထုတ်ယူ ခြင်းဖြစ်သည်။ အိန္ဒိယနိုင်ငံတွင်မူ သစ်ကြံပိုးခေါက်များကို ဆီထုတ်ယူခြင်း မပြုကြချေ။ အခါက်ဆီကို ချိုချဉ် မုံ့ပဲသရေစာလုပ်ငန်း၊ အရက်ချိုမွှေးလုပ်ငန်း၊ ဆေးဝါးလုပ်ငန်း၊ ဆပ်ပြာလုပ်ငန်း၊ သွားကိုက်ပျောက်ဆေးနှင့် သွားတိုက်ဆေးလုပ်ငန်းတို့တွင် အသုံး ပြုကြသည်။အထူးသဖြင့် အစာကြေ ရင်ချောင်သော ဆေးဝါးများဖေါ်စပ်ရာ၌ ထည့်သွင်းအသုံးပြုကြ လေသည်။

အရွက်တွင် ဆီ တစ်ရာခိုင်နှုံးပါရှိ၍ အရွက်ဆီ၏ အရောင်သည် ညိုသည်။ ပူရှိန်းရှိန်း အရသာ ရှိပြီးလျှင် ပရုတ်နံ့ထွက်သည်။ ရေမွှးလုပ်ငန်းနှင့် ချိုချဉ် မုံ့ပဲသရေစာလုပ်ငန်း၊ ဆပ်ပြာလုပ်ငန်းတို့တွင် ထိုအဆီကို အသုံးပြုကြသည်။ လေးည|င်းဆီ နည်းတူ ဆေးဖက်ဝင်၍ လေးည|င်းဆီကဲ့သို့၄င်း၊ အခေါက်ဆီကဲ့သို့၄င်း ဆေးဝါးဖေါ်စပ်ရာ၌ သုံးကြသည်။ ရူမက်တစ်ရောဂါအတွက် လိမ်းဆေးအဖြစ် လည်း အသုံးပြုနိုင်လေသည်။ အမြစ်တွင်ဆီ သုံးရာခိုင်နှုန်း ပါဝင်သည်။ အမြစ်မှထုတ်ယူ ရရှိသောဆီသည် အခေါက်ဆီ၊ အရွက်ဆီ တို့နှင့် မတူပေ။ အရောင်အဆင်းမရှိဘဲ ပရုတ်နံ့ပြင်းသည်။ အမြစ်ဆီကို အသုံးနည်း၍ အရောင်း အဝယ် မပြုလုပ်ကြချေ။ အသီးမှရရှိသော ဆီသည်လည်း ဆေးဖက်ဝင်သည်ဟု ဆိုသည်။ အသီးရင့်များကို ဘုံဘိုင်မြို့သို့ တင်ပို့၍ လေးည|င်းပွင့်များနှင့် ရောနှော ရောင်းချကြလေသည်။ အစေ့များတွင် ဆီ ၃၃ ရာခိုင်နှုံးပါရှိ၍ ယင်းတို့မှထုတ်ယူ ရရှိသော ဆီကို ဖရောင်းတိုင်လုပ်ကိုင်ရာ၌ အသုံးပြု ကြလေသည်။

သီးဟိုဠ်သစ်ကြံပိုးပင်၏ အသားသည် ညိုမှိုင်းမှိုင်း အရောင် ဝါညိုညိုအရောင်မျိုး ရှိတတ်၍ အကွက်အပျောက် မပါရှိချေ။ အနည်းနှင့်အများ အရောင်တောက်ပ၍ အနံ့သင်းသင်းမွှေးသည်။ အသား သည် မလေးလွန်းဘဲ ပေါ့ပေါ့ပါးပါး ရှိတတ်၍ အကြောဖြောင့်သည်သာ များလေသည်။ များသောအားဖြင့် အသားညက်၍ ပျော့ပြီးလျှင် အသားသေအောင် ပြုလုပ်ရန် လွယ်ကူသော်လည်း ကောက်ကွေးခြင်း ကွဲအက်ခြင်း ဖြစ်တတ်လေသည်။ ရုက္ခဗေဒအမည်ဖြင့် စင်နာမိုမမ် တမလာဟုခေါ်သော သစ်ကြံပိုးပင်မျိုးကို မြန်မာသစ်ကြံပိုးဟု အမည်သတ်မှတ်ထား သည်။ ယင်းအပင်မျိုးသည် ဟိမဝန္တာတောင်တန်း၏ အရှေ့ပိုင်း၊ အရှေ့ဘဂ‡လား ပြည်နယ်၊ ခါဆီတောင်တန်း၊ ဂျိန္တိယာတောင်တန်းနှင့် မြန်မာနိုင်ငံတို့၌ တွေ့ရှိရပြီးလျှင် မြေပြင်အမြင့် ပေ ၃ဝဝဝ မှ ရဝဝဝ ရှိသော ဒေသများ၌ ပေါက်ရောက်လေသည်။

ရွက်မပြတ်သော အပင်မျိုးဖြစ်၍ အပင်အလတ်စားမျိုး တွင်ပါဝင်ပြီးလျှင် ၂၅ပေခန့်အထိ မြင့်နိုင်၍ လုံးပတ် လေးပေခွဲခန့် ရှိလေသည်။ အရွက်သည် လှံသွားပုံရှိ၍ ကြွပ်ဆတ်သည်။ ထိုသစ်ကြံပိုး မျိုုး၏ အရွက်ကို အခေါက်ထက်ပို၍ အသုံးများကြသည်။ ထိုအပင်မျိုး၏ အခေါက်သည် သီဟိုဠ် သစ်ကြံပိုးခေါက်ထက် ပို၍ ကြမ်းလေသည်။ ဆစ်ကင်ပြည်နယ်၌ ပေါက်ရောက်သော ထိုသစ်ကြံပိုးမျိုး၏ အခေါက်ကိုမူ ဟင်းခတ် အမွှေးအကြိုင် အဖြစ်လည်း အသုံ့းပြုကြလေသည်။ သစ်ကြံပိုး အဆစ်ခေါက် (သီဟိုဠ်သစ်ကြံပိုးခေါက်)နှင့် ရောနှောရောင်းချခြင်းလည်း ပြုကြလေသည်။

ထိုသစ်ကြံပိုးပင်ကိုလည်း အစေ့ပျိုး၍ စိုက်ကြသည်။ အပင်သက် ၁ဝနှစ်ခန့်ရှိလျှင် အရွက်များ ကို ခူးနိုင်ပေပြီ ထိုအချိန်မှစ၍ နောင်နှစ်ပေါင်း ၁ဝဝခန့်အထိ ထိုသစ်ကြံပိုး ပင်များမှ အကျိုးခံစားခွင့် ရနိုင်ကြပေသည်။ အရွက်များကို မိုးကုန်စပြုသော အောက်တိုဘာလမှ ဒီဇင်ဘာလများအတွင်း ဆွတ်ခူးကြလေသည်။ အချို့ဒေသများတွင် မတ်လအထိ ခူးကြလေသည်။ အပင်ပျိုများမှ တစ်နှစ်တစ်ခါခူးကြသော်လည်း အပင်အိုများမှာ နှစ်ခြား ခူးကြရသည်။အရွက်များ ခူးဆွတ်ချိန်တွင် အရွက်များများပါသော အကိုင်းများ ကို ခုတ်ချ၍ သုံးလေးရက်မျှ နေလှန်းရသည်။ ထိုနောက် ထိုအကိုင်းများကို စည်းနှောင်၍ဈေးသို့ တင်ပို့ရောင်းချကြသည်။ အချို့ဒေသတွင် ချွေ၍ တောင်းများတွင်ထည့်ပြီးလျှင် ဈေးသို့ ပို့လေသည်။ ထိုအရွက်များကို များသောအားဖြင့် ဟင်းခတ် အမွှေးအကြိုုင်အဖြစ် အသုံးပြုကြသော်လည်း ကသမီယပြည်နယ်တွင် ကွမ်းကဲ့သို့ စားသုံးကြသည်။ စင်စစ် အရွက်ကို ဟင်းခတ်အမွှေးအကြိုင်အဖြစ် သုံးကြသော သစ်ကြံပိုးပင်မျိုးသည် စင်နာမိုမမ် တစ်မျိုးတည်းမဟုတ်ချေ။ စင်နာမိုမမ် အင်နာမီဒိယမ်၊ စင်နာမိုမမ် အော့တူစီဖိုလီယမ်နှင့် စင်နာမိုမမ် အယ်လဗီဖလော်ရမ်တို့၏ အရွက်များကိုလည်း ဟင်း ခတ်အမွှေးအကြိုင်အဖြစ် သုံးကြသည်။ မြန်မာနိုင်ငံတွင် ဟင်းခတ်အမွှေးအကြိုင်အဖြစ် အသုံးများသော ကရဝေးရွက်သည် စင်နာမိုမမ် အင်နမ့်တမ်၏အရွက် ဖြစ်သည်။

ထိုသစ်ကြံပိုးအရွက်မှ ထုတ်ယူရရှိသော ဆီသည် သီဟိုဠ်သီဟိုသစ်ကြံပိုးအရွက်ဆီနှင့် တူသည်၊ အခေါက်ဆီအရောင်သည် ဝါဖျော့ဖျော့ဖြစ်သည်။ ယခုအခါ ဓါတုဗေဒသစ်ကြံပိုးဆီများ အတုပေါ်လာ၍ ထိုအဆီများ အရောင်းအဝယ် ယုတ်လျော့လာလေသည်။ ယင်းတို့ကို တာရပင်ဆီ အပေါစားများနှင့် လည်း ရောနှေ၍ ရောင်းချ ကြလေသည်။

တုတ်သစ်ကြံပိုးဟု ခေါ်ဝေါ်ကြသော သစ်ကြံပိုးမျိုး၏ ရုက္ခဗေဒအမည်သည် စင်နာမိုမမ် တက် ဆီယာ ဖြစ်သည်။ ထိုသစ်ကြံပိုးပင်တို့သည် အပင်အလတ်စားမျိုးဖြစ်၍ ပေ ၄ဝမှ ၅ဝအထိ အမြင့် ရှိနိုင်သည်။ အရွက်များသည် လှံသွားပုံရှိ၍ ကြွပ်ဆတ်လေသည်၊ အင်ဒိုချိုင်းနားပြည်၌ မူလ ပေါက်ရောက် ရာမှ တုတ်၊ ဂျားဗား၊ သီဟိုဠ် စသော အာရှတိုက်ဒေသများ သို့ မျိုးပြန့်ခဲ့သည်။ ရှေးပဝေဏီကပင် ထိုသစ်ကြံပိုးမျိုးကို ဟင်းခတ်အမွှေးအကြိုင်အဖြစ် အသုံးပြုခဲ့ကြောင်းကို ခရစ်မပေါ်မီ နှစ်ပေါင်း ၂ရဝဝ က တုတ်နိုင်ငံ၏ အပင်ငယ်စာရင်း၌ ပါရှိသည်ကို၄င်း၊ သမ္မာကျမ်းစာနှင့် ဂရိစာပေ၌ ပါရှိသည်ကို၄င်း ထောက်ထား၍ သိရှိရလေ သည်။တစ်ပင်လုံးပင် အနံ့သင်း၍ အခေါက်သည် သီဟိုဠ် သစ်ကြံပိုးထက် အတန်ငယ်ညံ့သော်လည်း ထိုသစ်ကြံပိုးခေါက် အစားအသုံးပြုနိုင်သည်၊ ထိုသစ်ကြံပိုးပင်၏ အသီးသည်လည်း ဆေးဖက်ဝင်သည်။အရွက်မှ ထုတ်ယူရရှိသောဆီကို ဆပ်ပြာ လုပ်ငန်း နှင့် ဆေးဝါးလုပ်ငန်းတို့၌ အသုံးချ၍ တုတ်နိုင်ငံမှ ထိုဆီမျိုးကို အများဆုံး ထုတ်လုပ်တင်ပို့လေသည်။

ထိုသစ်ကြံပိုးမျိုးကို သီဟိုဠ်သစ်ကြံပိုးပင်မျိုးတို့ကဲ့သို့ စိုက်ပျိုးရသည်၊သို့သော် သီဟိုဠ်သစ်ကြံပိုးကဲ့သို့ ငယ်ငယ် အရွယ်တွင် ခုတ်ချခြင်း မပြုသဖြင့် အပင်ကြီးများ ဖြစ်လေသည်။ ထိုကြောင့်အခေါက် ရနိုင်ရန် အပင်ကြီးများ၏ အကိုင်းအခက်များကို အချိန်အခါအလိုက် ခုတ်ချ၍ အခေါက်ခွါယူကြသည်။ ယင်းတုတ်သစ်ကြံပိုးပင်၏ အခါက်များသည် သီဟိုဠသစ်ကြံပိုးအခေါက်များကဲ့သို့ ခွေလိပ်ခြင်း မရှိပေ။ ကုန်သွယ်ရေး စီးပွါးရေးအတွက် ထွက်ကုန်ပစ္စည်း ရရှိသော အခြား သစ်ကြံပိုးတစ်မျိုးမှာ ပရုတ်သစ်ကြံပိုး ဖြစ်သည်။ ပရုတ်သစ်ကြံပိုးပင်ကို ရုက္ခဗေဒအမည်ဖြင့် စင်နာမိုမမ် ကမ်ဖိုရာဟု ခေါ်၍ ပရုတ် ချက်ယူရရှိသော ပရုတ်ပင် ဖြစ်လေသည်။[၁]

Ceylon Cinnamon (သစ်ကြံပိုး)[ပြင်​ဆင်​ရန်​]

  • Botany Term : Cinnamomum tamala F.Nees
  • Species/Family : Lauraceae


ပုံသဏ္ဌာန် : အပင်----အမြဲ စိမ်းလန်း၍ အနံ့ရှိသော အပင်ကြီး မျိုး ဖြစ်သည်။ အပင် ရိုင်းသည် ပေ ၄၀ မှ ၆၀ အထိ မြင့်သည်။ အကိုင်း များ ေဝေ၀ ဆာဆာ ထွက်လေ့ ရှိသည်။ နုသော အပိုင်းသည် ချောမွတ် ၍ ပိုးသား ကဲ့သို့ နူးညံ့သော အမွေး များဖြင့် ဖုံးလွှမ်း နေသည်။ အရွက်--ရွက်ဆိုင် ထွက်သည်။ ဘဲဥ ပုံ၊ လှံစွပ်ပုံ ဖြစ်သည်။ ရွက်ရင်း ဝိုင်း၍ ရွက်ဖျား ချွန်သည်။ ရွက်ပြား အပေါ် မျက်နှာပြင် ပြောင်ချော သည်။ အောက်မျက်နှာ ပြင်စိမ်းညို ရောင် ရှိသည်။ ရွက်ကြော ၃-၅ ခု ရှိ၏ ။ ရွက်နုသည် ပန်းရောင် ရှိ၍ ကြာသော် အစိမ်း ရင့်ရောင် သို့ ပြောင်းလဲ သွား၏။ အပွင့်--ပွင့်ညှာ ရှည်၍ ကိုင်းဖျားမှ သော်လည်းကောင်း ၊ ကြားဖူးမှ လည်းကောင်း ပွင့်သည်။ အပွင့်သေး ငယ်သည်။ အဝါ ဖျော့ဖျော့ရောင် ရှိ၍ စူးရှသော အနံ့ ရှိ၏ ။ ပွင့်ဖတ် ခေါင်းလောင်းပုံ ဖြစ်သည်။ တပို့တွဲ ၊ တပေါင်း တွင် ပွင့်သည်။ အသီး--- သေးငယ်သည်။ ညိုရောင်သမ်း သော အနီရောင် ရှိသည်။ ရှည်မျောမျော ပုံသဏ္ဍာန် ဖြစ်၍ ၂ လက်မ ၃ လက်မခန့် ရှည်သည်။ အသီးမှ အဆီ ထုတ်ယူ ရရှိ၏ ။ နယုန်လ မှ သီတင်းကျွတ် လအတွင်း အသီး ရင့်သည်။ အခေါက်--အလွန် အဖိုးတန် ၏ ။ မွှေးကြိုင်သည့် သတ္တိ ရှိသည်။ ၎င်း အခေါက် မှ အဆီ ရရှိသည်။ အခေါက် ပါး၏။ အသုံးပြုနိုင်သည့် အစိတ်အပိုင်းများ : အခေါက် ၊ အဆီ။ မြန်မာနိုင်ငံတွင် တွေ့နိုင်သောနေရာများ : တနင်္သာရီ ၊ ချင်းတွင်း အထက် ပိုင်း ရှမ်းပြည်နယ် မြောက်ပိုင်း ၊ ဗန်းမော် ၊ ရခိုင်ပြည်နယ် တို့ တွင် ပေါက်ရောက် သည်။ မြေနှင့် ရာသီဥတု ကို အလွန် ရွေးချယ် သည်။ မိုးရေချိန် ၈၀ လက်မ ထက် မနည်းသော အပူပိုင်း ရာသီ ဥတု မျိုးတွင် စိုက်ပျိုး ဖြစ်ထွန်း သည်။ စိုက်ပျိုးပင် ဖြစ်သည်။ စိုက်ပျိုးပုံ-- (က) မြေအမျိုးအစား---နုန်းတင် မြေနုမျိုး သည် အကောင်းဆုံး ဖြစ်သည်။ ဂဝံဆန်သော မြေတွင်စိုက်ပျိုး နိုင်သော် လည်း သဲနုမြေ လောက် အရည်အချင်း မကောင်းပေ။ (ခ) စိုက်ပျိုးခြင်း---အပင်ကို ကြီးသည် အထိ ထားမည် ဆိုပါက တစ်ပင် နှင့် တစ်ပင် ၁၅ ပေ ၂၀ ပေ အကွာ ထား၍ စိုက်ရမည်။ အပင်ငယ် တွင် ခုတ်ယူလို ပါက မြေကို အချင်း ၄ ပေရှိ စက်ဝိုင်း ပုံဖော်ပြီး တစ်စေ့ နှင့် တစ်စေ့ ၈ လက်မ ကွာ ထား၍ ပတ်လည် စိုက်သွား ရမည်။ စက်ဝိုင်း တစ်ခု နှင့် တစ်ခု ဗဟို ချင်း ၁၀ ပေ အကွာ ထားသင့်သည်။ အစေ့ကို စိုက်မည့် အစား အကိုင်း ကို အမြစ် ဖောက်၍ လည်း စိုက်နိုင်သည်။ အစေ့မှ အညှောက် ပေါက်ရန် သုံးပတ် ကြာသည်။ (ဂ) ပြုစုခြင်း--အပင်ငယ် များ နေရာတွင် ဂရုစိုက်၍ အစား ထိုး စိုက်ရမည်။ ပေါင်းပင်များ အမြဲ ရှင်းနေ စေပြီး ရေကို လိုသလို သွင်းလောင်း ပေးရန် လိုသည်။ (ဃ) စုဆောင်းရယူခြင်း- ၁ ။ ရိတ်သိမ်းခြင်း ---အပင်ကို ကြီးသည် အထိ ထားပါက အမြင့် ပေ ၃၀ မှ ၅၀ အထိထား ၍ အပင်ငယ် တွင် အခေါက် ခွာလိုပါက ၂ နှစ်သား အရွယ် ၆-၈ ပေ အမြင့်တွင် ခုတ်ယူ၍ အခေါက် ခွာယူနိုင်သည်။ အခေါက် ခွာရာတွင် ကဆုန်လမှ ဝါခေါင်လ တွင် တစ်ကြိမ် ၊ သီတင်းကျွတ် မှ တန်ဆောင်မုန်း လတွင် တစ်ကြိမ် ၊ ပင်ခြေ လက်လေးသစ် ခန့် ချန်၍ ခုတ်သိမ်း ရသည်။ ၎င်းငုတ် မှ ဘေးတက်များ ပြန်ထွက်နိုင်သည်။ ပင်စည်ကို ခုတ်ယူပြီးနောက် အရွက်များကို ဖယ်ရှား၍ ပင်စည် အလျား လိုက် ဓားဦး ချွန် နှင့် အောက်သို့ ထိုးချလိုက်ပြီး ဓားထိပ်ချွန် နှင့် အခေါက် ကို လှန်ခွဲ ရသည်။ ၂ ။ ပြုပြင်ခြင်း--ခွာရသော အခေါက်များ ကို စုပုံပြီး ဂုံနီ အိတ် ဖြင့် အလုံဖုံး ၍ ချွေးပြန် အောင် တစ်ညသိပ်ထား ရသည်။ နောက် နေ့တွင် အခေါက်ပေါ်ရှိ တစ်ည အပွေးများကို ဓားနှင့် ခြစ်ပစ်ပြီး အရိပ်ထဲ တွင် ၁၂ ရက် ခန့် အခြောက် ထား ခြင်းဖြင့် အခေါက် များ အလိပ်လိုက် ဖြစ်လာသည်။ ထိုအချိန် တွင် ညိုဝါရောင် ပြောင်းသွားသည်။ သစ်ကြံပိုး အဆီကို အခေါက် နှင့် အရွက်များမှ ထုတ်ယူနိုင်သည်။ အသုံးဝင်ပုံ : အခေါက် ၁ ။ လေ ၊ သည်းခြေနာ ၊ ဝမ်းသွားရောဂါ ၊ သွေး ၊ ချွေးထွက် လွန်ခြင်း တို့ကို အထူးသဖြင့် နိုင်၏။ ၂ ။ အခေါက် မှုန့်ကို ရှားစေးနှင့် ဆတူ သောက်ပါက ဝမ်းသွားခြင်း ပျောက်၏။ ၃ ။ တုပ်ကွေး ရောဂါ ၊ ချောင်းဆိုး ရောဂါ ၊ သုက်ခန်း ခြောက်ခြင်း ၊ သွေးဝမ်း ပိတ်ဝမ်းကိုက်ခြင်း တို့တွင် အခေါက်ကို သွေး၍ အခြား ဆေးတို့နှင့် ဖက်စပ် တိုက်နိုင်သည်။ ၄ ။ ဟင်းလျာ များ ချက်ပြုတ် ရာ၌ သစ်ကြံပိုး အခေါက် ကို ထည့်ချက်လျှင် အစာကြေ၏ ။ ၅ ။ သစ်ကြံပိုး အခေါက် ၌ အခံဓာတ်ခေါ်(tannin) ပါ သဖြင့် ဝမ်းပျက် ရောဂါနှင့် ဝမ်းတွင်း သွေးယိုစီးသော ရောဂါများ ၌ သုံးနိုင်၏။ ၆ ။ ဝမ်းတွင်း ၌ ပူစေသော ကြောင့် အော့အန်ခြင်း နှင့် ပင်လယ်လှိုင်း မမူးစေရန် အတွက် လည်း သုံး၏။ ၇ ။ အခေါက် ကို ပြုတ်၍ သောက်လျှင် ဝမ်းကိုက်ရောဂါ ပျောက်၏ ။ ၈ ။ သွေးကို အားပေး သောကြောင့် White Blood Copuscles ခေါ် သွေးကောင်းတွင် ပါဝင်သည့် အဖြူသွေး ကို တိုးပွား စေသဖြင့် အဆုတ်နာ ရောဂါ ကုဆေး အဖြစ် ဖော်စပ်သုံး သည်။ အဆီ ၁ ။ အဆီကို သွားကိုက်ရာ တွင် သိပ်ပေးပါက ပျောက် ၏။ ၂ ။ နားအူ၊ နားလေထွက် ခြင်း များ ဖြစ်ပါက ၎င်းဆီကို ခတ်ပေး လျှင် ပျောက်ကင်း ၏ ။ ၃ ။ ဝမ်းတွင်း လေပွသော် အဆီ ၂-၄ စက် အထိ သောက်လျှင် ပျောက်၏ ။ ၄ ။ တိုက်ဖိုက် (Typhoid) ရောဂါ ဖြစ်သော် အဆီ ၂ စက် ခန့် တစ်နေ့ နှစ်ကြိမ် သို့မဟုတ် ၃ ကြိမ်ခန့် သောက် ရ၏ ။ [၂]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)
  2. http://arogyamonline.com/commodity/materials/?raw=31