သင်္ဘောမညှိုး

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
သင်္ဘောမညှိုး
သိပ္ပံနည်းကျမျိုးခွဲခြင်း
လောက [[Plantae]]
မျိုးစဉ် [[Gentianales]]
မျိုးရင်း [[Apocynaceae]]
မျိုးစု '''''Catharanthus'''''

Madagascar Periwinkle (သင်္ဘောမညှိုး)[ပြင်​ဆင်​ရန်​]

  • Botany Term : Vinca rosea Linn
  • Species/Family : Apocynaceae
သင်္ဘောမညှိုး အပွင့်

ပုံသဏ္ဌာန် : အပင် ပင်ပျော့ ပင်ငယ် သက်ပြင်းမျိုး ဖြစ်၏။ အမြင့် ၁ ပေမှ ၂ ပေခွဲ ထိမြင့်၏။ ပင်စည်လုံး သေးငယ်သည်။ အခက်ဖြာ၏။ ပင်စည် ရိုးတံနှင့် အခက်ပါမက ရွက်ညှာ များပါ မရမ်းရောင် သမ်း၏။ ပင်စည် အရင်းနားတွင် အပွေး အနည်းငယ် ရှိ၏။ အပင် ကြီးလာ သည်နှင့် အမျှ အပွေး ရင့်လာသည်။ ပင်စည် အထက်ပိုင်း ချောမွေ့၏။ အရွက် ရွက်ဆိုင် ထွက်၏။ ထိပ်ဝိုင်းပြီး အရင်း သွယ်သွားသည်။ ရွက်နား ညီသည်။ ရွက်ပြား ချောမွေ့ပြီး ရွက်ကြောများ ထင်ရှားသည်။ ရွက်ညှာ ရှည်သည်။ အပွင့် အဖြုရောင်၊ နီညိုရောင် ၂ မျိုးရှိ၏။ နီညိုရောင် ကိုသာ အသုံးများသည်။ အပွင့်တွင် ပွင့်ဖတ် ၅ ခု ပါရှိသည်။ ၄-၅ ပွင့် စုပြုံပွင့်၏။ ပွင့်ညှာ ရှည်သည်။ အရွက်နှင့် ကိုင်းတံ ကြားမှသာ မက ကိုင်းထိပ် ပင်စည် ထိပ်ဖျားတွင် ပါပွင့်သည်။ ၁၂ ရာသီလုံး ပွင့်၏။ အသီး သီးတောင့်ရှည် ဖြစ်သည်။ အခန်း ၂ ခန်းရှိ၍ ၁ ခန်းစီတွင် အစေ့ငယ် လေးများ များစွာ စီတန်း ပါရှိ၏။ အသုံးပြုနိုင်သည့် အစိတ်အပိုင်းများ : ပဉ္စငါးပါး၊ အရွက်။ မြန်မာနိုင်ငံတွင် တွေ့နိုင်သောနေရာများ : မြန်မာ နိုင်ငံ အနှံ့ အပြားတွင် ပေါက်ရောက်သည်။ ပေါက်ရောက်ပုံ သဘာ၀ အလျောက် ပေါက်ရောက်သည်။ အသုံးဝင်ပုံ : အာနိသင် မြန်မာ ဆေးကျမ်းများ အလိုအရ သင်္ဘောမညှိုးပင် သည် အဆိပ်ကို ပြယ်စေ၏။ အမြစ်နုနု သည်၀ဖြိုးစေ၏။ ဝမ်းမီးကို တောက်စေ၏။ အသုံးပြုပုံ- ပဉ္စငါးပါး ၁။ ပဉ္စငါးပါး ကို ပြုတ်၍ သောက်က ဆီးချို ရောဂါ ပျောက်စေ၏။ အရွက် ၁။ အရွက်နုကို ရေနှင့် စိမ်၍ သောက်ပါက မီးယပ် သွေးလွန် ရောဂါကို ပျောက်ကင်း စေသည်။[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. http://arogyamonline.com/commodity/materials/?raw=95