သက်နိုင်ဝင်း (ဒုတိယဗိုလ်ချုပ်ကြီး)
ပုံပန်းသွင်ပြင်
သက်နိုင်ဝင်း | |
---|---|
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေ အတွင်းရေးမှူး | |
နယ်စပ်ရေးရာ ဝန်ကြီး | |
တာဝန်သက်တမ်း ဖေဖော်ဝါရီ ၂၀၁၃ – ၁၃ ဩဂုတ် ၂၀၁၅[၁] | |
ယခင်လူ | သိန်းဌေး |
ဆက်ခံသူ | ကျော်ဆွေ (ဒုတိယဗိုလ်ချုပ်ကြီး) |
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | မအူပင်မြို့၊ ဧရာဝတီတိုင်း၊ မြန်မာနိုင်ငံ | ဇူလိုင် ၂၂၊ ၁၉၅၅
လူမျိုး | မြန်မာ |
ပညာရေး | မော်လမြိုင် တက္ကသိုလ် |
စစ်မှုထမ်းခြင်း | |
သစ္စာခံနိုင်ငံ | မြန်မာနိုင်ငံ |
တပ်/တပ်ဖွဲ့ခွဲ | တပ်မတော် |
ရာထူး | ဒုတိယဗိုလ်ချုပ်ကြီး |
ဒုတိယဗိုလ်ချုပ်ကြီးသက်နိုင်ဝင်း သည် တပ်မတော်သားကိုယ်စားလှယ်အဖြစ် ပြည်ထောင်စုအစိုးရအဖွဲ့ နယ်စပ်ရေးရာ ဝန်ကြီးဌာန ဝန်ကြီးအဖြစ် ၂၀၁၃ ဖေဖော်ဝါရီလမှ ၂၀၁၅ ဩဂုတ် ၁၃ ရက်နေ့အထိ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ မော်လမြိုင်တက္ကသိုလ်မှ သိပ္ပံဘွဲ့(ဓာတုဗေဒ) ရရှိခဲ့ပြီး တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း ဗိုလ်လောင်းသင်တန်း အပတ်စဉ်(၅၆) (OTS အိုတီအက် အပတ်စဉ် ၅၆ )မှ သင်တန်းဆင်းအရာရှိတစ်ဦး ဖြစ်သည်။[၂] အမှတ်(၄၄)ခြေမြန်တပ်မ ဌာနချုပ် တပ်မမှူး၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် အမှတ် (၄) စစ်ဆင်ရေး အထူးအဖွဲ့မှူး တာဝန်များကိုထမ်းဆောင်ခဲ့သည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ Top ministers resign။ Eleven (13 August 2015)။ 24 September 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 13 August 2015 တွင် ပြန်စစ်ပြီး။
- ↑ ဝန်ကြီးသစ် ၂ ဦးခန့်ဖို့ သမ္မတ အဆိုပြု - BBC Burmese - မြန်မာ့ရေးရာ