ဝီလျံ ဝါ့ဒ်စ်ဝါ့သ်
ဝီလျံ ဝါ့ဒ်စ် ဝါ့သ် ကို ၁၇၇၀ ခုနှစ် ဧပြီ ၇ ရက်တွင် အင်္ဂလန်နိုင်ငံ ကမ်းဘားလင်းမှ ကော့ကာမောက်(Cockermouth)တွင် မွေးဖွားသည်။ ဖခင်ဖြစ်သူ ဂျွန်မှာ ရှေ့နေတစ်ဦးဖြစ်သည်။ ဝါ့ဒ်စ် ဝါ့သ်၏ မိခင်ဖြစ်သူသည် ၁၇၇၈ ခုနှစ်တွင် ကွယ်လွန်သောအခါ ဝီလျံကို အိမ်နှင့်ဝေးရာ အလယ်တန်းကျောင်းသို့ ကျောင်းအိပ်ကျောင်းစားပို့ထားသည်။ ဝါ့ဒ်စ် ဝါ့သ်၏ ဖခင်မှာလည်း ၁၇၈၃ ခုနှစ်တွင် ကွယ်လွန်ပြန်ရာ ကျန်ရစ်သည့် သားသမီးငါးယောက်ကို ဦးလေးနှစ်ယောက်က စောင့်ရှောက်ထားရသည်။
ဝါ့ဒ်စ် ဝါ့သ်သည် ကင်းဗရစ်ချ်တက္ကသိုလ်မှ ဘွဲ့ရသည်။ ကဗျာဆရာ ဆင်မျူရယ်တေလာ ကိုးရစ်ချ်(Samuel Taylor Coleridge) နှင့် တွေ့ဆုံ မိတ်ဆွေဖြစ်ပြီး Lyrical Ballads အမည်ရှိ ကဗျာစာအုပ်ကို ထုတ်ဝေသည်။ ၁၈၀၂ ခုနှစ်တွင် ငယ်သူငယ်ချင်းဖြစ်သူ မေရီ ဟတ်ချင်ဆန် (Mary Hutchinson) နှင့် လက်ထပ်သည်။ သားသမီးလေးဦး ထွန်းကားသည်။
၁၈၀၇ ခုနှစ်တွင် ကဗျာပေါင်းချုပ်နှစ်တွဲ ထုတ်ဝေသည်။ ၁၈၅၀ ခုနှစ်တွင် အဆုတ်မြှေးယောင်ရောဂါဖြင့် ကွယ်လွန်သည်။