ဝိုင် (အရက်)

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
Red Wine Glas.jpg White Wine Glas.jpg
ဝိုင်နီနှင့် ဝိုင်ဖြူ

ဝိုင်ဆိုသည်မှာ မူးယစ်စေတတ်သော အဖျော်ယမကာ တစ်မျိုး ဖြစ်သည်။ အင်္ဂလိပ်စကားလုံး Wine သည် အများအားဖြင့် စပျစ်သီးမှ ချက်လုပ်ထားသော ဝိုင်အရက်ကို ရည်ညွှန်းခြင်း ဖြစ်သော်လည်း လူအများစုက အခြား အသီးအနှံများမှ ချက်လုပ်သော ဝိုင်အရက် (ဥပမာ မက်မန်းဝိုင်၊ ပန်းသီးဝိုင်) စသည်တို့ကိုလည်း ဝိုင် ဟု ခေါ်ဆို သုံးနှုန်းလေ့ ရှိကြသည်။

ဝိုင်ကို စပျစ်သီးအတွင်းမှ သကြားဓာတ်ကို ကဇော်ပေါက်ခြင်းဖြင့် ချက်လုပ်ကြသည်။ ပုံမှန်အားဖြင့် ဝိုင်ဖြူနှင့် ဝိုင်နီ ဟူ၍ နှစ်မျိုး နှစ်စား ရှိတတ်သည်။ ဝိုင်နီကို စပျစ်သီး အနီဖြင့် ချက်လုပ် ကြပြီး ဝိုင်ဖြူကို စပျစ်သီး အဖြူဖြင့် ချက်လုပ်ကြသည်။ နှင်းဆီဝိုင်ကိုမူ စပျစ်သီးအနီရောင်မှ ပြုလုပ်ပြီး စပျစ်သီး အခွံနှင့် ခဏတာမျှသာ ထိတွေ့ပြီး ချက်လုပ်ကြသည်။ ဝိုင်၏ အရောင်မှာ စပျစ်သီး အခွံမှ ရရှိခြင်း ဖြစ်သဖြင့် စပျစ်သီး အခွံနှင့် ခဏတာမျှသာ ထိတွေ့ခြင်းကြောင့် အရောင်ဖျော့ပြီး ပန်းရောင်ရှိသော နှင်းဆီဝိုင်ကို ရရှိသည်။ ဝိုင်အတွင်းတွင် အမြှုပ်ထနေသော ဝိုင်ကို စပါကလင်ဝိုင်ဟု သိကြသည်။ စပါကလင်ဝိုင်များတွင် အထင်ရှားဆုံးမှာ ပြင်သစ်မှ ထုတ်လုပ်သော ရှန်ပိန် ဖြစ်သည်။

လူတို့သည် ဝိုင်ကို ချက်လုပ်ခဲ့ကြသည်မှာ နှစ်ပေါင်း ၅၀၀၀ ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။


ဝိုင်(အရက်) ပြုလုပ်သည့်အတတ်မှာ ရှေးပဝေ သဏီကပင် ရှိခဲ့လေသည်။ ထိုအတတ်သည် မည်သူက စတင်တီထွင်ခဲ့ ကြောင်းကို မသိနိုင်လောက်အောင်ပင် ကြာရှည်ခဲ့လေပြီ။ သို့သော် ရှေး ခေတ် အီဂျစ်လူမျိုးများသည် သူတို့၏ ယဉ်ကျေးမှုပွင့်လင်းလာစကပင် ဝိုင် အရက်များကို ပြုလုပ်လာ ကြကြောင်း သိရပေသည်။

ဝိုင်အရက်ကို စတင်သုံးသောက်လာကြသည့် အကြောင်းရင်းမှာ ဤသို့ဖြစ်ဟန်တူ၏။ ရှေးခေတ်လူမျိုးတွင် သန့်ရှင်းစင်ကြယ်သော သောက် ရေမှာ အရနည်းခဲ့သည်။ ထို့ကြောင့် ရေ စားသောက်စရာ တစ်ခုခုကို ဠကံ ဆလာကြရာမှ ဝိုင်အရက်ကို ပြုလုပ်လာကြ၏။ ထိုဝိုင်အရက်သည် မသန့် ရှင်းသောရေကို သောက်ခြင်းထက် လူတို့အား ဘေးဥပဒ်မဖြစ်စေဘဲ ကျန်း မာစေကြောင်းကို သိလာကြ၏။ ရှေးလူတို့သည် သစ်သီးရေများကို ကဇော် ဖောက်ထားခြင်းဖြင့် မပျက်စီးနိုင်ကြောင်းကိုလည်း သိလာကြသည်။ ထို့ ကြောင့် ဝိုင်အရက်သောက်ခြင်းကို စတင်ခဲ့ရာ များစွာသော ကမ္ဘာ့ဒေသများ သို့ ပျံ့နှံခဲ့လေ၏။ အထူးသဖြင့် လက်တင်တိုင်းပြည်များတွင် ဝိုင်အရက်မှာ လက်တင် လူမျိုးတို့၏ နေ့စဉ်အစာအဟာရထဲတွင် အပါအဝင်ဖြစ်လေသည်။ ဝိုင်အရက်မှာ များသောအားဖြင့် စပျစ်သီးမှ ပြုလုပ်သောကြောင့် မြန်မာတို့က စပျစ်ရည်ဟုပင်ခေါ်ကြ၏။ ဝိုင်အရက်ကို ပန်းသီး၊ ချယ်ရီသီး၊ ဗလက်ဗယ်ရီသီးများဖြင့်လည်း ပြုလုပ်နိုင်သည်။ သို့သော် စပျစ်သီးများဖြင့် သာ များသောအားဖြင့် ပြုလုပ်လေ့ရှိ၏။

ဝိုင်အရက်ပြုလုပ်ပုံမှာ စပျစ်သီးမှည့်မှည့်များကို ဒလိမ့်ကြီးနှစ်ခု ကြားတွင်ထည့်၍ ဖိည|စ်ချ၏။ သို့သော် အစေ့များကြေမသွားစေရန် ဒလိမ့် နှစ်ခုတို့ကို အနည်းငယ်ခွာထားရသည်။ အသီးများကို ဖိည|စ်လိုက်၍ ထွက် ကျလာသော အရည်များကို စည်ကြီးများထဲတွင် သိုလှောင်ထားပြီးလျှင် ကဇော်ဖောက်ထား၏။ ပထမဆုံးည|စ်ချ၍ ထွက်လာသောအရည်မှာ လက် ရွေးစင် ဝိုင်အရက်ဖြစ်၍ ယင်းကို တသီးတခြားဖယ်ထားရ၏။ ကဇော် ဖောက်ခြင်းကို လိုအပ်မည့်အချိန်အပိုင်းအခြားအလိုက်ထား၍ အချိန်စေ့သော

အခါ အခြားစည်ကြီးများထဲသို့ပြောင်းရွှေ့ကာ သောက်သုံး၍ကောင်းမည့် အချိန်အထိ ထားရ၏။ ထိုအချိန်အတွင်း၌ ဝိုင်အရက်၌ပါသော ဓာတ် သဘာဝများ ပြောင်းလဲလာ၍ ဝိုင်အရက်၏ အနံ့အရသာများဖြစ်ပေါ်လာ၏။ ဝိုင်အရက်နှစ်မျိုးနှစ်စားရှိရာ ဝိုင်အရက်အချိုမျိုးနှင့် ဒရိုင်းဝိုင်ခေါ် မချိုလွန်းသော ဝိုင်အရက်မျိုးဖြစ်၏။ ဝိုင်အရက် အချို့တွင် သကြားဓာတ် များများပါ၍ ဒရိုင်းဝိုင်တွင်ကား သကြားဓာတ်များကို အရက်ပျံများများဖြစ် သွားအောင် ပြုလုပ်ထားလေသည်။ ဝိုင်အရက်ကို အသွေးအရောင်နှင့် အရသာကို လိုက်၍ ခွဲခြားထားခြင်းလည်းရှိသေးသည်။ များစွာသော ဝိုင် အရက်များကို ယင်းတို့လုပ်ကိုင်ရာ ဒေသများကိုအစွဲပြု၍ ခေါ်ဝေါ်ကြ၏။ ဥရောပတစ်တိုက်လုံးမှထွက်သော ဝိုင်အရက်၏ သုံးပုံတစ်ပုံမှာ ပြင်သစ်နိုင်ငံ မှလာ၏။ အခြားအရေးပါသော ဝိုင်အရက်ထွက်သည့်နိုင်ငံနှင့် ဝိုင်အမည် များမှာ ဂျာမဏီ(ရိုင်းဝိုင်)၊ စပိန်(ရှယ်ရီ)၊ ပေါ်တူဂီ(ပို့ဝိုင်)၊ အီတလီ(ရှန်တီ) နှင့် (ဗာရိုလို)၊ ဟန်ဂေရီ(တိုကေး) တို့ဖြစ်ကြ၏။ အယ်လဂျီးရီးယားနှင့် တောင်အာဖရိကတိုက်များမှလည်း ဝိုင်အရက် ထွက်သေးသည်။ ယခုအခါ အမေရိကန်ပြည်ထောင်စုနိုင်ငံ၊ ကာလီဖိုးနီးယားပြည်နယ်မှာ ဝိုင်အရက် အများဆုံး ထွက်သောဒေသဖြစ်၏။ ဝိုင်အရက်ထွက်နိုင်သော ဒေသများမှာ စပျစ်ပင်များစွာ စိုက်ပျိုးနိုင်၍ ထိုအသီးများမှည့်ရန် နေရောင်ကောင်းကောင်း ရသော ဒေသများဖြစ်ကြ၏။[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)