ဝဥပင်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ဝဥ
သိပ္ပံနည်းကျမျိုးခွဲခြင်း
လောက [[Plantae]]
မျိုးစဉ် [[Alismatales]]
မျိုးရင်း [[Araceae]]
မျိုးရင်းသေး [[Aroideae]]
မျိုးဇာတ် [[Thomsonieae]]
မျိုးစု [[Amorphophallus]]
မျိုးစိတ် '''''A. konjac'''''
ဒွိနာမ
''Amorphophallus konjac''

Devils Tongue,Cobraplant (ဝဥပင်)[ပြင်​ဆင်​ရန်​]

  • Botany Term : Amorphophallus campanulatus Blume
  • Species/Family : Araceae
ဝဥယို

ပုံသဏ္ဌာန် : အပင်----မျိုးစိပ်ပေါင်း ၂၀ ရှိသည့် အနက် A.conjak မျိုး နှင့် A.campanulatus မျိုးစိတ် နှစ်မျိုး သည် အာနိသင် အကောင်း ဆုံး ဖြစ်သဖြင့် နိုင်ငံခြား မှ ဝယ်ယူ လိုသော မျိုးဖြစ်သည်။ ဥရှိသော အပင်မျိုး ဖြစ်ပြီး အမြင့် ၂ ပေ မှ ၄ ပေ ခန့် ရှိသည်။ မိုးရွာ သည်နှင့် တစ်ပြိုင် နက် အစို့များ ထွက်လာသည်။ အရွက်---ရွက်လွှဲ ထွက်သည်။ရွက်ပြား ကျယ်ပြန့် သည်။ အလျား ၁-၃ ပေထိ ရှိသည်။ ရွက်ညှာတံ မှာ ချောမွတ်၍ စိမ်း မှိုင်းသော အရောင်ရှိပြီး အစက်အပြောက် များပါရှိ သည်။ လက်ဝါးရွက်ပေါင်း ဖြစ်ပြီး ရွက်ထိပ် ချွန်သည်။ ရွက်မြွှာ ၃ မှ ၅ မြွှာ ထိ ရှိသည်။ ၄-၅ နှစ်သား ကျော်လျှင် ပွင့်တံ ထွက်လာ သည်။ အပွင့်--မြေပေါ်သို့ ဥမှနေပြီး ၁-၂ ပေခန့် အထိ ရှိသော ရိုးတံ ထွက်လာ သည်။ ၎င်း ရိုးတံပေါ် တွင် အစက်အပြောက် များရှိသည်။ ပွင့်ကာရွက် အုပ်သည် အလွန်ကြီးမား ပြီး ကတော့ သို့မဟုတ် ခေါင်းလောင်း ပုံသဏ္ဍာန် ရှိသည်။ ၎င်း ပွင့်ကာရွက် အုပ်၏ အကျယ်မှာ ၁၁/၂ -၂ ပေ နီးပါး အထိ ရှိတတ်ပြီး အလျား ၁၅ လက်မခန့် ရှည်၍ အနား များ မှာ ပိန်းပင် ကဲ့သို့ ညီညာ ခြင်း မရှိဘဲ လှိုင်းထကာ တွန့်နေသည်။ ပွင့်ကာရွက် အုပ် တစ်ခုလုံး ၏ အနား တစ်ဝိုက် တွင် နီညိုရောင် ဖြစ်ပြီး အောက်ဘက်တွင် အဖြူစက်များ နှော သော မီးခိုးရောင် ဖြစ်လာကာ ကတော့ ပုံသဏ္ဍာန် အတွင်းထဲ၌ ခရမ်းရင့်ရောင် ဖြစ်သွား သည်။ အလွန် ပြင်းထန်သော အနံ့ ရှိသည်။ အပွင့်ကလေး များသည် အလွန်သေးငယ် ပြီး ၁၀-၁၂ လက်မ အရှည် ရှိသော ပွင့်ခိုင် ရိုးတံပေါ် တွင် စီတန်းလျက် ပွင့်ကြသည်။ အသီး --ပွင့်ခိုင် ရိုးတံပေါ်တွင် စီတန်း ပြွတ်သိပ်ပြီး သီးသည် ။ပြောင်းဖူး နှင့်သဏ္ဍာန် တူသည်။ နုစဉ်တွင် အစိမ်းရောင် ဖြစ်ပြီး အသီးများ နှင့်သဏ္ဍာန် တူသည်။ နုစဉ်တွင် အစိမ်းရောင် ဖြစ်ပြီး အသီးများ ရင့်မှည့်လာသော အခါ လိမ္မော်နီရောင် သို့ ပြောင်းသွားသည်။ မှတ်ချက် ၁ ။ Conjak မျိုး၏ အခြားသော ၀ဥများ နှင့် ခြားနား ချက် မှာ Conjak မျိုးသည်- (က) ရိုးတံစိမ်းသည်။ (ခ) ဥ၏ အရောင် မှာ ပန်းရောင် အနုဖြစ်သည်။ (ဂ) အစေ့အိမ် များ ပိုမိုများပြား စွာ ပါဝင်သည်။ (ဃ) အရွက်တွင် ၀ဥပုံကဲ့သို့ မျိုးပွားရန် ဥငယ် ကလေးများ (ဂလင်း) ရှိသည်။ ၂ ။ Campanulatus မျိုး၏ အခြားသော ၀ဥများ နှင့် ခြားနားချက် မှာ- (က) ရိုးတံသည် ချောမွတ် ၍ အဖြူကွက် ကလေးများ အနည်းငယ် ပါသည်။ (ခ) ဥ၏ အရောင်မှာ အဝါနုရောင် ဖြစ်သည်။ (ဂ) အစေ့ အိမ်များ ပိုမို များပြားစွာ သည်။ (ဃ) အရွက်တွင် Conjak ကဲ့သို့ မျိုးပွား ရန် ဥ ငယ်ကလေး များ မပါချေ။ သို့ရာတွင် ကြီးရင့် လာသော ၀ဥများတွင် ဥမှ သားတက်များ ထွက်ပေါ်လေ့ ရှိသည်။ အသုံးပြုနိုင်သည့် အစိတ်အပိုင်းများ : ဥ မြန်မာနိုင်ငံတွင် တွေ့နိုင်သောနေရာများ : ၁ ။ Conjak မျိုးသည် အေးမြသော ရာသီဥတု ရှိ တောင်ပေါ် ဒေသ များ ၌ သာ လျှင် ပေါက်သည်။ ၂ ။ Campanulatus မျိုးသည် မျှတသော ရာသီ ဥတု ရှိသည့် တောင်ပေါ် ဒေသများ ၌ သာလျှင် ပေါက်ရောက်သည်။ သဘာ၀ အလျောက် ပေါက်ရောက်သည်။ အစေ့ မှ လည်းကောင်း ၊ ဥမှ ဖြာထွက်သည့် အမြစ်များ မှ ဖြစ်ပေါ် လာသည့် ဥကလေး များမှ သော်လည်းကောင်း မျိုးပြန့်ပွားသည်။ အသုံးဝင်ပုံ : ၀ဥအား အမျိုးသမီး များ ဗိုက်ရွှဲခြင်း၊ဆီးအိမ်ကြီး ခြင်း ကို ကာကွယ်ရန် လည်းကောင်း ၊ လူ့ခန္ဓာတွင် လိုအပ် သည်ထက်ပို ၍ အဆီများ အစိုင်အခဲ ဖြစ်ခြင်း ကို ဟန့်တား ရန် လည်းကောင်း သုံးသည်။ [၁]

ဝဥခြောက်များ(ဓာတ်ပုံ-eleven

မြန်မာနိုင်ငံ၊ တနင်္သာရီတိုင်းဒေသကြီးအတွင်း တောတောင်များထဲတွင် သဘာဝ အလျောက် ပေါက်ရောက်နေသော (ဒေသအခေါ် ပိန်းဥ)ကို ဝဥ ဟုခေါ်သည်။ ယခုအခါ ထိုဝဥများအား အခြောက်ပြုလုပ်ကာ ပြည်ပသို့ တင်ပို့မှု တွင်ကျယ်စွာ ရှိလာသည်။ နောက်ပိုင်းတွင် ဝဥများကို စိုက်ပျိုးလာကြသည်။ ဝဥတစ်ပိဿာကို ကျပ် ၁၅ဝ ဈေးမှ ကျပ် ၂၅ဝ အထိကျပ်ရှိသည်။

ဝဥများကို ဇူလိုင်လမှ အောက်တိုဘာလအတွင်း တူးဖော်ရရှိကာ အဆိုပါ အချိန်များမှာ ဝဥ ပြုလုပ်သော ရာသီများ ဖြစ်ကြောင်း၊ အဆိုပါ လများမှာ မိုးကောင်းသော အချိန်များဖြစ်ကာ ဒေသခံများက ဝဥများကို တောတောင်များမှ တူးဖော်ယူလာပြီး ဒိုင်များတွင် လာရောက် ရောင်းချလေ့ရှိသည်။

ဝဥခြောက်များကို ဂျပန်နိုင်ငံနှင့် တရုတ်နိုင်ငံများသို့ တင်ပို့ရောင်းချ ပေးရပြီး ဝဥခြောက်များကို အစားသောက်များ ပြုလုပ်ကာ စားသောက်ပေးခြင်းဖြင့် အသက်ရှည်ကြောင်း သိရသည်။ ဂျပန်သို့ တင်ပို့သော ဝဥခြောက်များကို နေလှန်းခြင်းနည်းဖြင့် အခြောက်ပြုလုပ် တင်ပို့ပေးသော်လည်း တရုတ်နိုင်ငံသို့ တင်ပို့ပေးသော ဝဥခြောက်များမှာမူ ဖိုများတွင် မီးငွေ့ငွေ့ဖြင့် အခြောက်ပြုလုပ်ကာ တင်ပို့ပေးကြောင်း သိရသည်။ နေလှန်းနည်းမှာ အရောင်အဆင်းမလှဘဲ ဖိုများတွင် မီးတင်၍ အခြောက်ပြုလုပ်သော နည်းမှာ အရောင်အသွေး လှပကြောင်း သိရသည်။ [၂]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. http://arogyamonline.com/commodity/materials/?raw=58
  2. http://news-eleven.com/index.php?option=com_content&view=article&id=4686:2010-09-05-19-40-31&catid=45:2009-11-10-07-45-41&Itemid=113