ဝမ်းပိစ်
ဝမ်းပိစ် သည် ၁၉၉၇၊ ဩဂုတ်လ ၄ရက် နေ့တွင် စတင် ထွက်ရှိခဲ့ပြီး ယနေ့ထိတိုင် ထွက်ရှိဆဲဖြစ်သော ဂျပန်အခန်းဆက် ကာတွန်းစာအုပ် ဖြစ်သည်။ ရေးသားသူမှာ ဂျပန်လူမျိုး ကာတွန်းဆရာ အီးချီရိုအိုဒါ ဖြစ်သည်။ အဆိုပါ ကာတွန်းတွင် အဓိက ဇာက်ကောင် အဖြစ် လူဖီ(Monkey.D.Luffy) ဟူသော ကောင်လေးတစ်ယောက် ပါဝင်ပါသည်။ ထိုကောင်လေး သည် ၁၇နှစ်မျှသာရှိသေးသော ပင်လယ်ဓါးပြ ခေါင်းဆောင်တစ်ယောက်ဖြစ်ချင်သည့် ကောင်လေး တစ်ယောက်ဖြစ်သည်။ သူ၏ အခြားတစ်ပါးသောရည်ရွယ်ချက်မှာ ဝမ်းပိစ်ဟုခေါ်သော ကမ္ဘာ့ အကြီးဆုံးသော ရတနာသိုက် ကိုရှာဖွေရန်ပင်ဖြစ်သည်။ ထိုကောင်လေးသည် မှော်သစ်သီး ကို စားမိသောကြောင့် သူ၏ စွမ်းအားမှာ အံ့မခန်းပင်ဖြစ်သည်။ မှော်သစ်သီးကို စားသုံးမိသောကြောင့် သူ၏ခန္ဓာကိုယ်သည် ရာဘာကဲ့သို့ လိုသလို ဆွဲဆန့်ခြင်းများပြုလုပ်နိုင်ပေ၏။ ထိုသို့ အရေပြားဆွဲဆန့်၍ တိုက်ခိုက်ခြင်းသည် သူ၏ အဓိက တိုက်ကွက်ဖြစ်လာပေသည်။ ထိုကောင်လေး ၏ရည်ရွှယ်ချက်များကို အကောင်အထည်ဖေါ်ရန် အတွက်ထွက်လာခဲ့သော ခရီးလမ်းတွင် သူသည် သူငယ်ချင်းကောင်းများစွာကိုလည်း ပိုင်ဆိုင်ခဲ့သည်။ ထိုသူများမှာ အစဉ်လိုက်အားဖြင့် ဓါးသမား ဇိုရို၊ မာလိန်မှူး နာမီ၊ လိမ်တတ်တဲ့ လက်ဖြောင့်တပ်သား ယူဆော့၊ စန်ဂျီ၊ လူစကားပြောနိုင်သောဆရာဝန် တိုနီချော့ပါ၊ ရှေးဟောင်း သုတေသန ပညာရှင် နီကိုရော်ဘင်၊ သင်္ဘောပြင်တဲ့ စက်ရုပ်လူ ဖရန်ကီနဲ့ ဂီတသမား ဘရုခ် တို့ပင်ဖြစ်သည်။ ထိုသူများအနက် နာမီနှင့် ရော်ဘင်တို့ သည် မိန်းကလေးများ ဖြစ်ပြီး ကျန်သူများသည် ယောက်ျားလေးများ ဖြစ်သည်။ ထိုသူငယ်ချင်းများကလည်း ဝမ်းပိစ် ဟူသော ဂျပန်ကာတွန်းကို ပိုမိုအောင်မြင်အောင် စွမ်းဆောင်နိုင်ခဲ့သည်။ ထို ကာတွန်းသည် ရယ်ရွှင်စရာများ နှင့်အတူ ဝမ်းနည်းကြေကွဲစရာများလဲ ပါတတ်ပြန်၏။ ထိုကာတွန်းအခန်းဆက်စာအုပ်သည် အောင်မြင်လာသောကြောင့် ကာတွန်းကားများအနေဖြင့်သော်လည်းကောင်း ဖြန့်ချိကြပြန်သည်။ သို့ဖြစ်သောကြောင့် ပိုမို၍ အရှိန် အဟုန်မြှင့်ကာ အောင်မြင်ခဲ့ပေသည်။ ကာတွန်းအခန်းဆက်များမှာ စာအုပ်ရေ အများဆုံး အနေနှင့် ၃.၈ သိန်းအထိရောင်းချနိုင်ခဲ့သည်။ ထိုကြောင့်လည်း ဂျပန်နိုင်ငံ ၏သမိုင်းကြောင်းတစ်လျှောက်တွင် ရောင်းအားအကောင်းဆုံးအဖြစ် မှတ်တမ်းတင်နိုင်ခဲ့သည်။
မာတိကာ |
Straw Hat Priates [ပြင်ဆင်ရန်]
ဇာတ်ကွက် [ပြင်ဆင်ရန်]
Straw Hat Pirates (麦わら海賊団 Mugiwara Kaizokudan?) ဟာ One Piece series မှာ အဓိကဇာတ်ကောင်တွေ ဖြစ်ပြီး Monkey D. Luffy က အဓိက ဇာတ်ဆောင်အဖြစ် ပါဝင်ပါတယ်။ ဒီဇာတ်လမ်းတွဲကို ဂိုး ဒီ ရော်ဂျာ အမည်ရှိသော ပင်လယ်ဓါးပြတို့ ထိပ်ခေါင် ကြီး ကိုကွပ်မျက်ခြင်းက အစပြုခဲ့ပါသည်။ သူမသေခင်တွင် တနည်းအားဖြင့် ဝမ်း ပိစ် ဟို အမည်ခေါ်တွင်သည့် သူရဲ့ ရတနာများတည်ရှိသည့်နေရာ သဲလွန်စကို လူပေါင်းများစွာတည်ရှိသည့် လူသတ်ကွင်းတွင် ကြေညာခဲ့သောကြောင့် သူ့ သေဆုံးမှုသည် မဟာ ပင်လယ်ဓါးပြခေတ်ကြီးကို ဖြစ်ပေါ်စေပြီး မရေမတွက်နိုင်သော ပင်လယ်ဓါးပြများသည့်သူ့ ရတနာသိုက်ကိုရှာဖွေရန် ဂရမ်းလိုင်း (Grand Line ) ဟိုခေါ်တွင်သော အရပ်ဆီသို့ အသီးသီးချီတက်ခဲ့ကြသည်။ သို့ရာတွင် ထို ဂရမ်းလိုင်း ဟူသောအရပ်သည် လွန်စွာများ ရက်စက်ကြမ်းကြုတ်ပြီး ပင်လယ်ပြင်အခြေအနေရာသီဥတုမှာလည်း ခန့်မှန်းရခက်ခဲသဖြင့် အမြောက်အမြားမှာသေဆုံးခဲ့ရပါသည်။
ရော်ဂျာ သေဆုံးပြီးအနှစ်နှစ်ဆယ်ခန့်ကြာသောအခါတွင် မန်ကီ ဒီ လူဖီ (Monkey. D . Luffy ) အမည်ရှိ လူငယ်လေး သူလွန်စွာမှအားကျလှသော ဆံနီ ရှန့် (Red Haired Shank) အမည်ရှိ နာမည်ကြီးပင်လယ်ဓါးပြတစ်ယောက် အားပေးမှုကြောင့် အဆိုပါ ဝမ်းပိစ် (One Piece) အမည်ရှိ ရတနာသိုက်ကိုရှာဖွေရန် အရှေပိုင်းပင်လယ်ပြာ (East Blue ) မှ ခရီးထွက်ခဲ့ပါသည်။ လမ်းတစ်လျှောက်တွင် သူသည် ကောက်ရိုးဦးထုပ်(Straw Hat) အမည်ရှိ ပင်လယ်ဓါးပြအဖွဲ့ကို စတင်တည်ထောင်ခဲ့ပါသည်။ Luffyရဲ့ ကောက်ရိုးဦးထုပ်လေးကတော့ Red-Haired Shanks က Luffy ငယ်စဉ်မှာ ပေးခဲ့တာဖြစ်ပါတယ်။ "Straw Hats" ဆိုတာကတော့ Luffy ရဲ့အမှတ်အသားဖြစ်တဲ့ ကောက်ရိုးဦးထုပ်လေးကို ကိုယ်စားပြုသလို တစ်ခါတစ်ရံ "Luffy Pirates" တွေကိုလည်း Series အစောပိုင်းမှာ ခေါ်လေ့ရှိပါတယ်။ အဆိုပါခရီးလမ်းတွင် အမြဲတမ်းလမ်းပျောက်တက်သော ရဲရင့်သည့် ဓါးသမား ရော်ရိုနိုဝါ ဇော်ရိုး(Roronoa Zoro) ၊ ပိုက်ဆံနှင့် လိမ္မော်သီးကိုလွန်စွာမှ မက်မောပြီး သူတစ်ပါးပစ္စည်းခိုးရာတွင် တစ်ဖက်ကမ်းခတ်ထူးချွန်သော နာမီ (Nami) အမည်ရှိ လမ်းပြကောင်မလေး ၊ လွန်စွာမှ ကြောက်တက်ပြီး သူမတူအောင် လိမ်လည်တက်သော ဥဆောပု (Usopp) ၊ ချောမောလှပသော မိန်းမမှန်သမျှ ဖွန်ကြောင်တက်သည့် စာဖိုမှုး ဆန်ဂျီ (Sanji) အသွင်ပြောင်းလဲနိုင်ပြီး ဆေးပညာကျွမ်းကျင်သည့် ဒေါက်တာ တိုနီတိုနီ ချော့ပါ ( Tony Tony Chopper ) အမည်ရှိ သမင်လေး ၊ သိရခက်သော ရှေးဟောင်သုတေသန ပညာရှင် နီကိုရိုဘင် (မူလ က ကောက်ရိုးဦးထုပ်အဖွဲ့ ရဲ့ရန်သူဟောင်း ဖြစ်ခဲ့ပါသည် ) ၊ လျှပ်ပေါ်လောလီသည့် လူတစ်ပိုင်း စက်ရုပ်တစ်ပိုင်း ဆိုင်ဘော့ (Cyborg) တစ်ဦးဖြစ်သည့် သင်္ဘောပြင်ဆရာ ဖရန်ကီ (Franky) နှင့် အရိုးခြောက် အနုပညာရှင် ဘရုတ်ဒ်ခ် (Brook) တို့ဖြစ်ကြပါသည်။
အဆိုပါသူတို့ ဖြတ်သန်းခဲ့သည့် ခရီးတစ်လျှောက်တွင် မြောက်များစွာသော ရန်သူများနှင့်ကြုံတွေ့ခဲ့ရပါသည်။ ၄င်းတို့မှာ ရေတပ်သားများ ၊ ရှီချီဘူခိုင်း (Shichibukai ) ခေါ် ပင်လယ်ရဲ့ စစ်ဘုရင်ခုနှစ်ယောက် (Seven Warlords of the Sea ) ၊ နေမင်း (Sun Priates) ပင်လယ်ဓါးပြအဖွဲ့ ဟောင်းရဲ့ အားလုံ (Arlong) အမည်ရှိ ရေသူထီး (အားလုံကိုအနိုင်ရပြီးနောက်ပိုင်းတွင် လူဖီမှာ ဘီလီ (Billi) သန်းသုံးဆယ်ပေါက်ဈေးဖြင့်စဖွင့်ကာ ဆုတော်ငွေ ဝရမ်းထုတ်ခြင်းကိုခံရပါသည်။ ) တို့အပြင် ဘာရိုကွီး (Baroque Work) အမည်ရှိ အာလာဘစတာ (Alabasta) တွင်ပြည်တွင်းစစ်ဖြစ်အောင် ဖန်တီးနေသော လျှို့ဝှက်အဖွဲ့အစည်း (ထိုအဖွဲ့အစည်းကိုအောင်မြင်ပြီးနောက်ပိုင်းတွင် လူဖီရဲ့ ၀ရမ်း ဘီလီ (Billi) သန်းတစ်ရာအထိ ဆုကြေးငွေပေါက်ခဲ့ပြီး ၄င်းရဲ့ ပထမဆုံးတွဲဖက် (nakama) ဖြစ်သည့် ရော်ရိုနိုဝါ ဇော်ရိုးမှာမှု ဘီလီ သန်းခုနှစ်ဆယ်ပေါက်ခဲ့သည်။) ၊ လူဖီကဲ့သို့ပင် ပင်လယ်ဓါးပြထိပ်ခေါင် ဘ၀ကိုရည်မှန်းသော မုတ်ဆိတ်နက် (BlackBread ) အမည်ရှိ ပင်လယ်ဓါးပြနှင့် ၄င်းရဲ့အပေါင်းပါများကိုရင်ဆိုင်ရပါသေးသည်။ ထိုအပြင်လူဖီတို့ တစ်သိုက်သည် အန်နာရူ အမည်ရှိ ကောင်းကင်တွင်လွင့်မျောနေသော ကျွန်းပျံများပေါ်တွင်လည်း တိုက်ပွဲများဖြစ်ခဲ့ကြသည်။ နောက်ပိုင်းတွင် အာဟိုကီဂျီ အမည်ရှိ ရေတပ်ဗိုလ်ချုပ်ကြီးနဲ့ တွေ့မိကာ အဆိုပါ ဗိုလ်ချုပ်ကြီးက Poneglyph ကိစ္စတွင် Robin ပါဝင်ပတ်သတ်နေကြောင်းသတိပေးပြောကြားခဲ့သည်။ ထိုနောက် ကမ္ဘာနိုင်ငံကြီးများအစည်းအရုံးရဲ့ထောက်လှမ်းရေးဖြစ်သော CP9 ( နီကိုရိုဘင် ရဲ့ မွေးရပ်မြေကိုမီးရှို့ဖျက်ဆီးခဲ့သော) ဖြင့်ရင်ဆိုင်တိုက်ခိုက်ရပြန်သည်။ CP9 ကိစ္စတွင် Enies Lobby အမည်ရှိ ကမ္ဘာနိုင်ငံကြီးများဆိုင်ရာ တရားရုံးတည်ရှိရာ မြို့တစ်ခုလုံးကို ဖျက်ဆီးခဲ့သောကြောင့် လူဖီအပါအဝင် ကောက်ရိုးဦးထုပ် ပင်လယ်ဓါးပြတစ်ဖွဲ့လုံး ဆုကြေးငွေဖမ်း၀ရမ်းထုတ်ခြင်းခဲ့ရရာအောက်ပါအတိုင်းဖြစ်သည်။ လူဖီသည် မူလ ဖမ်းမိ၀ရမ်းငွေ ဘီလီ သန်းတစ်ရာမှ သန်းသုံးရာသို့လည်းကောင်း ၊ ဇော်ရိုးသည် ဘီလီးသန်းတစ်ရာနှစ်ဆယ်သို့လည်းကောင်း ၊ ဥဆောပု သည် ဘီလီ လေးဆယ့်ငါးသန်းသို့လည်းကောင်း ၊ နာမိသည် ဘီလီ ဆယ်ခြောက်သန်းသို့လည်းကောင်း ၊ ဆန်ဂျီသည် ဘီလီ သန်းခြောက်ဆယ်သို့လည်းကောင်း ၊ နီကိုရော်ဘင်သည် ဘီလီ သန်းရှစ်ဆယ်သို့ လည်းကောင်း ၊ ဖရမ်ကီသည် ဘီလီ လေးဆယ့်ငါးသန်းသို့လည်းကောင်း အသီးသီးမြင့်တက်လာခဲ့သည်။ ထိုသို့ ဆုငွေမြင့်တက်လာသည်နှင့်အမျှ ကောက်ရိုးဦးထုပ် ပင်လယ်ဓါးပြအဖွဲ့သည် ရေတပ်အင်အားစုရဲ့ကြောက်ရွံမှု ၊ ကမ္ဘာအဖွဲ့အစည်းများရဲ့အာရုံစိုက်မှု ၊ အခြားသောပင်လယ်ဓါးပြများရဲ့လေးစားမှုကိုခံလာရပြီး အဆိုပါ ဆုငွေများကိုမက်မောပြီးလိုက်လံလုပ်ကြံသူများလည်းများပြားလာသည်။ Water 7 Arc အထိသူတို့ရဲ့ ပထမဦးဆုံး တရားဝင် သင်္ဘောကတော့ "Going Merry" (ゴーイング・メリー号 Gōingu Merī-gō?,) ဖြစ်ပြီး Enies Lobby Arc အပြီးမှာတော "Thousand Sunny" (サウザンドサニー号 Sauzando Sanī-gō?) လို့ခေါ်တဲ့ သင်္ဘောအသစ်ကို ရရှိခဲ့ပါတယ်။ Straw Hat Pirates မှာ အဖွဲ့ဝင် (၉) ဦးရှိပြီး သူတို့အားလုံးရဲ့ ဆုကြေးစုစုပေါင်းဟာတော့ billi f800,000,050 ရှိပါတယ် ထိုနောက် သူတို့ ရဲ့ခရီးတစ်ဝက်ကိုရောက်ရှိပြီးနောက်ဆက်လက်၍ ကမ္ဘာသစ်အမည်ရှိသော နေရာသို့ ဆက်လက်ချီတက်ကြပြန်သည်။ ထို့သို့ချီတက်ရန်ပြင်ဆင်နေစဉ် အခြား ရေတပ်ဗိုလ်ချုပ်တစ်ဦးဖြစ်သည့် ကီဇာရု (Kizaru) ရဲ့နှိမ်နှင်းခြင်းကို ခံရသောကြောင့် ဆာပိုလီ ကျွန်းစုများ ( Sabaody Archipelago)မှ ကမ္ဘာတစ်ဖက်စီသို့တစ်သီးတစ်ခြားကွဲပြားသွားကြသည်။ ထိုအချိန်တွင် လူဖီရဲ့သွေးသောက်ညီအကိုတစ်ဦးဖြစ်သည့် ပင်လယ်ဓါးပြထိပ်ခေါင် ရော်ဂျာရဲ့သားဖြစ်သော ပေါ်တိုဂတ်စ် ဒီ အေ့စ် (Portgas D. Ace ) ကိုသေမိန့်ချခဲ့သည်။ ထိုအမိန့်ကို ပင်လယ်ဓါးပြအချို့ကမကျေနပ်ကြ၍ အေစ့် ကိုကယ်ရန်ပြုလုပ်ရာမှ မရင်းဖို့ တိုက်ပွဲ (Marine Ford) တိုက်ပွဲဖြစ်ပွားခဲ့သည်။ အဆိုပါ စစ်ပွဲကို ကမ္ဘာဒုတိယအကြီးဆုံးရေတပ်တိုက်ပွဲကြီးဟုပြောစမှတ်ပြုကြပြီး ထိုတိုက်ပွဲတွင် ပင်လယ်ဓါးပြဘုရင်လေးပါး (Four Emperor of Sea ) , (Yonuku) မှတစ်ဦးဖြစ်သည့် မုတ်ဆိတ်ဖြူ (whitebread) ကိုယ်တိုင်ဦးစီး၍ သူ့ရဲ့ မွေးစားသားလည်းဖြစ်သည့် အေ့စ်ကို ကယ်တင်ရန် စစ်ပွဲဖြစ်ပွားခဲ့သည်။ သို့သော် ထိုစစ်ပွဲကြောင့် မုတ်ဆိတ်ဖြူရော အေစ်ပါ ကျဆုံးခဲ့ပြီး လူဖီမှာလည်း ဒဏ်ရာအပြင်းအထန်ရခဲ့သည်။ နောက်ပိုင်းတွင် လူဖီသည် သူ၍ crew များနှင့်တွေ့ဆုံပြီး ၄င်းတို့ရဲ့အစွမ်းအစ ခွန်အားများတိုးတက်လာစေရန် နှစ်နှစ်ခန့်လေ့ကျင့်ခဲ့သည်။ သူတို့ဟာ အဲဒီလိုကွဲပြားနေတဲ့ (၂) နှစ်အတွင်းမှာ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်ကူညီကြဖို့ အပြင်းအထန်ကို လေ့ကျင့်ခဲ့ကြပါတယ်။ ည်။သူတို့ဟာ မကြာခင်မှာ Sabaody Archipelago မှာပြန်လည်စုစည်းကြမှာဖြစ်ပြီး အခုချိန်မှာတော့ Fishman Island မှာတကွဲတပြားဖြစ်နေဆဲဖြစ်ပါတယ်။
မီဒီယာ [ပြင်ဆင်ရန်]
မန်ဂါ (သို့) ကာတွန်း [ပြင်ဆင်ရန်]
မူလ ကာတွန်း ဗီဒီယိုများ [ပြင်ဆင်ရန်]
Anime ဇာတ်လမ်းတွဲများ [ပြင်ဆင်ရန်]
ကာတွန်း ရုပ်ရှင်များ [ပြင်ဆင်ရန်]
ဂိမ်းများ [ပြင်ဆင်ရန်]
External links [ပြင်ဆင်ရန်]
- Japanese
- Official manga website of Weekly Shōnen Jump
- Official anime website of Toei Animation
- Official anime website of Fuji Television
- English
- Official manga website of Viz Media
- Official manga website of Shonen Jump (magazine)|Shonen Jump
- Official website of Madman Entertainment
- Official anime website of Funimation Entertainment
- Burmese