နွားမြက်ရင်း

ဝီကီပီးဒီးယား မှ
(ဝက်မြက်ညိုပင် မှ ပြန်ညွှန်းထားသည်)
Cypriol
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Plantae
Clade: Angiosperms
Clade: Monocots
Clade: Commelinids
မျိုးစဉ်: Poales
မျိုးရင်း: Cyperaceae
မျိုးစု: Cyperus
မျိုးစိတ်:
C. scariosus
ဒွိနာမ
Cyperus scariosus

နွားမြက်ရင်းပင်ကို အင်္ဂလိပ်ဘာသာဖြင့် Cypriol ဟု ခေါ်ဆိုကြပြီး Cyperus scariosus ဟု ရုက္ခဗေဒအမည်ပေးထားသည်။

ပေါက်ရောက်ပုံ[ပြင်ဆင်ရန်]

ရေကြိုက်ပင် ဖြစ်သည့် အလျောက် ရေစပ်၊ ကမ်းစပ် တို့တွင် ပေါက်ရောက်သည်။ သဘာ၀ အလျောက် ပေါက်ရောက်သည်။

အသုံးပြုပုံ[ပြင်ဆင်ရန်]

နွားမြက်ရင်းကို သွေး၍ လျှာကို ပွတ်ပေး ပါက လျှာ၌ ရှိသော အဖုအပိမ့် များကို ပျောက်ကင်း စေသည်။ နွားမြက်ရင်းကို လျှာပွတ်ဆေး၊ သူငယ်နာဆေးအဖြစ် အသုံးပြုသည်။ နွားမြက်ရင်းကို သွေးကာ သူငယ်စာ ငှက်ပျောသီးတွင် သုတ်လိမ်း၍ မီးကင်ပြီး ကလေးများအား ကျွေးပါက သူငယ်နာတက်ခြင်း၊ မျက်ဖြူလန်ခြင်းနှင့် သာမန်အဆိပ်ရှိသော သတ္တဝါများကြောင့် အဆိပ်တက်ခြင်းကို ပျောက်ကင်းစေသည်။ နွားမြက်ရင်း သွေးရည် ကော်ဖီဇွန်း ၁ ဇွန်း သောက်ပါက အော့အန်ရောဂါကို ပျောက်ကင်း စေသည်။ နွားမြက်ရင်းခေါင်းကို သွေး၍ ဆား အနည်းငယ် ထည့်သောက်ပါက အစာမှားခြင်း၊ ဆေးမှားခြင်းတို့ကို သက်သာ ပျောက်ကင်း စေသည်။ နွားမြက်ရင်းခေါင်းကို သွေး၍ သောက်ခြင်းဖြင့် အစာအိမ် ရောဂါ၊ အစာအိမ် အချဉ်ပေါက် ရောဂါများကို ပျောက်ကင်းစေသည်။ နွားမြက်ရင်းခေါင်းကို သွေးလိမ်းပါက ကိုယ်လက် ရောင်ရမ်းခြင်း၊ ယားယံခြင်းနှင့် နူနာဖြစ်စရောဂါ၊ ရေယုန်၊ ဝဲစို၊ ဝဲခြောက် ရောဂါများကို ပျောက်ကင်းစေနိုင်သည်။

ပုံပမ်း သွင်ပြင်[ပြင်ဆင်ရန်]

အပင်သည် အပင်ငယ်မျိုး ဖြစ်သည်။ အမြင့် ၃ ပေခန့် ရှိသည်။ ပင်စည် သုံးမြောင့်ပုံရှိ၍ ခေါင်းပွပုံ ဖြစ်ပြီး သေးငယ် ပြောင်ချော သည်။ တပင်တည်း ကဲ့သို့ စုပြုံ၍ ပေါက်သည်။ အရွက်သည် ပင်စည် ထိပ်ပိုင်း၌ စုရုံးဝိုင်းပတ်၍ ထွက်သည်။ ရွက်ပျား သေးသွယ် ရှည်လျား သည်။ ရွက်ရင်း ဝိုင်းပြီး ပင်စည်ကို ကုတ်ပတ် ထားသည်။ ရွက်ဖျား ချွန်သည်။ ရွက်လည်ကြော ထင်ရှားသည်။ ရွက်ဖျားနှင့် ရွက်နား ရှိသည်။ အပွင့်သည် ထိပ်ထွက် ပန်းခိုင် ဖြစ်သည်။ အလွန် သေးငယ်၍ ညိုခြောက်ခြောက် အရောင် ရှိသည်။ အသီးသည် သေးငယ်၍ ရှည်မျောမျောပုံ ရှိသည်။ အမြစ်ဥသည် အပြင်ဘက်တွင် နက်၍ အတွင်းသား နီကျန့်ကျန့် ရှိ၏။

အသုံးဝင်သောအပိုင်း[ပြင်ဆင်ရန်]

ဥအမြစ်အခေါင်း

ကိုးကား[ပြင်ဆင်ရန်]