နွားမြက်ရင်း
| နွားမြတ်ရင်း | ||||||||||
|---|---|---|---|---|---|---|---|---|---|---|
| သိပ္ပံနည်းကျမျိုးခွဲခြင်း | ||||||||||
|
||||||||||
| ဒွိနာမ | ||||||||||
| ''Cyperus scariosus'' |
နွားမြက်ရင်းပင်ကို အင်္ဂလိပ်ဘာသာဖြင့် Cypriol ဟု ခေါ်ဆိုကြပြီး Cyperus scariosus ဟု ရုက္ခဗေဒအမည်ပေးထားသည်။
မာတိကာ |
[ပြင်ဆင်ရန်] ပေါက်ရောက်ပုံ
ရေကြိုက်ပင် ဖြစ်သည့် အလျောက် ရေစပ်၊ ကမ်းစပ် တို့တွင် ပေါက်ရောက်သည်။ သဘာ၀ အလျောက် ပေါက်ရောက်သည်။
[ပြင်ဆင်ရန်] အသုံးပြုပုံ
နွားမြက်ရင်းကို သွေး၍ လျှာကို ပွတ်ပေး ပါက လျှာ၌ ရှိသော အဖုအပိမ့် များကို ပျောက်ကင်း စေသည်။နွားမြက်ရင်းကို လျှာပွတ်ဆေး၊ သူငယ်နာ ဆေးအဖြစ် အသုံးပြုသည်။ နွားမြက်ရင်းကို သွေးကာ သူငယ်စာ ငှက်ပျောသီးတွင် သုတ်လိမ်း၍ မီးကင်ပြီး ကလေး များအား ကျွေားပါက သူငယ်နာ တက်ခြင်း၊ မျက်ဖြူလန်ခြင်းနှင့် သာမာန် အဆိပ် ရှိသော သတ္တဝါ များကြောင့် အဆိပ် တက်ခြင်းကို ပျောက်ကင်း စေသည်။ နွားမြက်ရင်း သွေးရည် ကော်ဖီဇွန်း ၁ ဇွန်း သောက်ပါက အော့အန် ရောဂါကို ပျောက်ကင်း စေသည်။နွားမြက်ရင်း ခေါင်းကို သွေး၍ ဆား အနည်းငယ် ထည့်သောက်ပါက အစာမှားခြင်း၊ ဆေးမှားခြင်း တို့ကို သက်သာ ပျောက်ကင်း စေသည်။နွားမြက်ရင်း ခေါင်းကို သွေး၍ သောက်ခြင့်ဖြင့် အစာအိမ် ရောဂါ၊ အစာအိမ် အချဉ်ပေါက် ရောဂါများကို ပျောက်ကင်း စေပါသည်။နွားမြက်ရင်း ခေါင်းကို သွေးလိမ်းပါက ကိုယ်လက် ရောင်ရမ်းခြင်း၊ ယားယံခြင်းနှင့် နူနာဖြစ်စ ရောဂါ၊ ရေယုန်၊ ဝဲစို၊ ဝဲခြောက် ရောဂါများကို ပျောက်ကင်း စေနိုင် ပါသည်။
[ပြင်ဆင်ရန်] ပုံပမ်း သွင်ပြင်
အပင်သည် အပင်ငယ်မျိုး ဖြစ်သည်။ အမြင့် ၃ ပေခန့် ရှိသည်။ ပင်စည် သုံးမြောင့်ပုံရှိ၍ ခေါင်းပွပုံ ဖြစ်ပြီး သေးငယ် ပြောင်ချော သည်။ တပင်တည်း ကဲ့သို့ စုပြုံ၍ ပေါက်သည်။ အရွက်သည် ပင်စည် ထိပ်ပိုင်း၌ စုရုံးဝိုင်းပတ်၍ ထွက်သည်။ ရွက်ပျား သေးသွယ် ရှည်လျား သည်။ ရွက်ရင်း ဝိုင်းပြီး ပင်စည်ကို ကုတ်ပတ် ထားသည်။ ရွက်ဖျား ချွန်သည်။ရွက်လည်ကြော ထင်ရှားသည်။ ရွက်ဖျားနှင့် ရွက်နား ရှိသည်။ အပွင့်သည် ထိပ်ထွက် ပန်းခိုင် ဖြစ်သည်။ အလွန် သေးငယ်၍ ညိုခြောက်ခြောက် အရောင် ရှိသည်။ အသီးသည် သေးငယ်၍ ရှည်မျောမျောပုံ ရှိသည်။ အမြစ်ဥသည် အပြင်ဘက်တွင် နက်၍ အတွင်းသား နီကျန့်ကျန့် ရှိ၏။
[ပြင်ဆင်ရန်] အသုံးဝင်သောအပိုင်း
ဥအမြစ်အခေါင်း
[ပြင်ဆင်ရန်] References
| ဤဆောင်းပါးအတိုအား ပိုမိုပြီးပြည့်စုံစေရန် ဆက်လက်ရေးသား ဖြည့်စွက်နိုင်ပါသည်။ သင်က ထပ်မံဖြည့်စွက် ရေးသားပြီး ဝီကီပီးဒီးယားကို ကူညီပေးပါ။ ကျေးဇူးတင်ပါသည်။ |