လေးခုတွက်ကိန်း

ဝီကီပီးဒီးယား မှ

လေးခုတွက်ကိန်း ကဗျာကို မောင်းထောင်းဦးကျော်လှ ရေးသားခဲ့သည်။ သံချို ကဗျာအမျိုးအစားဖြစ်သည်။

အကြောင်းအရာ[ပြင်ဆင်ရန်]

၁၂၇၃ ခုနှစ်တွင် မိဿရာသီ၌ စနေရာဟုစီနေခြင်း စသည်တို့ကြောင့် ဖြစ်ပျက်တတ်သော အကျိုးအပြစ်တို့ကို ဖွဲ့ဆိုထားသည်။

လေးခုတွက်ကိန်း[ပြင်ဆင်ရန်]

တြိန်းသတ်ကယ်နှင့်၊ ကိန်းမှတ်ဖွယ်အဇဋာက၊ သျှတ္တရာ၊ ကျမ်းလာနှင့် ရှုလိုက်တော့၊ စွန်းသုံးခု ခုနစ်ဆယ်။

မိဿမှာခိုပေသည့်၊ ဂြိုဟ်စနေ နတ်နဂါးရယ်နှင့်၊ ရပ်နားလာဟိုင်းရာဟုငဲ့ပြင်၊ ဂုရုဂြိုဟ် ကြာသပတေးရယ်က၊ တူခွင်မှာ သူဝင်သည့်အရေးရယ်ကြောင့်၊ ဆူမအေးကာ၊ ထမင်းအစာမလောက်နို်င်ဘု၊ ကင်းပျောက်၍ကွယ်။

သောကြာဂြိုဟ်ပြောင်းကာသွားလို့၊ စပါးဆန်ရှာမတွေ့ပြီဘု၊ အရှေ့မှာကြယ်သောက်ရှူးက၊ ကြက်ဦးတွန်ပေါ်ကာ ပေးခဲ့ပေါ့၊ ကြာသပတေးကြယ်၊ သူကပြောင်းပေါရော့၊ ဆောင်းသရဒဗြိစ္ဆာနယ်၊ မိတ်သွယ်တဲ့စခန်း။

သူဌေးစုရယ်က၊ လေးခုမှာ လူအစာရှားမည်ကြောင့်၊ စပါးကိုလှောင်ခြင်ရှာလိမ့်၊ ရှောင်ကြဉ်ကာ ပညာနှင့်တွေးပါတော့၊ ကြာသပတေးကြယ်၊ သူကထွက်တော့၊ စပါးဆန်စားရန်မခက်ပေဘု၊ လဖက်ရွှေဖီနှင့်၊ မရှားပြီ ဆားဆီဆေးတို့၊ သောရီတဖန်၊ ရောဟဏီအမှန်ဖြင့်တွေးပြီမို့၊ ဇောတပသီညာဏ်၊ လောကီညာဏ်နင့်ရေးခဲ့ပေါ့ကွယ် လေးခုထွက်လမ်း။

ခက်ဆစ်[ပြင်ဆင်ရန်]

၁။ တြိန်းသတ် = ၇၃ ခု အရေအတွက်။

၂။ အဇဋာ = ကောင်းကင်။

၃။ သျှတ္တရာ = အာကာသသျှတ္တရကျမ်း။

၄။ သရဒဗြိစ္ဆာ = ဗြိစ္ဆာရာသီ၊ တန်ဆောင်မုန်းလ။

၅။ သောရီ = ရောဟဏီနက္ခတ်။

၇။ ထပသီ = ရသေ့။

မှတ်ချက်[ပြင်ဆင်ရန်]

ဤကဗျာခေါင်းစဉ်သည် မောင်းထောင်းဦးကျော်လှ ကိုယ်တိုင် နာမည်ပေးခဲ့ခြင်း မဟုတ်ပါ။ သင့်တော်မည်ထင်သော နာမည်ကို ပေးထားခြင်း ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. မောင်းထောင်းဦးကျော်လှ၏ သံချိုကဗျာပေါင်းချုပ်။ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုဗိမာန်ဌာန။ နိုဝင်ဘာ ၁၉၈၃။