လောင်စာဆီ ထိုးသွင်းခြင်း

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
Fuel rail connected to the injectors that are mounted just above the intake manifold on a four cylinder engine.

လောင်စာဆီထိုးသွင်းခြင်း (Fuel injection) ဆိုသည်မှာ အတွင်းတွင် ပေါက်ကွဲသော အင်ဂျင်များတွင် လောင်စာဆီကို လေနှင့် ရောမွှေပေးသော နည်းလမ်းတစ်မျိုးဖြစ်သည်။ နည်းပညာ တိုးတက်လာသည်နှင့် အမျှ လောင်စာဆီ ထိုးသွင်းခြင်း နည်းလမ်းသည် ဓာတ်ဆီသုံးသော အင်ဂျင်များတွင် အဓိက လောင်စာဆီ ပို့ဆောင်ပေးသော နည်းလမ်းဖြစ်လာပြီး ၁၉၈၀ ခုနှစ်များ နှောင်းပိုင်းတွင် ကာဘရိုက်တာများ၏ နေရာတွင် အစားထိုး နေရာ ယူလာခဲ့သည်။

လောင်စာဆီထိုးသွင်းသော စနစ်သည် ၎င်းအသုံးပြုမည့် လောင်စာဆီအမျိုးအစားနှင့် ကိုက်ညီအောင် ထိန်းညှိ ချိန်တွယ်ထားသည်။ လောင်စာဆီ ထိုးသွင်းသော စနစ်အများစုမှာ ဓာတ်ဆီ နှင့် ဒီဇယ်ဆီ သုံးသော အင်ဂျင်များ အတွက် ရည်ရွယ်သည်။ အီးအက်ဖ်အိုင်ဟု အများသိကြသော အီလက်ထရွန်းနစ် လောင်စာဆီထိုးသွင်းခြင်း စနစ်တွင် ဒီဇယ်အင်ဂျင်နှင့် ဓာတ်ဆီအင်ဂျင်တွင် သုံးသော စက်ပစ္စည်းများမှ တူညီလာကြသည်။ ပရိုဂရမ် ပြောင်းလဲ ထည့်သွင်းနိုင်သော အီးအက်ဖ်အိုင်၏ ဖမ်းဝဲလ် များကြောင့် ကွဲပြားခြားနားသော လောင်စာဆီများကို စက်ပစ္စည်း တစ်မျိုးတည်းဖြင့် အသုံးပြုနိုင်ရန် ဖြစ်လာစေသည်။