လေရူးသုန်သုန်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

လေရူးသုန်သုန်ဝတ္ထု (Gone With The Wind) သည် ၁၉၃၆ ခုနှစ်တွင် မားဂရတ် မစ်ချယ်လ် (Margaret Mitchell)က ရေးသားခဲ့ပါသည်။ ထိုဝတ္ထုကို မြန်မာနိုင်ငံ၏ အကျော်ကြားဆုံး စာရေးဆရာကြီးများထဲမှ တစ်ဦးဖြစ်သော ဆရာကြီး မြသန်းတင့်မှ မြန်မာဘာသာသို့ ပြန်ဆိုခဲ့ရာ ၁၉၇၈ ခုနှစ်တွင် အကောင်းဆုံးအမျိုးသားဘာသာပြန်စာပေဆုကို ရရှိခဲ့ပါသည်။ လေရူးသုန်သုန်၏ အင်္ဂလိပ် ဝတ္ထူဖြစ်သော Gone With The Wind သည် မူရင်းထုတ်ဝေရာဒေသဖြစ်သော အမေရိကန်နိုင်ငံ၏စာဖတ်သူများအကြားတွင် ရေပန်းစားခဲ့ပြီး ထုတ်ဝေသောနှစ်နှင့် ၁၉၃၇ခုနှစ်တွင် အမေရိကန်နိုင်ငံ၏ ရောင်းအားအကောင်းဆုံး စိတ်ကူးယဉ်ဝတ္ထုထဲမှ တစ်ခုဖြစ်ခဲ့ပါသည်။ ၂၀၁၄ခုနှစ်တွင် ဟဲရစ်ပူးလ်မှ အမေရိကန်ရှိ စာဖတ်သူများ၏ ခရစ်ယာန်ကျမ်းစာပြီးလျှင် ဒုတိယ အနှစ်သက်ဆုံး စာအုပ်ဖြစ်ကြောင်း တွေ့ရှိခဲ့သည်။ ကမ္ဘာတစ်ဝှမ်းတွင် စာအုပ်ပေါင်း သန်း၃၀ကျော် ထုတ်ဝေခဲ့ပါသည်။

ကျွန်ပိုင်ရှင်များ၏ဖက်မှနေကာ ရေးထားသော စိတ်ကူယဉ်ဝတ္ထုဖြစ်သည်။ ထိုဝတ္ထုသည် နောက်ပိုင်းတွင်အခြားစာရေးဆရာများ၏ တောင်ပိုင်းပြည်နယ်နှင့် လူဖြူ ၊ လူမည်းအကြောင်း ရေးသားရာတွင် မှီးငြိမ်းကိုးကားချက်ဖြစ်လာသည်။ အမေရိကန်တက္ကသိုလ်ကျောင်းသားများသည်လည်း သူတို့၏ စာတမ်းပြုစုမှုနှင့် လေ့လာမှုများတွင် ကိုးကားချက်အဖြစ် အသုံးပြုကြသည်။

စာရေးဆရာမ မားဂရတ် မစ်ချယ်လ်သည် အရောင်များကို သင်္ကေတအဖြစ် အသုံးပြု၍ စိတ်ကူးပုံဖော်ခဲ့သည်။ အထူးသဖြင့် အနီနှင့် အစိမ်းရောင်များဖြစ်သည်။