လီဇီချီ

ဝီကီပီးဒီးယား မှ
လင် ဇီချီ
ဇာတိ အမည်李子柒
မွေးဖွား (1990-07-06) ဇူလိုင် ၆၊ ၁၉၉၀ (အသက် ၃၃)
ဆီချွမ်းပြည်နယ်၊ မင်းယန်မြို့
နိုင်ငံလူမျိုးတရုတ်
အလုပ်အကိုင်အစားအသောက် ဘလော့ဂါ
တက်ကြွလှုပ်ရှားနှစ်များ၂၀၁၆−ယခုထိ

လီဇီချီ (တရုတ်: 李子柒 ၁၉၉၀ ဇူလိုင် ၆ ဖွား) သည် တရုတ်လူမျိုး အစားအသောက်ဘလော့ဂါ ဖြစ်သည်။[၁] နေထိုင်သည့် ဆီချွမ်းနယ်၊ မင်းယန်မြို့ တောပိုင်းရှိ အစားအသောက်ကုန်ကြမ်းများကို သုံးကာ တရုတ် ရိုးရာနည်း၊ ရိုးရာကိရိယာတို့ဖြင့် ချက်ပြုတ်ပြလေ့ ရှိသည်။ တရုတ်ရိုးရာ လက်လုပ်ပစ္စည်းများကိုလည်း ပြသည်။ လူသဘောကျသည့် အချက်မှာ ရိုးရာဝတ်စုံကိုသာ ဝတ်လေ့ရှိခြင်း ဖြစ်သည်။[၂][၃][၄][၅] ၂၀၁၉ ခုတွင် သူ၏ ယူကျူ့ချန်နယ်တွင် စာရင်းဝင်သူပေါင်း ၅ သန်းကျော် ရှိသည်။ စိနဝေဘို (新浪 微博) တွင် နောက်လိုက် ၁၆ သန်း ရှိသည်။[၆][၇][၈][၉][၁၀]

ငယ်ဘဝ[ပြင်ဆင်ရန်]

၁၉၉၀ ခု၊ ဇူလိုင်လ ၆ ရက်တွင် မွေးသည်။ ငယ်စဉ်ကပင် မိဘများ လမ်းခွဲရာ ဖခင်နှင့် ပါလာသည်။ ထို့နောက် ဖခင် တိမ်းပါးရာ ဘိုးဘွားများနှင့် တရုတ်ပြည်အနောက်တောင်ပိုင်း ဆီချွမ်းနယ်၊ မင်းယန်မြို့အနီး၌ နေသည်။[၇] သူ၏ အချက်အပြုတ်ပညာမှ စားဖိုမှူးဖြစ်သူ အဘိုးထံမှ ရခဲ့ခြင်း ဖြစ်သည်။

အလယ်တန်းအောင်ပြီးနောက် ကျောင်းထွက်ကာ အလုပ်မျိုးစုံ လုပ်သည်။ ၂၀၁၂ ခုတွင် အဘွား ဆုံးသည်။

ဘလော့ဂါခရီး[ပြင်ဆင်ရန်]

ထောင်ဘောင် (淘宝网) တွင် ဈေးစရောင်းသည်။ ၂၀၁၅ ခုတွင် တရုတ်ပြည်၌ ဇာတ်လမ်းတိုများ ခေတ်စားသည်။ သူ၏မောင်မှာ ဂီတာတီးကာ သီချင်းဆို၍ မေပိုင် ((Meipai | 梅派)) ၌ နာမည်ကြီးနေသည်။ မေပိုင် တွင် စတင် ဇာတ်လမ်းတိုများ တင်သည်။ မတီးမကတတ်သော ဇီချီက သူတတ်သည့် အချက်အပြုတ်နှင့် လမ်းသစ်ထွင်သည်။ ကနဦးရည်ရွယ်ချက်မှာ သူ့ထောင်ဘောင်တွင် ဈေးလာဝယ်စေရန် ဖြစ်သည်။ ရာသီစာ (四季更替,适时而食) ဇာတ်လမ်းတိုတွဲကို စရန် ပြင်သည်။ နာမည်မှာ ရိုးလွန်းသည်ဟု မိတ်ဆွေတဦးက ပြော၍ ရှေးအရသာ ရနံ့အစာ (古香古食) ဟု ပြောင်းသည်။ ဤဇာတ်လမ်းတွဲမှာလည်း လူသိများသည် မဟုတ်။

၂၀၁၆ ခု၊ ဧပြီလတွင် ဝေဘို စသုံးသည်။ စက်တင်ဘာ၌ ဝေဘိုကုမ္ပဏီက လူစိတ်ဝင်စားနိုင်သော ဇာတ်လမ်းတိုထုတ်လုပ်သူများကို ထောက်ပံ့ရန် စီစဉ်ရာ ကျေးတောသူ ဇီချီက ကံထူးရှင်စာရင်း၌ ပါသည်။ ပုံမှန်အားဖြင့် ထမင်းကျွေးနေသည့် ပျိုးနုတ်၊ ကောက်စိုက်၊ ဝက်စာကျွေးအလုပ်ကို လုပ်ရသည်ဖြစ်၍ ဇာတ်လမ်းအား ပုံမှန်မတင်နိုင်ပေ။ ဝေဘို၏ ထောက်ပံ့ငွေဖြင့် ၂၀၁၇ ခု၊ မေလတွင် လက်ထောက်တဦး၊ အချိန်ပိုင်း ဓာတ်ပုံဆရာတဦး ငှားပြီး လီ ဇီချီ ကုမ္ပဏီကို လည်ပတ်သည်။ ထိုသို့ဖြင့် တလလျှင် ဇာတ်လမ်းတို ၂ ခုခန့် ပုံမှန် တင်နိုင်လာသည်။ အကူအဖြစ် လက်ထောက်ငှားသော်လည်း အခမဲ့ကူသည့် ရွာသူကြီး၊ အမျိုး၊ အိမ်နီးချင်း များစွာရှိကြောင်း ပြောဖူးသည်။

ညကလပ်၌ ခွေပွတ်သမား (DJ) အဖြစ် အလုပ်လုပ်ဖူးရာ ဂီတစီမံ ရောစပ်ပုံကို အတန်အသင့် နားလည်၍ နောက်ခံတေး ထည့်သွင်းရာတွင် များစွာ အဆင်ပြေသည်။ ၂၀၁၇ နှစ်ကုန်ပိုင်းမှာ ဇီချီ၏ အာရုဏ်ဦးဖြစ်လာသည်။

၂၀၁၈ ခု၊ နှစ်ကုန်ပိုင်းတွင် ဘဝခဏတာ ကို၎င်း၊ ၂၀၁၉ ခု၊ ဖေဖော်ဝါရီတွင် နွေဦးစားဖိုဆောင် ကို၎င်း မိတ်ဆက်ခဲ့သည်။

ပြင်ပလင့်များ[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. "SANSEI JOURNAL: Everything Comes From China"၊ North American Post၊ 14 March 2019။ 
  2. "Une artiste chinoise propose un tutoriel pour fabriquer des outils de calligraphie" (in fr-FR)၊ ActuaLitté၊ 26 March 2019။ 
  3. "100 Chinese selected as "good young netizens" - Xinhua | English.news.cn"၊ Xinhua News Agency၊ 2 August 2018။ 14 August 2019 တွင် ပြန်စစ်ပြီး။ Archived from the original on 2 August 2018။ 
  4. "L'une des plus jolies chaînes de YouTube serait en réalité un outil de propagande massive" (in fr-FR)၊ L'ADN၊ 5 March 2019။ 14 August 2019 တွင် ပြန်စစ်ပြီး။ Archived from the original on 9 May 2019။ 
  5. 揭秘2017最火網紅「古風美食第一人」李子柒
  6. "Top YouTube channels to learn about China"၊ GBTimes၊ 25 January 2019။ 14 August 2019 တွင် ပြန်စစ်ပြီး။ Archived from the original on 26 April 2019။ 
  7. ၇.၀ ၇.၁ "This Chinese youtube girl teaches us how tofu is made"၊ Emotions၊ 3 October 2018။ 
  8. "Li Ziqi: The Online Celebrity Bringing Ol' School Traditions to the Modern World"၊ Chinosity၊ 13 April 2019။ 
  9. "La youtubeuse Li Ziqi et la tradition chinoise ancestrale"၊ AgoraVox၊ 7 May 2018။ 
  10. 李子柒 Liziqi (in en)။ 2019-05-28 တွင် ပြန်စစ်ပြီး။