လမင်းမိုမို

ဝီကီပီးဒီးယား မှ
လမင်းမိုမို
မွေးဖွားမလှမြတ်မို
(၁၉၆၆-0၆-၂၅) ဇွန် ၂၅၊ ၁၉၆၆ (အသက် ၅၇)
အလုပ်အကိုင်စာရေးဆရာမ
ဆွေမျိုးသားချင်းဦးဇင်မြင့် (ဖခင်)
ဒေါ်ခင်ထွေးထွေး (နေနွယ်ဇင်မြင့်) (မိခင်)

လမင်းမိုမို (၂၅ ဇွန် ၁၉၆၆ မွေးဖွား) သည် မြန်မာနိုင်ငံသား အမျိုးသမီး စာရေးဆရာ တစ်ဦးဖြစ်သည်။ အမည်ရင်း လှမြတ်မိုဖြစ်ပြီး ၁၉၆၆ ခုနှစ် ဇွန်လ ၂၅ ရက်နေ့တွင် မွေးဖွားခဲ့သည်။ မွေးချင်း လေးဦးအနက် အကြီးဆုံး ဖြစ်သည်။

လမင်းမိုမို

အမည်ရင်း --မလှမြတ်မို

မွေးသက္ကရာဇ် - ၂၅-၆-၁၉၆၆ ( စနေနေ့ )

မိဘ - ဦးဇင်မြင့် + ဒေါ်ခင်ထွေးထွေး ( နေနွယ်ဇင်မြင့် )

မွေးချင်း - ၄ ယောက် ( အကြီးဆုံး )

၁၉၈၂ - ဆယ်တန်းအောင် ၁၉၈၆ - B.Sc ( Zoology) ၁၉၉၅ - M.Sc ( Zoology)

၁၉၈၂ ဒီဇင်ဘာလ - စာပေနယ်ပယ် သို့ ဝင်ရောက် ။ ပထမဆုံးစာအုပ်ထုတ်ေ၀ ။

ပထမဆုံးလုံးချင်းဝတ္ထု - နေလိုအချစ် လလိုအချစ် ..( နေနွယ်ဇင်မြင့်နှင့် အတွဲ ) ။

ထွက်ပြီး ဝတ္ထု စာအုပ်ပေါင်း - ၂၁၅ အုပ်

နောက်ဆုံးထွက်သည့် စာအုပ် - ၂၀၁၁ စက်တင်ဘာ - အဘယ့်ကြောင့်များ


ရုပ်ရှင် - ၄ ကား

- ကိုကိုဘာလို့ မုန်းတာလဲ ( ဒါရိုက်တာ ဒေါ်သင်းသင်းယု )

- ရင်ထဲရှိတာ ( ဒါရိုက်တာ ကိုအောင်မင်းသိမ်း )

- မောင် ( ဒါရိုက်တာ ပန်းချီစိုးမိုး )

- ကိုယ့်အတ္တက ဒုတိယ ( ဒါရိုက်တာ ဆိုးပေ + မောင်မဲ ) ( ရုပ်ရှင်မှာ နာမည် ပြောင်းထားသည်။)


DVD - ၂ ကား

- ချစ်သူချန်ရစ်သော ရုပ်ကြွင်းပုစ္ဆာ ( ဘယ်သူကို အချစ်ဆုံးလဲ ) ( ဒါရိုက်တာ ကိုဇော် အရုဏ်ဦး )

- နောက်တရက်ရဲ့ နံနက်ခင်း ( ဗိုက် ဗိုက် ဗိုက် ) ( ဒါရိုက်တာ ကိုဇော် အရုဏ်ဦး )


Video - ၁၆၄ ကား

( အချို့ စာအုပ်များကို ၂ ကြိမ် ၃ ကြိမ် ပြန်ရိုက်ဖြစ်သည်များ ရှိသည်။ )

ငယ်ဘဝနှင့် ပညာရေး[ပြင်ဆင်ရန်]

၁၉၈၂ ခုနှစ်တွင် ဆယ်တန်းအောင်မြင်ခဲ့သည်။ ၁၉၈၆ ခုနှစ်တွင် သတ္တဗေဒအထူးပြုဖြင့် သိပ္ပံဘွဲ့ကိုလည်းကောင်း ၁၉၉၅ ခုနှစ်တွင် မဟာဘွဲ့ကိုလည်းကောင်း ရရှိခဲ့သည်။

စာပေရေးသားခြင်း[ပြင်ဆင်ရန်]

၁၉၈၂ ခုနှစ် ဒီဇင်ဘာတွင် ပထမဆုံး စာအုပ်ကို ထုတ်ဝေခဲ့သည်။ ပထမဆုံးလုံးချင်းဝတ္ထုအဖြစ် နေလိုအချစ် လလိုအချစ် စာအုပ်ကို နေနွယ်ဇင်မြင့်နှင့် ပူးတွဲ ထုတ်ဝေခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]