လင်္ကာပတုနသမုဒယဂီရိဝိဟာရ

ဝီကီပီးဒီးယား မှ
Lankapatuna Samudragiri Viharaya
ලංකාපටුන සමුද්‍රගිරි විහාරය
အချက်အလက်များ
တည်နေရာTrincomalee, Sri Lanka
ဘာသာရေး နှီးနွယ်မှုBuddhism
ခရိုင်Trincomalee
စီရင်စုEastern province
နိုင်ငံသီရိလင်္ကာနိုင်ငံ
အမွေအနှစ် သတ်မှတ်ခြင်းArchaeological protected monument
ဗိသုကာ
ဗိသုကာ အမျိုးအစားBuddhist Temple

လင်္ကာပတုနသမုဒယဂီရိဝိဟာရ (Sinhala: ලංකාපටුන සමුද්‍රගිරි විහාරය) သည် သီရိလင်္ကာနိုင်ငံ၊ အရှေ့ပိုင်းစီရင်စု၊ ထရင်ကွန်မလီးခရိုင်တွင် တည်ရှိသည့် ဗုဒ္ဓဘာသာကျောင်းတော်တစ်ခု ဖြစ်သည်။ ကျောင်းတော်သည် သီရိလင်္ကာ၏ သမိုင်းဝင်ဆိပ်ကမ်းဖြစ်သည့် လင်္ကာပတုနဆိပ်ကမ်းအနီး သမုဒ္ဒရာအနီးတွင် တည်ရှိသည်။ ၎င်းဆိပ်ကမ်းသည် ဗုဒ္ဓ၏ သွားဓာတ်တော်ကို ဆောင်ယူခဲ့စဉ်အခါက မင်းသား Dantha နှင့် Hemamala တို့ ခြေချခဲ့သည့် နေရာလည်း ဖြစ်သည်။ ပြည်တွင်းစစ်နှင့် ဆူနာမီကြောင့် ပျက်စီးခဲ့ရသည့် ရှေးဟောင်းကျောင်းတော်သည်ဆိုးရွားစွာ ပျက်စီးလျက်ရှိသည်။ သို့သော်လည်း ရှေးဟောင်း Dageba, Korawak Gal, ကန်တစ်ခုနှင့် အခြားသော ကျောင်းတော်၏ အပျက်အစီးများမှမူ ဧက ၅၀ အကျယ်ခန့် ယခင်အတိုင်း တည်ရှိနေသည်ကို တွေ့နိုင်သည်။ ရှေးဟောင်းကျောင်းတော်အပျက်အစီး၏ အနီးတွင် ကျောင်းတော်အသစ်တစ်ခု တည်ဆောက်ထားရှိသည်ကိုလည်း တွေ့နိုင်သည်။[၁][၂][၃][၄]

သမိုင်းကြောင်း[ပြင်ဆင်ရန်]

လင်္ကာပတုနသည် ရှေးယခင်အချိန်က သီရိလင်္ကာ၏ ဆိပ်ကမ်းဖြစ်ခဲဲ့သည်။ ၎င်းနေရာသည် အေဒီ ၄ ရာစုက သီရိလင်္ကာသို့ ဗုဒ္ဓ၏ သွားဓာတ်တော်ကို ဆောင်ယူခဲ့ရာနေရာလည်း ြဖစ်သည်။ ကာလိင်္ဂ (Kalinga) အုပ်ချုပ်သူဘုရင်ဖြစ်သည့် Guhasiva သည် စစ်ရှုံး၍ သွားတော်ကို ကွာကွယ်စောင့်ရှောင့်ရန် သွားတော်ကို မင်းသား Dantha နှင့် မင်းသမီး Hemamala တို့လက်သို့ အပ်နှံခဲ့သည်။ မင်းသားနှင့် မင်းသမီးတို့သည် လင်္ကာပတုနဆိပ်ကမ်းမှ ရွက်လွှင့်ကာ တမ်ရလစ်တ မှတဆင့် အိန္ဒိယသို့ ထွက်ခွာခဲ့သည်။ ဆိပ်ကမ်းသည် တမ်ရလစ်တမြို့မှ မျဉ်းဖြောင့်အတိုင်း တည်ရှိသည်။[၅]

ခေတ်သစ်ကာလ[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. Lankapatuna Samudragiri Viharaya – Trincomalee – ලංකාපටුන සමුද්‍රගිරි විහාරය (in si)။ 26 June 2020 တွင် ပြန်စစ်ပြီး။
  2. Tranquil Lanka Patuna။ 26 June 2020 တွင် ပြန်စစ်ပြီး။
  3. Amunugama, E. M. C., 1925- (1994)။ The history of ancient Aryan tribes in Sri Lanka : yaksas, nagas, devas, sakyas။ Colombo, Sri Lanka: J.R. Jayewardene Cultural Centre။ p. 154။ ISBN 9559266003OCLC 33162312CS1 maint: multiple names: authors list (link) CS1 maint: ignored ISBN errors (link)
  4. Exceptional East (in en)။ 18 November 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 18 November 2021 တွင် ပြန်စစ်ပြီး။
  5. Medhānanda (Sthavira.)၊ Ellāvala (2005)။ The Sinhala Buddhist Heritage in the East and the North of Shri [i.e. Sri] Lanka (အင်္ဂလိပ်ဘာသာစကားဖြင့်)။ Dayawansa Jayakody & Company။ ISBN 955-551-461-5