ရွှေညာမှာညိုတဲ့မိုး

ဝီကီပီးဒီးယား မှ

ရွှေညာမှာညိုတဲ့မိုး ကဗျာကို ဦးကြီး ရေးသားခဲ့သည်။ ကဗျာအမျိုးအစားမှာ လွမ်းချင်း ဖြစ်သည်။


သပြေကသီးသနှင့်
ရေကြီးငယ်ဘောင်ဘင်
ထွန်ရေးငယ်ငင်သည်
ပျို့ဦးရင် အပြန်ခက်ရှာလိမ့်
တစ်ဖက်က ချောင်းကာသည်
ရွှေညာမှာညိုသည့်မိုးငယ်မို့
ပျိုစိုးတယ်လေး။

ခါးမင်ကြောင်ငယ်
ရွှေသျှောင်ဘယ်ဝေ့
အမယ်လေးဆိုတုန်းက
ပျိုပုန်းလို့တွေ့သူမို့
တစ်နေ့သာသာ၊ တစ်ညဉ့်ကွာမူ၊
ဗျာပါသည်းမင်၊ တစ်နှစ်ထင်လို့
မရွှင်တ မျှော်
ရေရှင်တားလို့၊ ရက်အားပုံပေါ်လှချည့်
ချောင်းကျော်တဲ့လယ်နှယ်ကို
ကိုယ်တာကွယ် မစုံမက်သာဘု၊
တောတက်ဖေလေး။

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာကဗျာလက်ရွေးစင် − အဋ္ဌမတန်း