ရဲရမန်းနယ်

ဝီကီပီးဒီးယား မှ

ရဲရမန်းနယ်သည် ကျောက်ဆည်ခရိုင် မြောက်ဘက်မှ အရှေ့ဘက် ရှမ်းကုန်းပြင်မြင့်သို့ တိုင်အောင် ကျယ်ပြန့်၍ တောင်စွယ်တောင်တန်း ချိုင့်ဝှမ်းတို့ ထူထပ်သည့်နယ် ဖြစ် သည်။ မြောက်ဘက်တွင် မြစ်ငယ်မြစ်၊ အရှေ့ဘက်နှင့် တောင် ဘက်တို့တွင် ရပ်စောက်နယ်နှင့် ဘော်နယ် စသည်တို့ ရှိကြ သည်။ ရဲရမန်းနယ်၏ အကျယ်အဝန်းမှာ ၇၁၃ စတုရန်းမိုင်မျှ ရှိသည်။

ရဲရမန်းနယ်တွင် သစ်တောဝါးတောများ ရှိသည်။ တောင် မြင့်ပိုင်းတွင် ထင်းရှုးပင်နှင့် ဝက်သစ်ချပင်များ ပေါက်သည်။ တောင်အောက်ပိုင်းတွင် ပျဉ်းကတိုးပင်နှင့် ကျွန်းပင်များကို တွေ့ရသည်။ ရဲရမန်းသစ်တောကြိုး ဝိုင်းမှာ ၃ဝ၆ စတုရန်း မိုင်မျှ ကျယ်ဝန်း၍ သစ်တော၏ သုံးပုံတစ်ပုံခန့်တွင် ကျွန်း ပင်များ ပေါက်သည်။

ရဲရမန်းနယ်သည် တောင်ထူထပ်သဖြင့် လူနေအလွန် ပါးသည်။ လူဦးရေ ၁၆၄၈ ယောက်ခန့်သာရှိ၍ များသော အားဖြင့် ဓနုလူမျိုးများသာ နေထိုင်ကြသည်။ဤနယ်၌ နေထိုင် သူတို့သည် တောင်ယာလုပ်ကိုင်ခြင်းဖြင့် အသက်မွေးကြသည်။ ရှေးက ဘော်စော်ဘွားနယ်တွင်ပါဝင်၍ နောက်မှ ကျောက်ဆည် ခရိုင်သို့ သွတ်သွင်းခဲ့သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)