ရဲယိုပင်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ရဲယို
သိပ္ပံနည်းကျမျိုးခွဲခြင်း
လောက [[Plantae]]
မျိုးစဉ် [[Gentianales]]
မျိုးရင်း [[Rubiaceae]]
မျိုးရင်းသေး [[Rubioideae]]
မျိုးစု '''''Morinda'''''


Morinda (ရဲယို) [ပြင်​ဆင်​ရန်​]

  • Botany Term : Morinda angustifolia Roxb
  • Species/Family : Rubiaceae


ပုံသဏ္ဌာန် : အပင် ငယ်မျိုး ဖြစ်သည်။ ပင်စည် ဖြောင့်တန်း၍ အခေါက်မှာ ချောမွေ့သည်။ အရွက်မှာ ထောင့်မှန် ရွက်ဆိုင်ဖြစ်သည်။ အစိမ်း ရင့်ရောင် ကြီးမား တောက်ပြောင်သော အရွက်များ ဖြစ်သည်။ ရွက်နား ညီသည် သိုႚမဟုတ် လှိုင်းတွန့် အနည်းငယ် ရှိသည်။ ပန်းခိုင်သည် အဖြူရောင် ပန်းပွင့်များ စုပြုံ၍ ထွက်သည်။ အသီးသည် ရှည်မျောမျော ပုံစံရှိပြီး ပြောင်ချောသည်။ အစေ့ များသည် ပျစ်ချွဲချွဲ ဖြစ်သည်။ အပင် ပင်လတ် မျိုး ဖြစ်၏။ အရောင် ပြောင်လက်၏။ အကိုင်း အခက် များစွာ ဖြာ၏။ ပင်စည်ပေါ် တွင် အညိုရောင် အစက် အပြောက် များရှိ၏။ အခေါက်ထူ ၍ ကြမ်းတမ်း၏။ အကိုင်း လေးထောင့်ပုံ ရှိပြီး နှစ်ထောင့်တွင် အမြှောင်း ပါသည်။ အရွက် ရွက်ဆိုင် အလှည့်ကျ ထွက်သည်။ အရွက် ကြီး၏။ အလျား ၁ ပေ ခန့် ရှည်၏။ ရွက်ရင်း သွယ်၍ ရွက်ထိပ် ချွန်သည်။ အရွက် အလယ်ပိုင်း ကျယ်သည်။ အရွက် ထက်အောက် မျက်နှာပြင် နှစ်ဖက်လုံး ပြောင်ချောသည်။ ရွက်ကြော ထင်ရှား၏။ ရွက်နား ချော၍ လှိုင်းတွန့် အနည်းငယ် ရှိသည်။ ရွက်ညှာ တိုတုတ်၏။ နှလုံး ပုံသဏ္ဌာန် ရွက်စွယ် နှစ်ခု ပါရှိ၏။ အပွင့် အလွန် သေးငယ်သော အဖြူရောင်ပွင့် ဖြစ်၏။ အနံ့ မွှေး၏။ ပန်းခိုင် ထိပ်တွင် ပန်းပွင့်များ စုပြုံ၍ ထွက်သည်။ ပန်းခို်င်သည် အရွက်၏ အခြားတစ်ဖက် မှ ထွက်သည်။ ပွင့်ညှာ တိုသည်။ အသီး အချင်း ၂ လက်မ ခန့် ရှိ၏။ ရှည်မျောမျော ပုံ ဖြစ်သည်။ အသီးခွံ ပါး၍ ပြောင်ချော၏။ အသီး မျက်နှာပြင် ပေါ်ရှိ ဗဟုဂံပုံ အကွက် အလေးများတွင် ပန်းပွင့် အရာများ မျက်စိ သဖွယ် ကျန်နေသည်။ အသုံးပြုနိုင်သည့် အစိတ်အပိုင်းများ : အရွက်၊ အသီး။ မြန်မာနိုင်ငံတွင် တွေ့နိုင်သောနေရာများ : မြန်မာ နိုင်ငံ အနှံ့ အပြား အထူးသဖြင့် အထက် မြန်မာ ပြည်နှင့် အောက်မြန်မာ ပြည် ဒေသများ၌ အများဆုံး ပေါက်သည်။ ပေါက်ရောက်ပုံ သဘာ၀ အလျောက် ပေါက်ရောက် သည်။မြန်မာနိုင်ငံတွင် ကျယ်ပြန့်စွာ ပေါက်ရောက်သည်။ အသုံးဝင်ပုံ : အာနိသင် မြန်မာ ဆေးကျမ်းများ အလိုအရ ရဲယိုရွက် သည်ခါး၏။ စဉ်းငယ် ပူ၏။ လေနှင့် ဝမ်းကို ရွှင်စေ တတ်၏။ သွေးကို တက်ကြွစေ၏။ ရဲယိုသီး သည်ပူစပ် သောအရသာ ရှိ၍ စဉ်းငယ် ချဉ်၏။ သွေး၊သည်းခြေ၊လေ၊သလိပ် တို့ကို နိုင်၏။ အစာ မကြေ၊လေနာ၊ သည်းခြေနာ တို့ကို နိုင်၏။ အသုုံးပြုပုံ- အရွက် ၁။ ရဲယိုရွက် ကိုပြုတ်၍ တို့စားလျှင် လေချုပ် ရောဂါ၊ ဝမ်းဗိုက်နာ ရောဂါ၊ အာခေါင် ပူလောင် သောရောဂါ၊ သည်းခြေ ဖောက်ပြန်သော ရောဂါနှင့် သွေးတိုး ရောဂါ ပျောက်ကင်း၏။ ၂။ ရဲယိုရွက် ကို ငါးမြွေထိုး အသားနှင့် ပြုတ်၍ သုပ်စားလျှင် ပင်လယ် အူနာ ပျောက်သည်။ ၃။ ရဲယိုရွက် ကို သုပ်စားပါက နို့ချောင်းပိတ် ရောဂါ၊နို့ရေ ခန်းရောဂါ၊သကျည်း ကိုက်ရောဂါ၊ဝမ်းရစ်နာ ခြင်းနှင့် နှာခေါင်း သွေးလျှံ ခြင်းတို့ကို ပျောက်စေ၏။ ၄။ နှလုံး ရောဂါ၊ သွေးသွန် ရောဂါနှင့် ဆီးချို ရောဂါများ အတွက် ဒန့်သလွန်ရွက် နှင့် ဟင်းချို ချက်သောက်က ပျောက်စေ၏။ အသီး ၁။ ပျားရည်နှင့် ခေါက်စားလျှင် ချောင်းဆိုး ရောဂါနှင့် ပန်းနာ ကို ပျောက်စေသည်။ ၂။ ရဲယိုသီး မှည့်ကို ထန်းလျက်နှင့် စားသော် အစာမကြေ ရောဂါ ပျောက်၏။ ၃။ အသီးနုကို ပြုတ်၍ သုပ်စားက လေထိုး လေအောင့် နှင့် သွေးတက်ရောဂါ ပျောက်၏။ [၁]

ကိုးကား [ပြင်​ဆင်​ရန်​]

  1. http://arogyamonline.com/commodity/materials/?raw=112