ရုပ်စုံသဘင်

ဝီကီပီးဒီးယား မှ

ရုပ်သေးရုပ်များဖြင့် ဇာတ်လမ်းဇာတ်ကွက်ဆင်ကာ တင်ဆက်ဖျော်ဖြေသော အနုပညာဖြစ်သည်။

ရုပ်သေးဆိုသည်မှာ ခေါင်း၊ ခြေ၊ လက် စသော ကိုယ် အင်္ဂါ အစိတ်အပိုင်းတို့ကို လှုပ်ရှား၍ လူ့သဏ္ဌာန် ဟန်အမူ အရာနှင့် ကပြနိုင်စေရန် စီမံပြုလုပ်ထားသော အရုပ်များဖြင့် ခင်းကျင်းကပြခြင်းကို ခေါ်သည်။ ကမ္ဘာ့ရုပ်သေးသဘင်တွင် အကြမ်းအားဖြင့် ရုပ်သေး လေးမျိုးလေးစား ရှိလေသည်။ ယင်းတို့မှာ (၁) လက်သွင်းရုပ်သေး၊ သို့မဟုတ် လက်ရုပ်သေး၊ (၂) ခြေ၊ လက်၊ ခေါင်း၊ ခါးတို့တွင် ကြိုးအများတပ်ကာ ဒလက်တွင် ချည်ပြီး ကပြရသော ကြိုးဆွဲရုပ်သေး၊ (၃) အရုပ် တွင်းသို့ တုတ်တစ်ချောင်း လျှိုသွင်းပြီး ခြေ လက်တို့တွင် နန်းကြိုးငယ်၊ တုတ်ချောင်းငယ်တို့ တပ်ဆင်ကာ ဆွဲငင်လှုပ်ရှား ကပြရသော တုတ်ထိုးရုပ်သေး၊ (၃) ကတ်ထူပြားကို ပြုလုပ် ထားသည့် အရုပ်ကို စင်နောက်ဘက်မှ မီးထိုးပေးကာ အရိပ်ကို လှုပ်ရှားပြရသော ရုပ်သေး စသည်တို့ ဖြစ်၏။