ယွမ်ပျောင်း

ဝီကီပီးဒီးယား မှ
ယွမ်ပျောင်း
ဇာတိ အမည်元彪
မွေးဖွားHa Lingchun (夏令震、元庆、元典)
(1957-07-26) ၂၆ ဇူလိုင်၊ ၁၉၅၇ (အသက် ၆၆)
Castle Peak Road, ဗြိတိသျှဟောင်ကောင်
အခြား အမည်များBill Yuen
Jimmy Yuen
အလုပ်အကိုင်သရုပ်ဆောင်၊ ထုတ်လုပ်သူ၊ စတန့်သမား နှင့် သိုင်းကွက်ဆရာ
တက်ကြွလှုပ်ရှားနှစ်များ၁၉၆၂-လက်ရှိ
အိမ်ထောင်ဖက်(များ)Didi Pang (လက်ထပ် 1984)
သားသမီး
  • ဟာယီပွီ (သမီး)
  • ဟာမင်ချက် (သား)
ရရှိသည့်ဆုများဟောင်ကောင်ရုပ်ရှင်ဆုများ – အကောင်းဆုံးအက်ရှင်သိုင်းကွက်ဆု
၁၉၈၃ The Prodigal Son
၁၉၈၄ Winners and Sinners

တရုတ်အမည်
ရိုးရာ တရုတ်元彪
ရိုးရှင်းသော တရုတ်元彪
Ha Lingchun
ရိုးရာ တရုတ်夏令震
ရိုးရှင်းသော တရုတ်夏令震

ယွမ်ပျောင်း (ငယ်မည်- ဟာလင်ချွန်း၊ ၂၆ ဇူလိုင် ၁၉၅၇ ဖွား) သည် ဟောင်ကောင် ရုပ်ရှင်မင်းသား၊ သိုင်းပညာရှင်နှင့် စတန့်သမား ဖြစ်သည်။ ဂျွမ်းဘားအတတ်နှင့် တရုတ်သိုင်းပညာတွင် ထူးချွန်ပြီး၊ ရုပ်ရှင်ကားပေါင်း ၈၀ ကျော်တွင် စတန့်သမား၊ အက်ရှင်သိုင်းကွက်ဖန်တီးသူအဖြစ် ပါဝင် ဆောင်ရွက်ခဲ့သည်။ ဟုန်ကျင်းပေါင်ဂျက်ကီချန်း စသော ညီနောင်များနှင့်အတူ ပေကျင်းအော်ပရာကျောင်းရှိ တရုတ်ပြဇာတ်အကယ်ဒမီမှ ဖိုးကံကောင်း ခုနစ်ဦးထဲမှ တဦး ဖြစ်သည်။ ယွမ်ပျောင်းသည် ရုပ်ရှင်ကား ၁၃၀ ကျော်တွင် ပါဝင်ခဲ့သည်။ ဟောင်ကောင်ချန်နယ် တီဗွီဘီအတွက် ဇာတ်လမ်းတွဲ ၈ ခုတွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။

ဘဝအစ[ပြင်ဆင်ရန်]

၁၉၅၇ ခု ဗြိတိသျှဟောင်ကောင်တွင် ဟာလင်ချွန်းဟူ၍ မွေးဖွားလာသော သူသည် သားသမီး ၈ ဦးအနက် ပဉ္စမမြောက်သား ဖြစ်သည်။ အသက် ၆ နှစ်သားတွင် ပေကျင်းအော်ပရာကျောင်းမှ တရုတ်ပြဇာတ်အကယ်ဒမီတွင် စာရင်းသွင်း တက်ရောက်သည်။ စင်နာမည်မှာ ယွမ်ပျောင်း (ကျားလေး) ဖြစ်ပြီး၊ အတန်းဖော်များ ဖြစ်သော ဂျက်ကီချန်း၊ ဟုန်ကျင်းပေါင်၊ ယွမ်ခွေ၊ ယွမ်ဟွာနှင့် အခြား များစွာသော ကလေးများနှင့်အတူ နောင်တွင် ဟောင်ကောင် ရုပ်ရှင်လောကတွင် နာမည်ကြီးလာမည့် ဆရာ ယွီကျန့်ယွမ် လက်အောက်တွင် လေ့ကျင့်ရသည်။ ဂျက်ကီချန်း၏ ကိုယ်ရေးအတ္ထုပ္ပတ္တိအရ၊ ယွမ် သင်တန်း ပထမနေ့မှာပင် သူ့ဆရာက နောက်ဂျွမ်းပစ်ခိုင်းရာ၊ ယွမ်သည် ကနဦး စမ်းကြည့်ရာမှာ ကောင်းစွာ ဂျွမ်းပစ်ပြနိုင်ခဲ့သည်ဟု ဆိုသည်။ ထိုကျောင်းတွင် အသက် ၁၆ နှစ်ထိ နေခဲ့သည်။[၁] ကျောင်းထွက်သော်၊ ဟုန်ကျင်းပေါင်နောက် လိုက်ကာ၊ ဟောင်ကောင် ရုပ်ရှင်လောကတွင် အသက်မွေးကျောင်းလေသည်။

ပုဂ္ဂိုလ်ရေး[ပြင်ဆင်ရန်]

၁၉၈၄ မှာ ဒီဒီဖန်း (ဖန်းစုဟာ)နှင့် အိမ်ထောင်ကျသည်။ ကလေး နှစ်ယောက်ရပြီး၊ သမီး ယီပွီကို ၁၉၈၆ တွင် မွေး၍၊ သား မင်ဆက်ကို ၁၉၈၈ တွင် မွေးသည်။ ကနေဒါတွင် အိမ်ဝယ်ထားပြီး၊ ဂေါက်ရိုက်ရသည်ကို သဘောကျသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. I Am Jackie Chan: My Life in Action။ Ballantine Books။ June 28, 1999။ ISBN 0-345-42913-3