သောမတ် ယန်း

ဝီကီပီးဒီးယား မှ
(ယန်း၊ တောမတ် မှ ပြန်ညွှန်းထားသည်)
Thomas Lawrence Young
Mathematical elements of natural philosophy, 2002


သောမတ်ယန်း (Thomas Young)(ခရစ် ၁၇၇၃-၁၈၂၉) သည် အင်္ဂလိပ်လူမျိုး ရူပဗေဒပညာရှင် တစ်ဦး ဖြစ်၏။ အီဂျစ်ရှေးဟောင်းပညာရှင်ဘက်၌လည်း ထူးချွန်သူဖြစ်ပေသည်။ အသက်အရွယ် ငယ်စဉ်ကပင် သိပ္ပံပညာနှင့် ဘာသာစကားပညာတို့၌ စိတ်ဝင်စားခဲ့သည်။ လန်ဒန်မြို့၊ ကိမ်းဗရစ်မြို့၊ အက်ဒင်ဗာရာမြို့နှင့် ဂျာမနီနိုင်ငံ ဂေါ့တင်းဂျင်းမြို့များ၌ ဆေးပညာကို သင်ကြားပြီးလျှင် ဂေါ့တင်းဂျင်းတက္ကသိုလ်မှ ဆေးပညာဘွဲ့ကို ရရှိခဲ့လေသည်။ ယန်းသည် ၁၇၇၃ ခုနှစ် ဇွန်လ ၁၃ ရက်နေ့တွင် ဆမ္မာဆက်ခရိုင် မီလဗာတန်မြို့၌ ဖွားမြင်သည်။ ပညာဉာဏ် ထူးချွန်သူဖြစ်၍ အသက်ငယ်စဉ်ကပင် ဂရိဘာသာ၊ လက်တင်ဘာသာ၊ ပြင်သစ်ဘာသာနှင့် အရှေ့တိုင်းဘာသာရပ်အချို့ကို လေ့လာဆည်းပူးခဲ့၏။ သဘာဝသိပ္ပံပညာနှင့် သင်္ချာပညာရပ်များကိုလည်း သင်ယူခဲ့သည်။

၁၈ဝ၁ ခုနှစ်တွင် တော်ဝင်ကျောင်း၌ သဘာဝ ယထာ ဘူတပညာ(ရူပဗေဒ) ပါမေက္ခအဖြစ် ခန့်အပ်ခြင်း ခံရလေသည်။ ယန်းသည် မြင်မူပညာနှင့် စပ်ဆိုင်သော သုတေသနလုပ်ငန်းအတွက်ကြောင့်လည်း ထင်ရှားသည်။ အရာဝတ္ထု အနီးအဝေးကိုလိုက်၍ မျက်လုံးမှ လင်းမှန် ပြောင်းလဲပုံကို တော်ဝင်အသင်းသို့ တင်ပြခဲ့၏။ အလင်းလှိုင်းနှင့် စပ်လျဉ်း၍ ယူဆချက်သစ်များကိုလည်း ထုတ်ဖော်ခဲ့၏။

သောမတ်ယန်းသည် အီဂျစ်နိုင်ငံမှ အင်္ဂလန်နိုင်ငံသို့ ယူ ဆောင်လာသော ရိုဇက်တာကျောက်စာပေါ်ရှိ ဟိုင်ယာရို ဂလစ်ဖစ်ရုပ်ပုံစာကို အစဖော် ဘာသာပြန်ပေးခဲ့လေသည်။


သောမတ်ယန်းသည် ၁၈၂၉ ခုနှစ် မေလ ၁ဝ ရက်နေ့ တွင် လန်ဒန်မြို့၌ ကွယ်လွန်အနိစ္စရောက်သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)