မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်များကောင်စီ

ဝီကီပီးဒီးယား မှ
မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်များကောင်စီ
ယခင်အဖွဲ့အစည်းBurma Christian Council, Burma Council of Churches
ဖွဲ့စည်းခြင်း၁၉၄၉
တရားဝင်အနေအထားActive
ဌာနချုပ်၆၀၂၊ ပြည်လမ်း၊ ၂ ရပ်ကွက်၊ ကမာရွတ်မြို့နယ်ရန်ကုန်

မြန်မာနိုင်ငံ ခရစ်ယာန်အသင်းတော်များ ကောင်စီသည် ၁၉၄၉ ခုနှစ်တွင် မြန်မာနိုင်ငံရှိ ခရစ်ယာန်အသင်းတော်များနှင့် ခရစ်ယာန်အဖွဲ့အစည်းများ မိတ်သဟာယဖွဲ့ပြီး ခရစ်ယာန်သာသနာလုပ်ငန်းဆိုင်ရာများတွင် စုစည်းညှိနှိုင်းလက်တွဲဆောင်ရွက်ရန်အတွက် စတင်တည်ထောင်ခဲ့သည်။

ကောင်စီ၏ ရည်ရွယ်ချက်[ပြင်ဆင်ရန်]

ခရစ်ယာန်ကောင်စီဆိုသည်မှာ ခရစ်ယာန်အသင်းတော်များ၊ ခရစ်ယာန်အဖွဲ့အစည်းများတို့၏ အဖွဲ့ချုပ်၊ အသင်းချုပ်မဟုတ်ပေ။ သက်ဆိုင်ရာ အသင်းတော်များ အသင်းအဖွဲ့များ အတူတကွ စုဝေးတိုင်ပင်နိုင်ရန်နှင့် အားလုံးတို့အတွက် အကျိုးတူလုပ်ငန်းများ ဖော်ထုတ်ကြရန်အတွက် စုစည်းထားသောအဖွဲ့တစ်မျိုးဖြစ်သည်။ ကောင်စီတွင် ပါဝင်ကြသောအသင်းတော်နှင့်အသင်းအဖွဲ့များအတွက် ဥပဒေပြုပြဋ္ဌာန်းနိုင်သောအခွင့်အာဏာမရှိပါ။
ကောင်စီများကိုထူထောင်ဖွဲ့စည်းရခြင်းသည် ခရစ်ယာန်အသင်းတော်များနှင့် ခရစ်ယာန်သာသနာ၏အကျိုးအတွက်လည်းကောင်း၊ အခြားဘာသာဝင်များအားလုံး အကျိုးအတွက်လည်းကောင်း ခရစ်ယာန်များစုပေါင်းလက်တွဲလုပ်ဆောင်ကြနိုင်ရန် ဖွဲ့စည်းကြခြင်းဖြစ်သည်။

ရူပါရုံ[ပြင်ဆင်ရန်]

ဘုရားသခင်၏သာသနာတော်မြတ်တည်းဟူသော မြန်မာနိုင်ငံရှိအသင်းတော်များ တစ်လုံးတစ်၀တည်းဖြစ်ခြင်း၊ လူသားတစ်ရပ်လုံးညီညွှတ်ခြင်းနှင့် တလောကလုံးပြည့်စုံကြွယ်၀သော အသက်တာအတွက်မြန်မာ့ရေခံမြေခံနှင့်လျှော်ညီစွာအသင်းတော်များအားလုံး စုစည်းလက်တွဲအစေခံဝန်ထမ်းရန်။

အဖွဲ့ဝင်များ[ပြင်ဆင်ရန်]

  • မြန်မာနိုင်ငံနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်
  • မြန်မာနိုင်ငံခရစ်ယာန်အသင်းတော် (အင်္ဂလီကန်)
  • အထက်မြန်မာပြည်မက်သဒစ်အသင်းတော်
  • မာရာဧဝံဂေလိအသင်းတော်
  • မြန်မာနိုင်ငံပရက်စ်ဘီတေးရီးယာန်အသင်းတော်
  • အောက်မြန်မာပြည်မက်သဒစ်အသင်းတော်
  • လွတ်လပ်သောပရက်စ်ဘီတေးရီးယာန်အသင်းတော်
  • လုသာရင်ဗက်လင်ဟမ်အသင်းတော်
  • စိန့်ဂါဗြေလအသင်းတော်သမဂ္ဂ
  • မြန်မာပြည်ကယ်တင်ခြင်းတပ်အသင်းတော်
  • အမျိုးသားချင်းထောက်ပံ့သည့်ကရင်နှစ်ခြင်းသာသနာပြုအသင်း
  • မြန်မာနိုင်ငံလီဆူခရစ်ယာန်အသင်းတော်
  • လွတ်လပ်သောဧဝံဂေလိအသင်းတော်
  • လွတ်လပ်သောတိုင်းရင်းသားသာသနာပြုအသင်းတော်