မြန်မာကဗျာ ကာရန်ယူနည်းများ
မြန်မာကဗျာများတွင် ရွှေနှင့်ယိုးမှား ပန်းစံကားကဲ့သို့သော မြန်မာ့စာပေသမိုင်းတွင် ရှေးအကျဆုံးသော ကဗျာများမှ စ၍ ခေတ်စမ်းကဗျာများအလယ် ယနေ့ခေတ်ရေပန်းစားနေသော ဟစ်ဟော့ပ်ဂီတ သံစဉ်များ အဆုံး ကာရန်ယူ၍ ရေးဖွဲ့လေ့ ရှိကြသည်။ ပို့စ်မော်ဒန် ကဗျာများတွင်မူ ဘာသာစကား၏ ထိန်းချုပ်မှုကို ဆန့်ကျင်သည့် အနေနှင့် ကာရန်ကို ရှောင်လွဲ၍ ရေးဖွဲ့တတ်ကြသည်။ ကာရန် ဆိုသည်မှာ ပထမ စကားလုံးတွဲ၏ နောက်ဆုံးစာလုံးကို ဒုတိယစာလုံး တခါတရံတွင် တတိယစာလုံး အထိ အသံကိုက်ညီအောင် ရေးဖွဲ့ခြင်း ဖြစ်သည်။
၄-၃-၂ ကာရန် [ပြင်ဆင်ရန်]
ကဗျာဆရာ ဇော်ဂျီ၏ သူ့မှာတမ်း ကဗျာမှ အောက်ပါစာပိုဒ်ကို လေ့လာကြည့်လျှင် ၄-၃-၂ ကာရန် ယူနည်းကို တွေ့နိုင်သည်။ ပထမစကားလုံးတွဲ ၏ ၄ လုံးမြောက် ဆုတ် ၊ ဒုတိယ စကာလုံးတွဲ၏ ၃လုံးမြောက် မြှုပ် နှင့် တတိယ စကားလုံးတွဲ၏ ၂ လုံးမြောက် ငုတ်တို့ကို ကာရန်ကိုက်၍ ရေးဖွဲ့ထားသည်။
သူတို့အဆုတ်
ထားခဲ့မြှုပ်သည့်
ဗုံးငုတ်တိုက်မှား
မောင်ပြောက်ကျားကို
ရွာသားရွာသူ
မေးကြမြူသည်
အူအူယမ်းငွေ့ ထတုန်းတည်း။
၅-၃-၂ ကာရန် [ပြင်ဆင်ရန်]
ရှင်မဟာရဌသာရ၏ ဝဏ္ဏပဘာကို ရည်ညွန်းဖွဲ့ဆိုထားသော ကဗျာမှ အောက်ပါစာပိုဒ်ကို လေ့လာ ကြည့်ပါက ၅-၃-၂ ကာရန် ယူနည်းကို တွေ့နိုင်သည်။
ဝဏ္ဏပဘာ
ကလျာဖူးစသစ်
ပျိုမျစ်မျစ်လျင်
ကျစ်လစ်တင့်စံပယ်
လှမျိုးကြွယ်သား
αJp
| ဤဆောင်းပါးအတိုအား ပိုမိုပြီးပြည့်စုံစေရန် ဆက်လက်ရေးသား ဖြည့်စွက်နိုင်ပါသည်။ သင်က ထပ်မံဖြည့်စွက် ရေးသားပြီး ဝီကီပီးဒီးယားကို ကူညီပေးပါ။ ကျေးဇူးတင်ပါသည်။ |