မော်ထွန်းအောင်

ဝီကီပီးဒီးယား မှ
လဖိုင်

​မော်ထွန်းအောင်
ဒုတိယဝန်ကြီး၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၂၀၂၁ ဇူလိုင် ၂၆
ကိုယ်ရေး အချက်အလက်များ
မွေးဖွား၁၉၈၄ (အသက် ၃၉–၄၀)
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့[၁]
လူမျိုးမြန်မာနိုင်ငံသား
နိုင်ငံရေးပါတီရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်

လဖိုင်မော်ထွန်းအောင်သည် ကချင်လူမျိုး လူမှုရေးတက်ကြွလှုပ်ရှားသူ၊ နိုင်ငံရေးသမား နည်းပညာရှင်တစ်ဦးဖြစ်သည်။[၂] လက်ရှိတွင် အမျိုးသားညီညွတ်ရေးအစိုးရ၏ လျှပ်စစ်နှင့်စွမ်းအင် ဒုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။[၃]

ငယ်ဘဝနှင့် ပညာရေး[ပြင်ဆင်ရန်]

ဖားကန့်ကျောက်တူးသမားမိသားစုတွင် မွေးဖွားသည့် ဦးမော်ထွန်းအောင် အထက်တန်းကျောင်းသားဘဝတွင် စစ်တပ်ပိုင်ကုမ္ပဏီများ လုပ်ကွက်ရရှိစေရန် ပြဋ္ဌာန်းလိုက်သည့် ကျောက်မျက်ဥပဒေကြောင့် ဖခင်ဖြစ်သူ စီးပွားရေးလုပ်ငန်း အရှုံးပေါ်ခဲ့ရသည်။[၄] ထိုဖြစ်ရပ်ကပင် ဦးမော်ထွန်းအောင်ကို သဘာဝသယံဇာတ စီမံခန့်ခွဲရေးနှင့် ပတ်သက်သည့် လူထုဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများတွင် နည်းပညာအထောက်အပံ့ဖြင့် ပံ့ပိုးကူညီရန် အကြောင်းအရင်းတစ်ရပ် ဖြစ်ခဲ့ရသည်။[၅]

ဦးမော်ထွန်းအောင်သည် ရန်ကုန်ကွန်ပျူတာတက္ကသိုလ် မှ နည်းပညာဘွဲ့ရသည်။ ၂၀၁၀ ပြည့်နှစ်တွင် ဟောင်ကောင် သိပ္ပံနှင့်နည်းပညာ တက္ကသိုလ်မှ မူဝါဒနှင့် လူမှုဖွံ့ဖြိုးရေးဆိုင်ရာ မဟာဘွဲ့ရရှိခဲ့သည်။ ကောနဲလ်တက္ကသိုလ်တွင်လည်း လူထုစီမံခန့်ခွဲရေးမဟာပညာကို လေ့လာခဲ့သည်။[၆]

လူမှုရေးလှုပ်ရှားမှုများ[ပြင်ဆင်ရန်]

ဦးမော်ထွန်းအောင်သည် ၂၀၀၄ ခုနှစ်မှစ၍ Myanmar Compassion Project, World Vision Myanmar, the Korea International Cooperation Agency (KOICA) and Spectrum-SDKN စသည့် အစိုးရမဟုတ်သည့် နိုင်ငံတကာ အဖွဲ့အစည်းများတွင် ဝင်ရောက်လုပ်ကိုင်ခဲ့သည်။ နယူးယောက်အခြေစိုက် သဘာဝသယံဇာတ အုပ်ချုပ်မှု အင်စတီကျုတွင် ဒေသဆိုင်ရာ မန်နေဂျာအဖြစ် ငါးနှစ်ခန့် ဆောင်ရွက်ခဲ့သည်။[၇] ၂၀၁၅ ခုနှစ်တွင် ပြည်သူ့မူဝါဒ အကောင်အထည်ဖော်ရေး သုတေသနအဖွဲ့ဖြစ်သည့် Another Development ကို ပူးတွဲတည်ထောင်ပြီး မူဝါဒပိုင်းဆိုင်ရာ အကြံပေးအဖြစ် တာဝန်ယူခဲ့သည်။

နိုင်ငံရေးလှုပ်ရှားမှုများ[ပြင်ဆင်ရန်]

ဦးမော်ထွန်းအောင်သည် ပြည်ထောင်စု ငြိမ်းချမ်းရေး စကားဝိုင်း ပူးတွဲကော်မတီတွင် နိုင်ငံရေးပါတီများအစုအဖွဲ့၏ နည်းပညာပံ့ပိုးသူအဖြစ် ပါဝင်ဆောင်ရွက်ခဲ့သည်။[၄]

၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် မူဆယ်၊ ကွတ်ခိုင်၊ နမ့်ခမ်းမြို့နယ်တို့ပါဝင်သည့် အမျိုးသားလွှတ်တော် ရှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ် (၅) နေရာအတွက် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။[၈][၉] သို့သော် ၂၀၁၅ ခုနှစ်က ပထမတစ်ကြိမ် အနိုင်ရဖူးသည့်[၁၀] တအောင်း (ပလောင်) အမျိုးသားပါတီမှ ဦးအိုက်မွန်းက အနိုင်ရရှိခဲ့သည်။[၁၁]

၂၀၂၁ ခုနှစ် ဇူလိုင်လ ၂၆ ရက်တွင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီက အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးခဲ့သည်။[၁၂]

ကိုးကား[ပြင်ဆင်ရန်]

  1. "‘We all have the same goal’: SNLD candidate Maw Htun Awng talks federalism and the vote"၊ Frontier Myanmar၊ 22 October 2020။ 
  2. "A technocrat’s dreams for Myanmar and its people"၊ The Myanmar Times၊ 15 September 2020။ 11 November 2021 တွင် ပြန်စစ်ပြီး။ Archived from the original on 6 November 2021။ 
  3. "“စစ်ကောင်စီက စစ်သားတွေကို ဘာကြောင့် နုတ်ထွက်ခွင့် မပေးရဲရတာလဲ”ခေါင်းစဉ်ဖြင့် ဆွေးနွေး ပွဲ တိုက်ရိုက်ထုတ်လွှင့်မည်" (in en)၊ DVB Burmese၊ 31 October 2021။ 
  4. ၄.၀ ၄.၁ "အရပ်ဘက်လှုပ်ရှားမှုမှသည် ရွေးကောက်ခံနိုင်ငံရေးဆီ ဦးတည်လာသူများ" (in my)၊ Myanmar NOW 
  5. ပြည်ထောင်စုဒုဝန်ကြီး – လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန။ Ministry of Electricity and Energy။ 4 November 2021 တွင် ပြန်စစ်ပြီး။
  6. "ရှမ်းမြောက်မှာဝင်ပြိုင်မဲ့ ကချင်အမျိုးသား ဦးမော်ထွန်းအောင်နှင့် တွေ့ဆုံခြင်း" (in my)၊ Frontier Myanmar၊ 23 October 2020။ 
  7. "Analysis | In Myanmar, Concerns That China’s Help on COVID-19 Comes With Strings Attached"၊ The Irrawaddy၊ 24 April 2020။ 
  8. "More activists and NGO workers are vying to be MPs - and shunning the NLD in favour of smaller parties" (in en)၊ Myanmar NOW 
  9. "ရှမ်းပြည်နယ်မှ ထင်ရှားကျော်ကြားသည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ မဲရလဒ်" (in en)၊ Mizzima Myanmar News and Insight 
  10. "Shan Party Candidate Alleges Fraud in Myanmar’s General Election"၊ The Irrawaddy၊ 24 December 2020။ 
  11. 2020 General Election Candidates (in en)။ 17 January 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 4 November 2021 တွင် ပြန်စစ်ပြီး။
  12. လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဝန်ကြီးခန့်အပ်တာဝန်ပေးအပ်ခြင်း - CRPH (26 July 2021)။ 25 September 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 4 November 2021 တွင် ပြန်စစ်ပြီး။

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]

ဖေ့စ်ဘွတ်ခ် ပေါ်ရှိ မော်ထွန်းအောင်