မောင့်လပြည့်ဝန်း

ဝီကီပီးဒီးယား မှ

မောင့်လပြည့်ဝန်း သည် မြန်မာပြည်ဂီတလောက၏ ဂန္ထဝင်တေးသီချင်းတစ်ပုဒ်ဖြစ်သည်။ တေးရေးဆရာ ကိုနေဝင်း(မောင့်လပြည့်ဝန်း)ရေးစပ်ထားသော ကိုယ်ပိုင်သံစဉ်သီချင်းဖြစ်ပြီး ရှမ်းအမျိုးသားအဆိုတော် စိုင်းထီးဆိုင်က သီဆိုထားသည်။ ဤသီချင်းသည် စိုင်းထီးဆိုင်၏စိတ္တဇအလွမ်းတေးစု (၁၉၇၇)တွင်ပါဝင်လာကာ ၁၉၇၀ ပြည့်နှစ်၏အကောင်းဆုံးသီချင်း ဟုသတ်မှတ်ထားခြင်းခံရသည်။ မြန်မာပြည်တစ်ခုလုံးကို သိမ်းပိုက်နိုင်ခဲ့သောသီချင်းဖြစ်ပြီး တေးရေးသူသီဆိုသူများအား ဂန္ထဝင် ပုဂ္ဂိုလ်များအဖြစ်သို့တွန်းပို့ခဲ့သည်။ ပြန်လည်သီဆိုသူများစွာ၊ တေးသီချင်း၏ versionပေါင်းများစွာရှိသော်လည်း ၁၉၇၇ တွင်ထုတ်လွှင့်ခဲ့သောversion မှာအကောင်းဆုံးဖြစ်သည်