မုခ်ဝ:ကျန်းမာရေး/မိတ်ဆက်

ဝီကီပီးဒီးယား မှ

ကျန်းမာရေး၏ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို အများက လက်ခံထားကြသည်မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ပဋိဉာဏ်စာတမ်းပါ အတိုင်းပင်ဖြစ်သည်။ ထို အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ ရောဂါဘယ ကင်းရှင်းမှု နှင့် ကျန်းမာရေး ညံ့ဖျင်းမှု မရှိရုံမှသာ မကဘဲ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ လူမှုရေး ဆိုင်ရာ လုံးဝပြည့်စုံနေသော အခြေအနေကို ကျန်းမာခြင်းဟု ခေါ်သည်ဟူ၍ ဖြစ်သည်။ ယခုနှစ်ပိုင်း အတွင်း ဖြည့်စွက်ချက်အရ လူမှုရေးပိုင်းဆိုင်ရာနှင့် စီးပွားရေးပိုင်းဆိုင်ရာတို့တွင် ရလာဒ်ကောင်းများ ထွက်ရှိနေသော ဘဝကို ဖြတ်သန်းနေသူဟူ၍ ထပ်မံ ဖော်ပြထားသည်။