မီကိုရမ် ဂူးရေဗစ်ချ် အမ်အိုင်ဂျီ-၂၅

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
MiG - 25

ရုရှ၏ မစ် - ၂၅ တိုက်လေယာဉ် (နေတိုးအခေါ် - Foxbat) သည် ကြားဖျက်တိုက်ခိုက်ရေး ၊ ကင်းထောက် နှင့် ဗုံးကြဲ ရန်အတွက် အသုံးပြုနိုင်သော ဘက်စုံသုံး တိုက်လေယာဉ် ဖြစ်သည်။ ၁၉၆၄ တွင် ပထမဆုံး ပျံသန်းမှုကို စတင်နိုင်ခဲ့ပြီး ၁၉၇၀ တွင် လေတပ်၌ စတင် တာဝန် ထမ်းဆောင်ခဲ့သည်။ အသံထက် (၃.၂) ဆ ပျံသန်းနိုင်ခြင်း ၊ အဆင့်မီ ရေဒါ တပ်ဆင်ထားခြင်းနှင့် ဝေဟင် - ဝေဟင်ပစ် ဒုံးပျံ လေးလုံး တပ်ဆင်နိုင်ခြင်းတို့ကြောင့် အမေရိကန်တို့၏ F - 15 ကို ယှဉ်နိုင်မည့် လေယာဉ်အဖြစ် သုံးသပ်ကြသည်။ မစ် -၂၅ ၏ စွမ်းဆောင်ရည်များကို အနောက်အုပ်စုက ၁၉၇၆ အထိ မသိရှိကြပဲ ဆိုဗီယက် ပိုင်းလော့ Viktor Belenko က မစ် - ၂၅ တစ်စီးကို ခိုးယူပြီး ဂျပန်တွင် ဆင်းသက်ခဲ့မှသာ ၄င်း၏ စွမ်းရာ်များကို အနောက်အုပ်စုက သိရှိခဲ့ကြသည်။ ယခင် ဆိုဗီယက် ပြည်ထောင်စု၏ အပေါင်းပါ နိုင်ငံများတွင် ယနေ့တိုင် အသုံးပြု နေကြဆဲ ဖြစ်သည်။ အစင်းရေ (၁၁၉၀) ထုတ်လုပ်ခဲ့ကြောင်း သိရသည်။

မာတိကာ

[ပြင်​ဆင်​ရန်​] အချက်အလက်များ

ပုံကြီးချဲ့ရန် ပုံကိုနှိပ်ပါ
  • အထွေထွေ အချက်အလက်များ
    • လေသူရဲ - (၁) ဦး
    • လေယာဉ်အရှည် - (၁၉.၇၅) မီတာ
    • တောင်ပံ အလျား - (၁၄.၀၁) မီတာ
    • လေယာဉ်အမြင့် - (၆.၁) မီတာ
    • တောင်ပံအကျယ် - (၆၁.၄) စတုရန်းမီတာ
    • အင်ဂျင် - Tumansky R-15B-300 afterburning turbojet အင်ဂျင် (၂) လုံး
  • စွမ်းဆောင်ရည်များ
    • အမြင့်ဆုံး အမြန်နှုန်း - အသံထက် (၃.၂) ဆ (တစ်နာရီလျင် ၃၄၉၀ ကီလိုမီတာ)
    • အများဆုံး သွားနိုင်သော အကွာအဝေး - ၁၇၃၀ ကီလိုမီတာ
    • အမြင့်ဆုံး တက်နိုင်သည့် အမြင့် - (၂၀၇၀၀) မီတာ [ ဒုံးကျည် လေးလုံး တပ်ဆင်လျက် ]

[ပြင်​ဆင်​ရန်​] တပ်ဆင်နိုင်သည့် လက်နက်

  • ဝေဟင် - ဝေဟင်ပစ် ရေဒါလမ်းညွှန် AA-6 'Acrid' ဒုံးကျည် (၂) လုံး
  • ဝေဟင် - ဝေဟင်ပစ် အနီအောက် ရောင်ချည်သုံး R-40T ဒုံးကျည် (၂) လုံး

[ပြင်​ဆင်​ရန်​] လေကြောင်းပြစနစ်

  • RP-25 Smerch ရေဒါ
  • A RV-UM or a RV-4 radar altimeter

[ပြင်​ဆင်​ရန်​] အသုံးပြုလျက် ရှိသောနိုင်ငံများ

MiiG-25 2.png MiiG-25 4.jpg

ကိုယ်ပိုင် ကိရိယာများ

အမျိုးမျိုးအပြားပြား
ဆောင်ရွက်ချက်များ
Navigation
လက်စွဲ ကိရိယာများ
တခြား ဘာသာဖြင့်