မာလိုင်းယွန်း

ဝီကီပီးဒီးယား မှ
စင်ကာပူ မာလိုင်းယွန်းရုပ်တု

မာလိုင်းယွန်း(အင်္ဂလိပ်: Merlionမလေး Singa-Lautတရုတ်: 鱼尾狮တမီးလ်: மெர்லயன்) သည် စင်ကာပူနိုင်ငံ၏ အထိမ်းအမှတ်ရုပ် ဖြစ်သည်။ စင်ကာပူမြို့ပြနိုင်ငံကိုလည်းကောင်း၊ စင်ကာပူကိုယ်စားပြု အားကစားအသင်းများကိုလည်းကောင်း ကိုယ်စားပြုတံဆိပ်အဖြစ် အသုံးပြုကြသည်။ ပထမဦးဆုံး မာလိုင်းယွန်းပုံတံဆိပ်ကို စင်ကာပူခရီးသွားလုပ်ငန်းအစည်းအရုံးမှ စတင်အသုံးပြုခဲ့သည်။ .[၁]

မာလိုင်းယွန်း ဆိုသည့်စကားလုံးကို ပင်လယ်ခြင်္သေ့ ဟု အဓိပ္ပာယ်ယူရမည်ဖြစ်ပြီး ပုံသဏ္ဌာန်မှာ ခြင်္သေ့ဦးခေါင်းနှင့် ငါးကြင်းမြီး တွဲထားသကဲ့သို့ ရှိသည်။ ဦးခေါင်းသည် ခြင်္သေ့အတိုင်း သွားစွယ်၊ လည်ဆံမွေး စသည်တို့ ပါဝင်သော်လည်း ကိုယ်ခန္ဓာတွင် ခြေလက် မပါဝင်ပါ။ စင်ကာပူ၏ မူလဘူတမှာ တံငါရွာဖြစ်ခဲ့သည်ကို အမှတ်ရစေသောအားဖြင့် ငါးခန္ဓာကိုယ်အမြီးပိုင်းကို ရုပ်တုတွင် ပါဝင်စေသည်ဟု သိရသည်။ စင်ကာပူ၏ မူလအမည် သီဟပူရ - ခြင်္သေ့မြို့တော် ကို ရည်ညွှန်းသောအားဖြင့် ခြင်္သေ့ခေါင်းပိုင်းကို အသုံးပြုသည်။

မူလနေရာ[ပြင်ဆင်ရန်]

မာလိုင်းယွန်းရုပ်တု ပထမဆုံးရှိရာ နေရာသည် စင်ကာပူမြစ်ဝ၊ ပင်လယ်ဘက်ကို မျက်နှာမူလျက် ဖြစ်သည်။ မာလိုင်းယွန်းပန်းခြံဟောင်း တစ်စိတ်တစ်ပိုင်းနှင့် အန်ဒါဆင်တံတားတို့ နောက်ခံနှင့် ဖြစ်သည်။ ၁၉၇၂ ခုနှစ် စက်တင်ဘာ ၁၅ ရက်နေ့တွင် စင်ကာပူဝန်ကြီးချုပ်လီကွမ်ယု က တရားဝင်နေရာချပေးခဲ့သည်။ [၂]

လက်ရှိနေရာ[ပြင်ဆင်ရန်]

Map

၁၉၉၇ ခုနှစ် အက်စပလန္နိတ်တံတား တည်ဆောက်ပြီးချိန်တွင် မာလိုင်းယွန်းရုပ်တုကို မြင်ကွင်းကွယ်သွားခဲ့သည်။ [၂]ထို့ကြောင့် ရုပ်တုကို ပိုမိုထင်ရှားမြင်သာစေရန် လက်ရှိနေရာ မာရီနာပင်လယ်ကွေ့ သို့ ၂၀၀၂ ခုနှစ်တွင် ရွှေ့ပြောင်းခဲ့ကြသည်။ မာလိုင်းယွန်းရုပ် အငယ်စားလေးတစ်ခုလည်း အနီးတွင်ထားရှိသည်။ အခြားနေရာများစွာသို့ ပြောင်းရန် စဉ်းစားခဲ့ကြသော်လည်း မူလနေရာနှင့် အနီးဆုံးကို ရွေးချယ်ခဲ့ကြသည်။ သက်တော်ရှည်ဝန်ကြီးချုပ်လီကွမ်ယုမှ တစ်ဖန်ပြန်၍ ၂၀၀၂ ခုနှစ် စက်တင်ဘာ ၁၅ ရက်နေ့တွင် နေရာချပွဲ ထပ်မံလုပ်ပေးခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. The Monstrous Merlion: In the Original Sense။ 10 September 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 10 September 2014 တွင် ပြန်စစ်ပြီး။
  2. ၂.၀ ၂.၁ "A new home for the Merlion". URA Skyline (July/August 2000) Archived 18 February 2012 at the Wayback Machine.. p. 6–8

ပြင်ပလင့်များ[ပြင်ဆင်ရန်]