မာလင်း ဒိုင်းထရစ်ချ်

ဝီကီပီးဒီးယား မှ
မာလင်း ဒိုင်းထရစ်ချ်
မာလင်း ဒိုင်းထရစ်ချ် (၁၉၅၁)
မွေးဖွားMarie Magdalene Dietrich
(1901-12-27)၂၇ ဒီဇင်ဘာ၊ ၁၉၀၁
Schöneberg၊ Province of Brandenburg၊ ဂျာမန်အင်ပါယာ
ကွယ်လွန်၆ မေ၊ ၁၉၉၂(1992-05-06) (အသက် ၉၀)
ပါရီမြို့ပြင်သစ်နိုင်ငံ
ထာဝရ နားခိုရာနေရာStädtischer Friedhof III, Berlin-Schöneberg
အလုပ်အကိုင်သရုပ်ဆောင်/အဆိုတော်
တက်ကြွလှုပ်ရှားနှစ်များ၁၉၁၉-၁၉၈၄
အိမ်ထောင်ဖက်(များ)Rudolf Sieber
(လက်ထပ်၊ ၁၉၂၃-၁၉၇၆၊ သူသေဆုံးသည်အထိ)
သားသမီးMaria Riva, မွေးဖွား (1924-12-13) ၁၃ ဒီဇင်ဘာ၊ ၁၉၂၄ (အသက် ၉၉)
ဆွေမျိုးသားချင်းJohn Michael Riva (မြေး)၊ (၁၉၄၈-၂၀၁၂)[၁] Peter Riva (မြေး)
ဝက်ဘ်ဆိုဒ်marlene.com


မာလင်း ဒိုင်းထရစ်ချ် (အင်္ဂလိပ်: Marie Magdalene "Marlene" Dietrich; /mɑːrˈlnəˈdtrɪk/, ဂျာမန် အသံထွက်: [maɐˈleːnə ˈdiːtʁɪç]; ဒီဇင်ဘာ ၂၇ ၁၉၀၁ - မေလ ၆ ရက် ၁၉၉၂) သည် ဂျာမန် အမေရိကန် သရုပ်ဆောင်နှင့် အဆိုတော် တစ်ဦး ဖြစ်သည်။

ဒိုင်းထရစ်ချ်သည် နှစ်ကာလ ရှည်ကြာသော အနုပညာသက်တမ်း တလျှောက်လုံးတွင် သူမဘာသာ အလုပ်အကိုင် အားဖြင့် လည်းကောင်း၊ စရိုက်လက္ခဏာ အားဖြင့် လည်းကောင်း အမြဲတစေ ဆန်းသစ်နေခြင်းကြောင့် ထင်ရှားကျော်ကြားခဲ့သည်။ ဒါရိုက်တာ ဂျိုးဆက် ဗွန် စတန်းဘတ် ရိုက်ကူးသော အပြာရောင် နတ်သမီး (The Blue Angel) ဇာတ်ကားတွင် လိုလာ-လိုလာ အဖြစ် သရုပ်ဆောင်ခဲ့ခြင်းမှ စ၍ နိုင်ငံတကာတွင် အောင်မြင်ကျော်ကြားမှု ရရှိခဲ့ပြီး အမေရိကန် ပါရာမောင့် ရုပ်ရှင် ကုမ္ပဏီ နှင့် စာချုပ်ချုပ်ဆို နိုင်ခဲ့သည် အထိပင် ဖြစ်သည်။ ရှန်ဟိုင်း အိတ်စပရက်စ် ဇာတ်ကား နှင့် သူမ၏ ညှို့ယူနိုင်စွမ်းနှင့် ထူးခြားသော အကြည့်တို့ကို အသားပေး ရိုက်ကူးထားသော ဆန္ဒ (Desire) ဟူသော ဇာတ်ကားတို့မှ တဆင့် အောင်မြင်ကျော်ကြားသော သရုပ်ဆောင် တစ်ဦးဘဝသို့ တွန်းပို့ပေးခဲ့ပြီး ထိုအချိန်ကာလက သရုပ်ဆောင်ကြေး အများဆုံး မင်းသမီး တစ်ဦး အဖြစ် စံချိန် တင်နိုင်ခဲ့သည်။ ဒိုင်းထရစ်ချ်သည် ၁၉၃၉ ခုနှစ်တွင် အမေရိကန် နိုင်ငံသား အဖြစ် ခံယူခဲ့ပြီး ဒုတိယကမ္ဘာစစ် တစ်လျှောက်လုံးတွင် ရှေ့တန်း ဖျော်ဖြေသူ တစ်ဦး ဖြစ်ခဲ့သည်။ စစ်ပြီးခေတ်တွင် ရုပ်ရှင်များကို တစ်ခါတစ်လေ ရိုက်ကူးခဲ့သော်လည်း ၁၉၅၀ ပြည့်နှစ်များမှ ၁၉၇၀ ပြည့်နှစ်များအထိ ကမ္ဘာလှည့်၍ အောင်မြင်သော ဖျော်ဖြေသူ အချိန် ကုန်ခဲ့သည်။

၁၉၉၉ ခုနှစ်တွင် အမေရိကန် ရုပ်ရှင် အင်စတီကျုမှ ဒိုင်းထရစ်ချ်အား အချိန်တိုင်းတွင် နဝမမြောက် အကောင်းဆုံး သရုပ်ဆောင် အဖြစ် သတ်မှတ်ခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. ‘DJANGO UNCHAINED’ PRODUCTION DESIGNER J. MICHAEL RIVA DEAD AT 63။ ScreenCrush.com (8 June 2012)။ 10 June 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 22 August 2015 တွင် ပြန်စစ်ပြီး။

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]