မာတီ အာတစ်ဆရီ

ဝီကီပီးဒီးယား မှ
မာတီ အာတစ်ဆရီ

မာတီ အွိုင်ဗာ ကာလဗ်ဗီ အာတစ်ဆရီ (၁၉၃၇ ဇွန်လ ၂၃ မွေး) သည် ဖင်လန်နိုင်ငံ၏ ဒဿမမြောက် သမ္မတ (၁၉၉၄-၂၀၀၀) ဖြစ်ပြီး ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် တစ်ဦးလည်း ဖြစ်သည်။ ကုလသမဂ္ဂ၏ သံတမန် တစ်ဦးဖြစ်သည့်အပြင် စေ့စပ်ညှိနှိုင်းသူ တစ်ဦးလည်း ဖြစ်ကာ သူ၏ နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့် လုပ်ဆောင်ချက်များကြောင့် ထင်ရှားသည်။

အာတစ်ဆရီသည် ၂၀၀၈ ခုနှစ်တွင် ဆားဘီးယားနိုင်ငံ မှ သီးခြားနိုင်ငံအဖြစ် ခွဲထွက်ကြောင်း ကြေညာခဲ့သည့် ကိုဆိုဗိုနိုင်ငံ၏ ရပ်တည်မှုနှင့် ပတ်သက်သည့်ကိစ္စအတွက် ကုလသမဂ္ဂ၏ အထူးသံတမန် တစ်ဦးအဖြစ် ဆောင်ရွက်ခဲ့ပြီး ကာလရှည်ကြာ မပြီးပြတ်နိုင်သည့် အငြင်းပွားမှုကို ပြေလည်စေရန် ဦးတည်ဆောင်ရွက်ခဲ့သည်။ ၂၀၀၈ ခုနှစ် အောက်တိုဘာလတွင် သူ့အား "ဆယ်စုနှစ် ၃ ခုအတွင်း ကမ္ဘာ့ပေါ်ရှိ တိုက်ကြီး အချို့တွင် ဖြစ်ပွားနေသည့် အပြည်ပြည်ဆိုင်ရာ အငြင်းပွားမှုများကို ပြေလည်စေရန် ဆောင်ရွက်ခဲ့သည့်အတွက်" ငြိမ်းချမ်းရေး နိုဘယ်ဆု အပ်နှင်း ချီးမြှင့်ခံခဲ့ရသည်။ နိုဘယ်ဆုချီးမြှင့်ရေး ကော်မတီမှ ထုတ်ပြန်ကြေညာချက်တွင် အာတစ်ဆရီသည် နမီးဘီးယားနိုင်ငံအင်ဒိုနီးရှားနိုင်ငံကိုဆိုဗိုနိုင်ငံအီရတ်နိုင်ငံ တို့တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကို ဖြေရှင်းရာတွင် အရေးပါသည့် နေရာမှ ပါဝင်ခဲ့ကြောင်း ရေးသားထားသည်။