မယားသေကား အစားရ၏၊ မိဘသေငြား အစားမရ

ဝီကီပီးဒီးယား မှ

မယားသေကား အစားရ၏၊ မိဘသေငြား အစားမရ သည် မြန်မာဆိုရိုးစကား ဖြစ်သည်။[၁]

အနက်အဓိပ္ပာယ်[ပြင်ဆင်ရန်]

မယားသေဆုံးလျှင် ထပ်မံအိမ်ထောင်ပြုခြင်းဖြင့် မယားအစားရနိုင်သော်လည်း မိဘသေဆုံးလျှင်မူ မိဘအစားမရနိုင်ပေ။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ မြန်မာဆိုရိုးစကား (ပထမအကြိမ် ed.)။ မြန်မာစာအဖွဲ့ဦးစီးဌာန။ အောက်တိုဘာ ၁၉၉၆။