မန်းတောင်ရိပ်

ဝီကီပီးဒီးယား မှ

မန်းတောင်ရိပ် ကို အမည်မသိရှေးစာဆို ရေးဖွဲ့ခဲ့သည်။ လေးချိုး ကဗျာအမျိုးအစား ဖြစ်သည်။

မန်းတောင်ရိပ်[ပြင်ဆင်ရန်]

အသက်ကလေးရယ်တဲ့ ရှည်စေလို
မြနန္ဒာ ရေညိုသမ်းတယ်
မန်းတောင်ရိပ်ခို။

ခေါင်းလောင်းသံ ချိုချိုနဲ့
ရွှေပဟိုရ် စည်သံဟိန်း(တယ်)
ဘေးရန်ကငြိမ်း။

ခက်ဆစ်[ပြင်ဆင်ရန်]

၁။ မြနန္ဒာ = ရေကြည်လင်နေသော မဟာနန္ဒာကန်။

၂။ မန်းတောင် = မန္တလေးတောင်။

၃။ ပဟိုရ် = မြန်မာမင်းများလက်ထက်က အချိန်နာရီကို ဖော်ပြရန် တီးခတ်သောစည်။

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာကဗျာလက်ရွေးစင် − သတ္တမတန်း