မန်နာတံတား

ဝီကီပီးဒီးယား မှ
Mannar Bridge
ကိုဩဒိနိတ်8°57′44.90″N 79°55′08.60″E / 8.9624722°N 79.9190556°E / 8.9624722; 79.9190556ကိုဩဒိနိတ်: 8°57′44.90″N 79°55′08.60″E / 8.9624722°N 79.9190556°E / 8.9624722; 79.9190556
သယ်ဆောင်မှုMotor vehicles on the A14 highway and pedestrians
တည်နေရာMannar, Mannar District, Sri Lanka
ပိုင်ဆိုင်သူMinistry of Ports & Highways
ပြုပြင်ထိန်းသိမ်းသူRoad Development Authority
အချက်အလက်များ
စုစုပေါင်းအရှည်၁၅၇ m (၅၁၅ ft)
အကျယ်၁၀.၄ m (၃၄ ft)
သမိုင်းကြောင်း
ကုန်ကျငွေLKR2.46 billion
ဖွင့်ပွဲကျင်းပသည့်နေ့၁၈ မတ် ၂၀၁၀ (၂၀၁၀-၀၃-၁၈)
Mannar Bridge သည် Northern Province တွင် တည်ရှိသည်
Mannar Bridge
Mannar Bridge
Location in Northern Province
Mannar Bridge သည် သီရိလင်္ကာနိုင်ငံ တွင် တည်ရှိသည်
Mannar Bridge
Mannar Bridge
Mannar Bridge (သီရိလင်္ကာနိုင်ငံ)

မန်နာတံတား သည် သီရိလင်္ကာနိုင်ငံ အနောက်မြောင်ပိုင်းတွင် တည်ရှိသည့် တံတားတစ်ခု ဖြစ်သည်။ မန်နာကျွန်းနှင့် ပြည်မကုန်းမြေကို ဆက်သွယ်ပေးထားသည်။ ဤတံတားသည် လူဦးရေသိပ်သည်းသည့် ကျွန်းသို့ဆက်သွယ်ထားသည့် တစ်ခုတည်းသော တံတားဖြစ်သည်။

သမိုင်း[ပြင်ဆင်ရန်]

တံတားသည် သွားလမ်းတစ်ခုသာ ပါဝင်ပြီး ကျဉ်းသည်။ ၁၉၃၀ ခုနှစ်တွင် တည်ဆောက်ခဲ့ကာ မန်နာကျွန်းနှင့် ပြည်မကုန်းမြေကို ဆက်သွယ်ထားသည်။ [၁][၂] Liberation Tigers of Tamil Eelam ၏ ပုန်ကန်မှုများဖြစ်ပေါ်ပြီးနောက်တွင် ဤတံတား၏အစိတ်အပိုင်းများကို ၁၉၉၀ ခုနှစ်တွင် ရပ်ဆိုင်းထားခဲ့သည်။ ယာယီဘေလီတံတားကို တည်ဆောက်ပေးခဲ့ပြီး ထိုဘေလီတံတားသည် ၁၀ တန်အထက် အလေးချိန်ရှိသည့် ယာဉ်များကို ခံနိုင်ဝန် မရှိပေ။ [၁][၂]

၂၀၀၇ တွင် ထိုနေရာတွင် တံတားအသစ်ကို တည်ဆောက်ရန် စီစဉ်ခဲ့ကြသည်။ တံတားသစ် တည်ဆောက်မှုကို ၂၀၀၇ ခုနှစ်တွင် စတင်ခဲ့သည်။ သို့သော် သီရိလင်္ကာပြည်တွင်းစစ်သည် ပြန်လည်ဖြစ်ပွားလာပြန်သဖြင့် ၂၀၀၈ ခုနှစ် ဇန်နဝါရီလတွင် ရပ်ဆိုင်းခဲ့ရသသည်။ ပြည်တွင်းစစ်ပြီးဆုံးနောက်တွင် တည်ဆောက်မှုကို ပြန်လည်စတင်ခဲ့ပြီး ၂၀၁၀ ခုနှစ် မတ်လတွင် ပြီးစီးခဲ့သည်။ တစ်ချိန်တည်းမှာပင် ပင်မလမ်းကို ၁၁ မီတာအကျယ်၊ ၃.၁၄ ကီလိုမီတာအရှည် တိုးချဲ့ခဲ့သည်။ တံတားကို ၂၀၁၀ ခုနှစ် မတ်လ ၁၈ ရက်နေ့တွင် တရားဝင်ဖွင့်လှစ်ခဲ့သည်။[၃]

တံတားရှိ လမ်းကြောင်းနှစ်ခုသည် ၁၅၇ မီတာ (၅၁၅ ပေ) ရှည်ကာ ၁၀.၄ မီတာ (၃၄ ပေ) ကျယ်သည်။[၄] တံတားတည်ဆောက်ကုန်ကျစားရိတ်သည် ရူပီ ၂.၄၆ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂၂ သန်း) ဖြစ်သည်။ ဂျပန်နိုင်ငံအပြည်ပြည်ဆိုင်ရာကော်ပိုရေးရှင်းအေဂျင်စီ JICA က ငွေကြေးထောက်ပံ့ထားသည်။ ဤတံတားသည် A14 Medawachchiya - Talaimannar လမ်းမကြီးပေါ်တွင် တည်ရှိသည်။[၃]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ A Bridge of Hope Spanning Conflict – Sri LankaTopics & EventsJapan International Cooperation Agency (29 March 2010)။ 22 March 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  2. ၂.၀ ၂.၁ "Connecting Points"။ 
  3. ၃.၀ ၃.၁ "Connecting Mannar island with mainland"၊ 19 March 2010။ 29 May 2021 တွင် ပြန်စစ်ပြီး။ Archived from the original on 19 February 2013။ 
  4. Mannar Bridge။ Road Development Authority။ 2011-10-06 တွင် မူရင်းအား မော်ကွန်းတင်ပြီး။