မဉ္ဇူပန်းပင်
Mirabilis jalapa | |
---|---|
မျိုးရိုးခွဲခြားခြင်း | |
လောက: | Plantae |
Clade: | Angiosperms |
Clade: | Eudicots |
မျိုးစဉ်: | Caryophyllales |
မျိုးရင်း: | Nyctaginaceae |
မျိုးဇာတ်: | Nyctagineae |
မျိုးစု: | Mirabilis |
မျိုးစိတ်: | M. jalapa
|
ဒွိနာမ | |
Mirabilis jalapa |
မဉ္စူပန်းသည် ကိုအောက်ပါအတိုင်း သိရှိရသည်။ မဉ္စူပန်းပင်သည်
ပုံသဏ္ဌာန်
[ပြင်ဆင်ရန်]အပင်
[ပြင်ဆင်ရန်]ပင်ပျော့ ပင်ငယ်မျိုး ဖြစ်၏။ ထောင်မတ်၍ ပေါက်ပြီး အမြင့် ၃ ပေထိ ရှိသည်။ ပင်စည် ချောမွတ် ပြီး အကိုင်း ဖြာသည်။ ပင်စည်လုံး အစိမ်းရောင် ရှိသော်လည်း အဆစ်များတွင် အနီရောင် ရှိသည်။ အမြစ်များ ၌ ဥ ရှိ၏။
အရွက်
[ပြင်ဆင်ရန်]ရွက်ဆိုင် ထွက်သည်။ နှလုံးပုံ ရှိ၍ ရွက်ရင်း အဝိုက် ရှိသည်။ အဖျားပိုင်း ချွန်သွယ် သွားသည်။ ရွက်ညှာ ရှည်သည်။ ရွက်ကြော ထင်ရှားသည်။ ရွက်ပြား ချော၍ ရွက်နားညီ သည်။
အပွင့်
[ပြင်ဆင်ရန်]ခရမ်း ၊ အနီ ၊ အဝါ ၊ အဖြူရောင် စပ်များ ရှိ၏။ မိုးရာသီ ၌ ပွင့်၏။ အနံ့သင်း ၏။ ပွင့်ဖတ် ပြွန်ရှည်သည်။
အသီး
[ပြင်ဆင်ရန်]သေးငယ်၍ အမြှောင်းများ ရှိသည်။ အထဲတွင် အစေ့ တစ်စေ့ ပါသည်။ အစေ့ ငရုတ်ကောင်း နှင့် တူ၏။ နုစဉ်တွင် စိမ်း၍ ရင့်သော အခါ မည်းနက် သွား၏။
တွေ့နိုင်သောနေရာများ
[ပြင်ဆင်ရန်]မြန်မာနိုင်ငံအနှံ့အပြားတွင် တွေ့ရသည်။
ပေါက်ရောက်ပုံ
[ပြင်ဆင်ရန်]သဘာဝ အလျောက် ပေါက်ရောက်သည်။
အသုံးဝင်ပုံ
[ပြင်ဆင်ရန်]အာနိသင်
[ပြင်ဆင်ရန်]မြန်မာ ဆေးကျမ်းများ အလိုအရ မဉ္ဇူပန်း ပင်၏ အရွက်သည် ခါး၏ ၊ အဖုအနာ ကို ပျောက်ကင်း စေ၏ ၊ ကာမကို အားပေး၏ ၊ အပူကို နည်းပါး စေသည်။
အသုံးပြုပုံ
[ပြင်ဆင်ရန်]ဥ
[ပြင်ဆင်ရန်]- ဥကို ပန်းသေ ၊ ပန်းညှိုးရောဂါ အတွက် ဆေးဖော်စပ် ရာတွင်လည်း ထည့်သွင်း အသုံးပြု ၏။
- မဉ္ဇူပန်းဥ ၊ ချင်းခြောက် ၊ ငရုတ်ကောင်း ၊ ပိတ်ချင်း သီး တို့ကို အမှုန့် ပြု၍ ပျားရည်နှင့် လျက်သော် ညောင်းကျ ရောဂါ ပျောက်၏။
အရွက်
[ပြင်ဆင်ရန်]- မဉ္ဇူ ရွက်စိမ်း ကြိတ်ရည် ညှစ်ရည်နှင့် လိမ်းပေးသော် အရေ ပြား ပေါ် တွင် ယားဖု ကလေးများ ပေါက်၍ မနေနိုင် အောင် ယားယံခြင်း ပျောက်၏။
- အရိုးကျိုး ခြင်း ၊ အဆစ်လွှဲ ခြင်း ၊ အကြောထုံး ဖွဲ့ခြင်း များအတွက် အရွက်ကို ရေအေးနှင့် ကြိတ်၍ အုံပေး ခြင်းဖြင့် ပျောက်ကင်း စေနိုင်သည်။
ပဉ္စငါးပါး
[ပြင်ဆင်ရန်]- အပင် ၏ ပဉ္စငါးပါးကို သကြားနှင့် သုံးခွက် တစ်ခွက် တင် ကျို သောက်လျှင် ဆီးပူ ၊ ဆီးကိုက် ၊ ဆီးကျင် ၊ ဆီးပိတ် ၊ ဆီးကျောက် တည်သော ရောဂါ ပျောက်၏။ [၁]